YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 7

7
ဣသခါ၏သားစဉ်မြေးဆက်များ
1ဣသခါ​၏​သား​များ​မှာ တောလ​၊ ဖုဝါ​၊ ယာရှုပ်​၊ ရှိမရုန် ပေါင်း​လေး​ယောက်​ရှိ​၏​။ 2တောလ​၏​သား​များ​မှာ ဩဇိ​၊ ရေဖာယ​၊ ယေရေလ​၊ ယာမဲ​၊ ယိဗသံ​၊ ရှမွေလ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​သကဲ့သို့ ဆွေစဉ်မျိုးဆက်​အလိုက်​စစ်သူရဲ​များ​လည်း ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​လက်ထက်​တွင် စစ်သူရဲ​အရေအတွက်​နှစ်သောင်းနှစ်ထောင်​ခြောက်​ရာ​ရှိ​၏​။ 3ဩဇိ​၏​သား​မှာ ဣဇရဟိ ဖြစ်​ပြီး ဣဇရဟိ​၏​သား​များ​မှာ မိက္ခေလ​၊ ဩဗဒိ​၊ ယောလ​၊ ဣရှိယ ပေါင်း​ငါး​ယောက်​ရှိ​၏​။ သူ​တို့​အားလုံး​သည် အကြီးအမှူး​များ ဖြစ်​ကြ​၏​။ 4သူ​တို့​သည် မယား​များ​၊ သားသမီး​များ များပြား​စွာ​ရှိ​သဖြင့် သူ​တို့​၏​ဆွေစဉ်မျိုးဆက်​အလိုက်​၊ သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စစ်တိုက်​နိုင်​သော​စစ်သည်​ပေါင်း သုံးသောင်း​ခြောက်ထောင် ရှိ​၏​။ 5သူ​တို့​၏​ညီအစ်ကိုသားချင်း​ဖြစ်​သော ဣသခါ​မျိုးနွယ်စု​အားလုံး​တို့​သည် စစ်သူရဲ​များ ဖြစ်​ကြ​ပြီး စာရင်း​အရ စစ်သူရဲ​ပေါင်း​ရှစ်သောင်း​ခုနစ်​ထောင် ရှိ​၏​။
ဗင်္ယာမိန်၏သားစဉ်မြေးဆက်များ
6ဗင်္ယာမိန်​၏​သား​များ​မှာ ဗေလ​၊ ဗေခါ​၊ ယေဒယေလ ပေါင်း​သုံး​ယောက် ရှိ​၏​။ 7ဗေလ​၏​သား​များ​မှာ ဧဇဗုန်​၊ ဩဇိ​၊ ဩဇေလ​၊ ယေရိမုတ်​၊ ဣရိ ပေါင်း​ငါး​ယောက်​ရှိ​၏​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သကဲ့သို့ စစ်သူရဲ​များ​လည်း ဖြစ်​ကြ​၏​။ သူ​တို့​၏​ဆွေစဉ်မျိုးဆက်​စာရင်း​အရ နှစ်သောင်းနှစ်ထောင်​သုံးဆယ့်​လေး​ဦး ရှိ​၏​။ 8ဗေခါ​၏​သား​များ​မှာ ဇေမိရ​၊ ယောရှ​၊ ဧလျေဇာ​၊ ဧလိဩနဲ​၊ ဩမရိ​၊ ယေရမုတ်​၊ အဘိယ​၊ အာနသုတ်​၊ အာလမက် တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ဗေခါ​၏​သား​များ ဖြစ်​ကြ​၏​။ 9သူ​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​သကဲ့သို့ စစ်သူရဲ​များ​လည်း ဖြစ်​ကြ​၏​။ သူ​တို့​၏​ဆွေစဉ်မျိုးဆက်​စာရင်း​အရ နှစ်သောင်း​နှစ်ရာ ရှိ​၏​။ 10ယေဒယေလ​၏​သား​မှာ ဗိလဟန်​၊ ဗိလဟန်​၏​သား​များ​မှာ ယုရှ​၊ ဗင်္ယာမိန်​၊ ဧဟုဒ​၊ ခေနာနာ​၊ ဇေသန်​၊ တာရှု​၊ အဟိရှဟာ တို့​ဖြစ်​ကြ​၏​။ 11ယေဒယေလ​၏​သား​အားလုံး​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ သူ​တို့​တွင် စစ်ပွဲ​၌​စစ်မှုထမ်း​နိုင်​သော​စစ်သူရဲ​ပေါင်း တစ်သောင်းခုနစ်ထောင့်​နှစ်ရာ ရှိ​၏​။ 12ဣရ​၏​သား​များ​မှာ ရှုပိမ်​နှင့် ဟုပိမ်​၊ အာဟေရ​၏​သား​မှာ ဟုရှိမ် ဖြစ်​၏​။
နာဿလိ၏သားစဉ်မြေးဆက်များ
13နဿလိ​၏​သား​များ​မှာ ယာဇေလ​၊ ဂုနိ​၊ ယေဇာ​၊ ရှလ္လုံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဗိလဟာ​နှင့်​ရ​သော​သား​များ ဖြစ်​ကြ​၏​။
မနာရှေ၏သားစဉ်မြေးဆက်များ
14မနာရှေ​၏​သား​များ​မှာ မယားငယ်​ဆီးရီးယား​သူ​မှ​မွေး​သော အသရေလ​နှင့် ဂိလဒ်​၏​ဖခင် မာခိရ တို့​ဖြစ်​ကြ​၏​။ 15မာခိရ​သည် ဟုပိမ်​နှင့်​ရှုပိမ်​တို့​၏​နှမ မာခါ​နှင့် စုံဖက်​၏​။ မာခိရ​၏​မြစ်​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၌ သမီး​များ​သာ ရှိ​၏​။ 16မာခိရ​၏​မယား မာခါ​က သား​မွေး​လာ​သောအခါ ပေရက် ဟု​အမည်ပေး​၏​။ ပေရက်​၏​ညီ​မှာ ရှေရက်​၊ ရှေရက်​၏​သား​များ​မှာ ဥလံ​နှင့်​ရေကင် တို့​ဖြစ်​ကြ​၏​။ 17ဥလံ​၏​သား​မှာ ဗေဒန် ဖြစ်​၏​။ ဤ​သူ​တို့​ကား မနာရှေ​၏​မြေး​၊ မာခိရ​၏​သား ဂိလဒ်​၏​သားမြေး​များ ဖြစ်​ကြ​၏​။ 18ဂိလဒ်​၏​နှမ ဟမ္မောလေကက်​သည် ဣရှောဒ​၊ အဗျေဇာ​၊ မာလာ တို့​ကို​မွေးဖွား​၏​။ 19ရှမိဒ​၏​သား​များ​မှာ အဟိအန်​၊ ရှေခင်​၊ လိကဟိ​၊ အနိအံ တို့​ဖြစ်​ကြ​၏​။
ဧဖရိမ်၏သားစဉ်မြေးဆက်များ
20ဧဖရိမ်​၏​သားမြေး​များ​မှာ ဧဖရိမ်​၏​သား​ရှုသေလ​၊ ရှုသေလ​၏​သား ဗေရက်​၊ ဗေရက်​၏​သား တာဟတ်​၊ တာဟတ်​၏​သား ဧလာဒ​၊ ဧလာဒ​၏​သား တာဟတ်​၊ 21တာဟတ်​၏​သား ဇာဗဒ်​၊ ဇာဗဒ်​၏​သား ရှုသေလ​ဖြစ်​၏​။ ဧဖရိမ်​၏​သား ဧဇာ​နှင့်​ဧလဒ် တို့​မူကား ဂါသ​ပြည်​ဖွား​လူ​တို့​၏​သိုးနွား​တို့​ကို လုယူ​သောကြောင့် ထို​သူ​တို့​သည် သူ​တို့​ကို သတ်ဖြတ်​လိုက်​ကြ​၏​။ 22ထို့ကြောင့် သူ​တို့​၏​ဖခင်​ဧဖရိမ်​သည် ရက်ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​၏​။ ထိုအခါ သူ့​ညီအစ်ကို​တို့​သည် သူ့​ကို​လာရောက်​နှစ်သိမ့်​ပေး​ကြ​၏​။ 23ထို့နောက် ဧဖရိမ်​သည် မယား​ထံ​ဝင်​သဖြင့် မယား​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​၏​။ မိသားစု​ဒုက္ခ​ရောက်​ချိန်​၌ မွေး​သောကြောင့် သူ့​ကို ဗေရိယ ဟု​အမည်ပေး​၏​။ 24ဧဖရိမ်​၏​သမီး ရှေရ​သည် အထက်​ဗေသောရုန်​မြို့​၊ အောက်​ဗေသောရုန်​မြို့​နှင့် ဩဇင်ရှေရ​မြို့​တို့​ကို တည်ထောင်​ခဲ့​သူ ဖြစ်​၏​။ 25ဧဖရိမ်​၏​သား​မှာ ရေဖ​၊ ရေဖ​၏​သား​များ​မှာ ရေရှပ်​နှင့် တေလ​၊ တေလ​၏​သား တာဟန်​၊ 26တာဟန်​၏​သား လာဒန်​၊ လာဒန်​၏​သား အမိဟုဒ်​၊ အမိဟုဒ်​၏​သား ဧလိရှမာ​၊ 27ဧလိရှမာ​၏​သား နုန်​၊ နုန်​၏​သား ယောရှု ဖြစ်​၏​။ 28ဧဖရိမ်​အမျိုး​ပိုင်ဆိုင်​သော​မြေ​နှင့် နေထိုင်​ရာ​အရပ်​များ​မှာ ဗေသလ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အရှေ့ဘက်​တွင် နာရန်​မြို့​၊ အနောက်ဘက်​တွင် ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာယ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ 29မနာရှေ​သားမြေး​တို့​ပိုင်​သော နယ်စပ်​တစ်လျှောက်​ရှိ ဗက်ရှန်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တာနက်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ မေဂိဒ္ဒေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒေါရ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ စသည်​တို့​ဖြစ်​ကြ​၏​။ ဤ​မြို့ရွာ​တို့​တွင် အစ္စရေး​၏​သား​၊ ယောသပ်​၏​သားမြေး​များ နေထိုင်​ကြ​၏​။
အာရှာ၏သားစဉ်မြေးဆက်များ
30အာရှာ​၏​သား​များ​မှာ ဣမန​၊ ဣရွာ​၊ ဣရွှိ​၊ ဗေရိယ တို့​ဖြစ်​ကြ​၏​။ သူ​တို့​၏​နှမ​မှာ စေရ ဖြစ်​၏​။ 31ဗေရိယ​၏​သား​များ​မှာ ဟေဗာ​၊ မာလချေလ တို့​ဖြစ်​ကြ​၏​။ မာလချေလ​၏​သား​မှာ ဗိရဇာဝိတ် ဖြစ်​၏​။ 32ဟေဗာ​၏​သား​များ​မှာ ယာဖလက်​၊ ရှောမာ​၊ ဟောသံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​၏​နှမ​မှာ ရှုအာ ဖြစ်​၏​။ 33ယာဖလက်​၏​သား​များ​မှာ ပါသက်​၊ ဗိမဟာလ​၊ အာရှဝတ် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယာဖလက်​၏​သား​များ ဖြစ်​ကြ​၏​။ 34ရှမေရ​၏​သား​များ​မှာ အာဟိ​၊ ရောဂ​၊ ယေဟုဗ္ဗ​၊ အာရံ တို့​ဖြစ်​ကြ​၏​။ 35သူ​၏​ညီ ဖြစ်​သော​ဟေလင်​၏​သား​များ​မှာ ဇောဖ​၊ ဣမန​၊ ရှေလက်​၊ အာမလ တို့​ဖြစ်​ကြ​၏​။ 36ဇောဖ​၏​သား​များ​မှာ သုအာ​၊ ဟာနေဖာ​၊ ရွာလ​၊ ဗေရိ​၊ ဣမရ​၊ 37ဗေဇာ​၊ ဟောဒ​၊ ရှမ္မ​၊ ရှိလရှ​၊ ဣသရန်​၊ ဗေရ တို့​ဖြစ်​ကြ​၏​။ 38ယေသာ​၏​သား​များ​မှာ ယေဖုန္နာ​၊ ပိသပ​၊ အာရ တို့​ဖြစ်​ကြ​၏​။ 39ဥလ္လ​၏​သား​များ​မှာ အာရာ​၊ ဟံယေလ​၊ ရေဇိယ တို့​ဖြစ်​ကြ​၏​။ 40ဤ​သူ​အားလုံး​တို့​သည် အာရှာ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​၊ လက်ရွေးစင်​စစ်သူရဲ​များ​၊ အုပ်စိုးသူမင်း​များ ဖြစ်​ကြ​၏​။ စာရင်း​အရ စစ်ပွဲ​တွင် စစ်တိုက်​နိုင်​သူ​အရေအတွက်​မှာ စစ်သူရဲ​နှစ်သောင်းခြောက်ထောင် ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ