YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 4

4
ယဇ်ပလ္လင်၊ ရေကန်နှင့်အင်တုံများ
1ထို့ပြင် အလျား​အတောင်​နှစ်ဆယ်#4:1 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​ဆယ်​တောင်#4:1 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။​ရှိ​သော ကြေးနီ​ယဇ်ပလ္လင်​ကို​လည်း ပြုလုပ်​၏​။
2အချင်း​အတောင်​တစ်ဆယ်​၊ အမြင့်​ငါး​တောင်#4:2 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​၊ လုံးပတ်​အတောင်​သုံးဆယ်#4:2 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။​ရှိ​သော စက်ဝိုင်းပုံ​ကြေးနီ​ရေကန်​ကို​လည်း သွန်းလုပ်​၏​။ 3ရေကန်​အဝ​၏​အောက်နား​တွင် နွားရုပ်​ပုံ#4:3 “သစ်သီးပုံ” (၃ရာ 7:24)။​ကို တစ်တောင်#4:3 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။​လျှင်​ဆယ်​ရုပ်​စီ ပတ်ပတ်လည်​ထွင်းထု​ထား​၏​။ နွားရုပ်​ပုံ​အတန်း​နှစ်​တန်း​ရှိ​ပြီး ရေကန်​နှင့်​တစ်သားတည်း​ဖြစ်​အောင် သွန်းလုပ်​ထား​၏​။ 4ထို​ရေကန်​သည် နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​ပေါ်တွင် တည်​ထား​၏​။ နွားရုပ်​တို့​မှာ မြောက်ဘက်​သို့​သုံး​ကောင်​၊ အနောက်ဘက်​သို့​သုံး​ကောင်​၊ တောင်ဘက်​သို့​သုံး​ကောင်​၊ အရှေ့ဘက်​သို့​သုံး​ကောင် မျက်နှာမူ​ထား​၏​။ နွားရုပ်​တို့​အပေါ်​တွင် ရေကန်​ရှိ​၍ ထို​နွားရုပ်​အားလုံး အတွင်းဘက်​ကို ကျောခိုင်း​ထား​၏​။ 5ရေကန်​၏​ထု​မှာ လက်တစ်ဖဝါးစာ#4:5 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။​ရှိ​၏​။ အနားသား​မှာ ခွက်ဖလား​အနားသား​နှင့်​တူ​ပြီး နှင်းပန်းပုံ​ဖော်ထား​၏​။ ရေ ဗတ်​သုံး​ထောင်#4:5 “66000 လီတာ”။​ဆံ့​၏​။
6ဆေးကြော​ရန်​အတွက် အင်တုံ​ဆယ်​လုံး​ကို​လည်း သွန်းလုပ်​၍ ယာဘက်​ခြမ်း​တွင်​ငါး​လုံး​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​လုံး ထားရှိ​၏​။ မီးရှို့ရာယဇ်​နှင့်ဆိုင်သော​အကောင်​များ​ကို ထို​အင်တုံ​များ​တွင် ဆေးကြော​ရ​၏​။ ယဇ်ပုရောဟိတ်​များ​မူကား ရေကန်​ထဲတွင် ဆေးကြော​သန့်စင်​ရ​၏​။
မီးတိုင်များ၊ စားပွဲများနှင့်ဝင်းခြံ
7ထို့ပြင် စီရင်ထုံးဖွဲ့ချက်​အတိုင်း ရွှေ​ဆီမီးခုံ​ဆယ်​ခု​ကို​လည်း သွန်းလုပ်​၍ ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​ခု​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​ခု ထားရှိ​၏​။ 8စားပွဲ​ဆယ်​လုံး​ကို​လည်း ပြုလုပ်​ပြီး ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​လုံး​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​လုံး နေရာချ​ထား​၏​။ ထို့ပြင် ရွှေ​ဇလုံ​အလုံး​တစ်ရာ​ကို​လည်း ပြုလုပ်​၏​။
9ယဇ်ပုရောဟိတ်​တို့​အတွက် ဝင်းတံတိုင်း​၊ အပြင်​တံတိုင်း​ကြီး​နှင့် ဝင်း​တံခါး​များ​ကို​လည်း ပြုလုပ်​၏​။ တံခါး​များ​ကို ကြေးနီ​ဖြင့်​မွမ်းမံ​ထား​၏​။ 10ရေကန်​ကို အိမ်​တော်​၏​ယာဘက်ခြမ်း အရှေ့​တောင်​ထောင့်​တွင် နေရာချ​ထား​၏​။ 11ထို့ပြင် ဟုရံ​သည် အိုး​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။
ကြေးနီအသုံးအဆောင်
ထိုသို့ ဟုရံ​သည် ရှောလမုန်​မင်းကြီး​အဖို့ ဘုရားသခင်​၏​အိမ်​တော်​၌ လုပ်ဆောင်စရာ​တို့​ကို လုပ်ဆောင်​ပြီးစီး​သွား​၏​။ 12တိုင်​နှစ်​တိုင်​နှင့် ထို​တိုင်​နှစ်​တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​များ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို အလှဆင်​ထား​သော​ရာဇမတ်ကွက်​နှစ်​ခု​၊ 13ထို​ရာဇမတ်ကွက်​နှစ်​ခု​ကို​အလှဆင်​ဖို့ သလဲသီးပုံ​အလုံး​လေး​ရာ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို​အလှဆင်​ဖို့ ရာဇမတ်ကွက်​တစ်ခုစီ​အတွက် သလဲသီးပုံ​အတန်း​နှစ်​တန်း​၊ 14တွန်းလှည်း​များ​နှင့် တွန်းလှည်း​များ​ပေါ်​တင်ထား​ရန် အင်တုံ​များ​၊ 15ရေကန်​တစ်​ကန်​နှင့် ရေကန်​အောက်ခံ​နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​၊ 16အိုး​များ​၊ ဂေါ်ပြား​များ​၊ ခက်ရင်းခွ​များ​ကို​လည်း သွန်းလုပ်​၏​။ ဤသို့ ဟုရံအဘိ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အားလုံး​ကို ပြောင်လက်​နေ​သော​ကြေးနီ​များ​ဖြင့် သွန်းလုပ်​၏​။ 17ရှင်ဘုရင်​သည် ထို​ပစ္စည်း​အားလုံး​ကို သုကုတ်​မြို့​နှင့်​ဇေရဒ#4:17 “ဇာရတန်” (၃ရာ 7:46)။​မြို့​ကြား ဂျော်ဒန်​မြစ်ဝှမ်း​ရှိ ရွှံ့မြေထူထပ်​ရာ​အရပ်​၌ သွန်းလုပ်​၏​။ 18ရှောလမုန်​မင်းကြီး​သည် များပြား​လှ​သော​အသုံးအဆောင်​များ​ကို သွန်းလုပ်​သည်​ဖြစ်၍ ကြေးနီ​အလေးချိန် မည်မျှ​ရှိ​သည်​ကို​ပင် မ​သိ​ရ​ချေ​။
ရွှေထည်အသုံးအဆောင်
19ရှောလမုန်​မင်းကြီး​သည် ဘုရားသခင်​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​၊ 20စီရင်ထုံးဖွဲ့ချက်​အတိုင်း သန့်ရှင်းရာဌာန​တွင်​ထွန်းညှိ​ရန် ရွှေ​စင်​ဆီမီးခုံ​နှင့် မီးခွက်​များ​၊ 21ရွှေ​အတိပြီး​သော ဆီမီးခုံ​ရှိ ပန်းပွင့်​များ​၊ မီးခွက်​များ​၊ မီးငြှိမ်းကိရိယာ​များ​၊ 22မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အိမ်​တော်​တံခါး​၊ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် ဗိမာန်တော်​ပင်မဆောင်​၏​တံခါး​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ