ရာဇဝင်ချုပ်ပထမစောင် 8
8
ဗင်္ယာမိန်၏သားစဉ်မြေးဆက်
1ဗင်္ယာမိန်၏သားများမှာ သားဦးဗေလ၊ ဒုတိယသားအာရှဗေလ၊ တတိယသားအဟာရာ၊ 2စတုတ္ထသားနောဟ၊ ပဉ္စမသားရာဖ တို့ဖြစ်ကြ၏။
3ဗေလ၏သားများမှာ အာဒါ၊ ဂေရ၊ အဘိဟုဒ်၊
4အဘိရွှ၊ နေမန်၊ အာဟော၊
5ဂေရ၊ ရှေဖုဖန်၊ ဟုရံ တို့ဖြစ်ကြ၏။
6ဧဟုဒ၏သားမြေးများမှာ မနာဟတ်မြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ဂေဗမြို့သားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် 7နေမန်၊ အဟိယ၊ ဂေရ တို့ဖြစ်ကြ၏။ သူတို့ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သားဩဇနှင့်အဟိဟု တို့ကိုရ၏။ 8ရှဟာရိမ်သည် မယား ဟုရှိမ်နှင့်ဗာရာကို နှင်ထုတ်လိုက်၏။ ထို့နောက် သူသည် မောဘပြည်တွင် သားများကိုရ၏။ 9မောဘပြည်တွင် သူ၏မယားဟောဒေရှနှင့် သား ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊ 10ယုဇ၊ ရှာခိ၊ မိရမ တို့ကိုရ၏။ ဤသူတို့သည် ရှဟာနိမ်၏သားများဖြစ်ပြီး ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများလည်း ဖြစ်၏။ 11သူသည် မယားဟုရှိမ်နှင့်လည်း သားအဘိတုပ်နှင့်ဧလပါလ တို့ကိုရခဲ့သေး၏။
12ဧလပါလ၏သားများမှာ ဧဗာ၊ မိရှဟံ၊ ရှာမက် တို့ဖြစ်ကြ၏။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများကို တည်ဆောက်ခဲ့၏။ 13ဗေရိယနှင့် ရှေမာသည် ဂါသမြို့သားတို့ကို နှင်ထုတ်ခဲ့သော အာယလုန်မြို့သားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။
14အဟိဩ၊ ရှာရှက်၊ ယေရမုတ်၊
15ဇေဗဒိ၊ အာရဒ်၊ အာဒါ၊
16မိက္ခေလ၊ ဣရှပ၊ ယောဟ တို့သည် ဗေရိယ၏သားများ ဖြစ်ကြ၏။
17ဇေဗဒိ၊ မေရှုလံ၊ ဟိဇကိ၊ ဟေဗာ၊
18ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ် တို့သည် ဧလပါလ၏သားများ ဖြစ်ကြ၏။
19ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊
20ဧလျေနဲ၊ ဇိလသဲ၊ ဧလျေလ၊
21အဒါယ၊ ဗေရာယ၊ ရှိမရတ် တို့သည် ရှိမိ၏သားများ ဖြစ်ကြ၏။
22ဣရှပန်၊ ဧဗာ၊ ဧလျေလ၊
23အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
24ဟာနနိယ၊ ဧလံ၊ အန္တောသိယ၊
25ဣဖဒိယနှင့် ပေနွေလ တို့သည် ရှာရှက်၏သားများ ဖြစ်ကြ၏။
26ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊
27ယာရရှိ၊ ဧလိယ၊ ဇိခရိ တို့သည် ယေရောဟံ၏သားများ ဖြစ်ကြ၏။ 28ဤသူတို့သည် ဆွေစဉ်မျိုးဆက်အလိုက် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
29ဂိဗောင်၏ဖခင်သည် ဂိဗောင်မြို့တွင် နေထိုင်၏။ မယားအမည်မှာ မာခါ ဖြစ်၏။ 30ဂိဗောင်၏သားများမှာ သားဦးအာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နာဒပ်၊ 31ဂေဒေါ်၊ အဟိဩ၊ ဇေခါ၊ 32မိကလုတ် တို့ဖြစ်ကြ၏။ မိကလုတ်သည် သားရှိမာကိုရ၏။ သူတို့သည် ဂျေရုဆလင်မြို့ရှိသူတို့၏ဆွေမျိုးသားချင်းများနှင့်အတူ ဆွေမျိုးသားချင်းများအနီးအနားတွင် နေထိုင်ကြ၏။
33နေရသည် သားကိရှကိုရ၏။ ကိရှသည် သားရှောလုကိုရ၏။ ရှောလုသည် သားယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလ တို့ကိုရ၏။
34ယောနသန်၏သားမှာ မေရိဗ္ဗာလ၊ မေရိဗ္ဗာလ၏သားမှာ မိက္ခာ၊ 35မိက္ခာ၏သားများမှာ ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် တို့ဖြစ်ကြ၏။
36အာခတ်သည် သားယဟောဒါကိုရ၏။ ယဟောဒါသည် သားအာလမက်၊ အာဇမာဝက်၊ ဇိမရိ တို့ကိုရ၏။ ဇိမရိသည် သားမောဇကိုရ၏။
37မောဇသည် သားဗိနာကိုရ၏။ ဗိနာ၏သားမှာ ရာဖာယ၊ ရာဖာယ၏သားမှာ ဧလာသ၊ ဧလာသ၏သားမှာ အာဇေလ ဖြစ်၏။
38အာဇေလတွင် သားခြောက်ယောက်ရှိ၏။ ထိုသားတို့၏အမည်များမှာ အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန် တို့ဖြစ်ကြ၏။ ဤသူအားလုံးတို့သည် အာဇေလ၏သားများ ဖြစ်ကြ၏။ 39အာဇေလ၏ညီဖြစ်သော ဧရှက်၏သားများမှာ သားဦးဥလံ၊ ဒုတိယသားယုရှ၊ တတိယသားဧလိဖလက် တို့ဖြစ်ကြ၏။ 40ဥလံ၏သားများသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ လေးသည်တော်များ ဖြစ်ကြပြီး သားမြေးများ၍ ပေါင်းတစ်ရာ့ငါးဆယ် ရှိ၏။ ဤသူအားလုံးတို့သည် ဗင်္ယာမိန်၏သားမြေးများ ဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative