ရာဇဝင်ချုပ်ပထမစောင် 7
7
ဣသခါ၏သားစဉ်မြေးဆက်များ
1ဣသခါ၏သားများမှာ တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ပေါင်းလေးယောက်ရှိ၏။ 2တောလ၏သားများမှာ ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလ တို့ဖြစ်ကြ၏။ သူတို့သည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်သကဲ့သို့ ဆွေစဉ်မျိုးဆက်အလိုက်စစ်သူရဲများလည်း ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးလက်ထက်တွင် စစ်သူရဲအရေအတွက်နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိ၏။ 3ဩဇိ၏သားမှာ ဣဇရဟိ ဖြစ်ပြီး ဣဇရဟိ၏သားများမှာ မိက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှိယ ပေါင်းငါးယောက်ရှိ၏။ သူတို့အားလုံးသည် အကြီးအမှူးများ ဖြစ်ကြ၏။ 4သူတို့သည် မယားများ၊ သားသမီးများ များပြားစွာရှိသဖြင့် သူတို့၏ဆွေစဉ်မျိုးဆက်အလိုက်၊ သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စစ်တိုက်နိုင်သောစစ်သည်ပေါင်း သုံးသောင်းခြောက်ထောင် ရှိ၏။ 5သူတို့၏ညီအစ်ကိုသားချင်းဖြစ်သော ဣသခါမျိုးနွယ်စုအားလုံးတို့သည် စစ်သူရဲများ ဖြစ်ကြပြီး စာရင်းအရ စစ်သူရဲပေါင်းရှစ်သောင်းခုနစ်ထောင် ရှိ၏။
ဗင်္ယာမိန်၏သားစဉ်မြေးဆက်များ
6ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ ယေဒယေလ ပေါင်းသုံးယောက် ရှိ၏။ 7ဗေလ၏သားများမှာ ဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ ပေါင်းငါးယောက်ရှိ၏။ သူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သကဲ့သို့ စစ်သူရဲများလည်း ဖြစ်ကြ၏။ သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းအရ နှစ်သောင်းနှစ်ထောင်သုံးဆယ့်လေးဦး ရှိ၏။ 8ဗေခါ၏သားများမှာ ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက် တို့ဖြစ်ကြ၏။ သူတို့အားလုံးသည် ဗေခါ၏သားများ ဖြစ်ကြ၏။ 9သူတို့သည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်သကဲ့သို့ စစ်သူရဲများလည်း ဖြစ်ကြ၏။ သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းအရ နှစ်သောင်းနှစ်ရာ ရှိ၏။ 10ယေဒယေလ၏သားမှာ ဗိလဟန်၊ ဗိလဟန်၏သားများမှာ ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ၊ ခေနာနာ၊ ဇေသန်၊ တာရှု၊ အဟိရှဟာ တို့ဖြစ်ကြ၏။ 11ယေဒယေလ၏သားအားလုံးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ သူတို့တွင် စစ်ပွဲ၌စစ်မှုထမ်းနိုင်သောစစ်သူရဲပေါင်း တစ်သောင်းခုနစ်ထောင့်နှစ်ရာ ရှိ၏။ 12ဣရ၏သားများမှာ ရှုပိမ်နှင့် ဟုပိမ်၊ အာဟေရ၏သားမှာ ဟုရှိမ် ဖြစ်၏။
နာဿလိ၏သားစဉ်မြေးဆက်များ
13နဿလိ၏သားများမှာ ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှလ္လုံ တို့ဖြစ်ကြ၏။ သူတို့သည် ဗိလဟာနှင့်ရသောသားများ ဖြစ်ကြ၏။
မနာရှေ၏သားစဉ်မြေးဆက်များ
14မနာရှေ၏သားများမှာ မယားငယ်ဆီးရီးယားသူမှမွေးသော အသရေလနှင့် ဂိလဒ်၏ဖခင် မာခိရ တို့ဖြစ်ကြ၏။ 15မာခိရသည် ဟုပိမ်နှင့်ရှုပိမ်တို့၏နှမ မာခါနှင့် စုံဖက်၏။ မာခိရ၏မြစ်မှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၌ သမီးများသာ ရှိ၏။ 16မာခိရ၏မယား မာခါက သားမွေးလာသောအခါ ပေရက် ဟုအမည်ပေး၏။ ပေရက်၏ညီမှာ ရှေရက်၊ ရှေရက်၏သားများမှာ ဥလံနှင့်ရေကင် တို့ဖြစ်ကြ၏။ 17ဥလံ၏သားမှာ ဗေဒန် ဖြစ်၏။ ဤသူတို့ကား မနာရှေ၏မြေး၊ မာခိရ၏သား ဂိလဒ်၏သားမြေးများ ဖြစ်ကြ၏။ 18ဂိလဒ်၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မာလာ တို့ကိုမွေးဖွား၏။ 19ရှမိဒ၏သားများမှာ အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံ တို့ဖြစ်ကြ၏။
ဧဖရိမ်၏သားစဉ်မြေးဆက်များ
20ဧဖရိမ်၏သားမြေးများမှာ ဧဖရိမ်၏သားရှုသေလ၊ ရှုသေလ၏သား ဗေရက်၊ ဗေရက်၏သား တာဟတ်၊ တာဟတ်၏သား ဧလာဒ၊ ဧလာဒ၏သား တာဟတ်၊ 21တာဟတ်၏သား ဇာဗဒ်၊ ဇာဗဒ်၏သား ရှုသေလဖြစ်၏။ ဧဖရိမ်၏သား ဧဇာနှင့်ဧလဒ် တို့မူကား ဂါသပြည်ဖွားလူတို့၏သိုးနွားတို့ကို လုယူသောကြောင့် ထိုသူတို့သည် သူတို့ကို သတ်ဖြတ်လိုက်ကြ၏။ 22ထို့ကြောင့် သူတို့၏ဖခင်ဧဖရိမ်သည် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်း၏။ ထိုအခါ သူ့ညီအစ်ကိုတို့သည် သူ့ကိုလာရောက်နှစ်သိမ့်ပေးကြ၏။ 23ထို့နောက် ဧဖရိမ်သည် မယားထံဝင်သဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွား၏။ မိသားစုဒုက္ခရောက်ချိန်၌ မွေးသောကြောင့် သူ့ကို ဗေရိယ ဟုအမည်ပေး၏။ 24ဧဖရိမ်၏သမီး ရှေရသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့နှင့် ဩဇင်ရှေရမြို့တို့ကို တည်ထောင်ခဲ့သူ ဖြစ်၏။ 25ဧဖရိမ်၏သားမှာ ရေဖ၊ ရေဖ၏သားများမှာ ရေရှပ်နှင့် တေလ၊ တေလ၏သား တာဟန်၊ 26တာဟန်၏သား လာဒန်၊ လာဒန်၏သား အမိဟုဒ်၊ အမိဟုဒ်၏သား ဧလိရှမာ၊ 27ဧလိရှမာ၏သား နုန်၊ နုန်၏သား ယောရှု ဖြစ်၏။ 28ဧဖရိမ်အမျိုးပိုင်ဆိုင်သောမြေနှင့် နေထိုင်ရာအရပ်များမှာ ဗေသလမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အရှေ့ဘက်တွင် နာရန်မြို့၊ အနောက်ဘက်တွင် ဂေဇာမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ရှေခင်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာယမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ 29မနာရှေသားမြေးတို့ပိုင်သော နယ်စပ်တစ်လျှောက်ရှိ ဗက်ရှန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ စသည်တို့ဖြစ်ကြ၏။ ဤမြို့ရွာတို့တွင် အစ္စရေး၏သား၊ ယောသပ်၏သားမြေးများ နေထိုင်ကြ၏။
အာရှာ၏သားစဉ်မြေးဆက်များ
30အာရှာ၏သားများမှာ ဣမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ တို့ဖြစ်ကြ၏။ သူတို့၏နှမမှာ စေရ ဖြစ်၏။ 31ဗေရိယ၏သားများမှာ ဟေဗာ၊ မာလချေလ တို့ဖြစ်ကြ၏။ မာလချေလ၏သားမှာ ဗိရဇာဝိတ် ဖြစ်၏။ 32ဟေဗာ၏သားများမှာ ယာဖလက်၊ ရှောမာ၊ ဟောသံ တို့ဖြစ်ကြ၏။ သူတို့၏နှမမှာ ရှုအာ ဖြစ်၏။ 33ယာဖလက်၏သားများမှာ ပါသက်၊ ဗိမဟာလ၊ အာရှဝတ် တို့ဖြစ်ကြ၏။ ဤသူတို့သည် ယာဖလက်၏သားများ ဖြစ်ကြ၏။ 34ရှမေရ၏သားများမှာ အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံ တို့ဖြစ်ကြ၏။ 35သူ၏ညီ ဖြစ်သောဟေလင်၏သားများမှာ ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလ တို့ဖြစ်ကြ၏။ 36ဇောဖ၏သားများမှာ သုအာ၊ ဟာနေဖာ၊ ရွာလ၊ ဗေရိ၊ ဣမရ၊ 37ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တို့ဖြစ်ကြ၏။ 38ယေသာ၏သားများမှာ ယေဖုန္နာ၊ ပိသပ၊ အာရ တို့ဖြစ်ကြ၏။ 39ဥလ္လ၏သားများမှာ အာရာ၊ ဟံယေလ၊ ရေဇိယ တို့ဖြစ်ကြ၏။ 40ဤသူအားလုံးတို့သည် အာရှာ၏သားမြေးများ ဖြစ်ကြ၏။ သူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ၊ လက်ရွေးစင်စစ်သူရဲများ၊ အုပ်စိုးသူမင်းများ ဖြစ်ကြ၏။ စာရင်းအရ စစ်ပွဲတွင် စစ်တိုက်နိုင်သူအရေအတွက်မှာ စစ်သူရဲနှစ်သောင်းခြောက်ထောင် ရှိ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: