ရာဇဝင်ချုပ်ဒုတိယစောင် 4
4
ယဇ်ပလ္လင်၊ ရေကန်နှင့်အင်တုံများ
1ထို့ပြင် အလျားအတောင်နှစ်ဆယ်#4:1 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်#4:1 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
2အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင်#4:2 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။၊ လုံးပတ်အတောင်သုံးဆယ်#4:2 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။ 3ရေကန်အဝ၏အောက်နားတွင် နွားရုပ်ပုံ#4:3 “သစ်သီးပုံ” (၃ရာ 7:24)။ကို တစ်တောင်#4:3 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။လျှင်ဆယ်ရုပ်စီ ပတ်ပတ်လည်ထွင်းထုထား၏။ နွားရုပ်ပုံအတန်းနှစ်တန်းရှိပြီး ရေကန်နှင့်တစ်သားတည်းဖြစ်အောင် သွန်းလုပ်ထား၏။ 4ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့သုံးကောင်၊ အနောက်ဘက်သို့သုံးကောင်၊ တောင်ဘက်သို့သုံးကောင်၊ အရှေ့ဘက်သို့သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။ 5ရေကန်၏ထုမှာ လက်တစ်ဖဝါးစာ#4:5 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။ရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံဖော်ထား၏။ ရေ ဗတ်သုံးထောင်#4:5 “66000 လီတာ”။ဆံ့၏။
6ဆေးကြောရန်အတွက် အင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး ထားရှိ၏။ မီးရှို့ရာယဇ်နှင့်ဆိုင်သောအကောင်များကို ထိုအင်တုံများတွင် ဆေးကြောရ၏။ ယဇ်ပုရောဟိတ်များမူကား ရေကန်ထဲတွင် ဆေးကြောသန့်စင်ရ၏။
မီးတိုင်များ၊ စားပွဲများနှင့်ဝင်းခြံ
7ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။ 8စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
9ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။ 10ရေကန်ကို အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။ 11ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။
ကြေးနီအသုံးအဆောင်
ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။ 12တိုင်နှစ်တိုင်နှင့် ထိုတိုင်နှစ်တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်များ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ထားသောရာဇမတ်ကွက်နှစ်ခု၊ 13ထိုရာဇမတ်ကွက်နှစ်ခုကိုအလှဆင်ဖို့ သလဲသီးပုံအလုံးလေးရာ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကိုအလှဆင်ဖို့ ရာဇမတ်ကွက်တစ်ခုစီအတွက် သလဲသီးပုံအတန်းနှစ်တန်း၊ 14တွန်းလှည်းများနှင့် တွန်းလှည်းများပေါ်တင်ထားရန် အင်တုံများ၊ 15ရေကန်တစ်ကန်နှင့် ရေကန်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ကောင်၊ 16အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။ 17ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့်ဇေရဒ#4:17 “ဇာရတန်” (၃ရာ 7:46)။မြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့မြေထူထပ်ရာအရပ်၌ သွန်းလုပ်၏။ 18ရှောလမုန်မင်းကြီးသည် များပြားလှသောအသုံးအဆောင်များကို သွန်းလုပ်သည်ဖြစ်၍ ကြေးနီအလေးချိန် မည်မျှရှိသည်ကိုပင် မသိရချေ။
ရွှေထည်အသုံးအဆောင်
19ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊ 20စီရင်ထုံးဖွဲ့ချက်အတိုင်း သန့်ရှင်းရာဌာနတွင်ထွန်းညှိရန် ရွှေစင်ဆီမီးခုံနှင့် မီးခွက်များ၊ 21ရွှေအတိပြီးသော ဆီမီးခုံရှိ ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊ 22မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative