YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 6

6
လေဝိလူမျိုးများ
1လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ 2ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ 3အာမရံ​၏​သားသမီး​များ​မှာ အာရုန်​၊ မောရှေ​၊ မိရိအံ တို့​ဖြစ်​ကြ​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။ 4ဧလာဇာ​သည် သား​ဖိနဟတ်​ကို​ရ​၏​။ ဖိနဟတ်​သည် သား​အဘိရွှ​ကို​ရ​၏​။ 5အဘိရွှ​သည် သား​ဗုက္ကိ​ကို​ရ​၏​။ ဗုက္ကိ​သည် သား​ဩဇိ​ကို​ရ​၏​။ 6ဩဇိ​သည် သား​ဇေရဟိ​ကို​ရ​၏​။ ဇေရဟိ​သည် သား​မေရာယုတ်​ကို​ရ​၏​။ 7မေရာယုတ်​သည် သား​အာမရိ​ကို​ရ​၏​။ အာမရိ​သည် သား​အဟိတုပ်​ကို​ရ​၏​။ 8အဟိတုပ်​သည် သား​ဇာဒုတ်​ကို​ရ​၏​။ ဇာဒုတ်​သည် သား​အဟိမတ်​ကို​ရ​၏​။ 9အဟိမတ်​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် သား​ယောဟနန်​ကို​ရ​၏​။ 10ယောဟနန်​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် ဂျေရုဆလင်​မြို့​တွင် ရှောလမုန်​မင်းကြီး​တည်​ထား​ခဲ့​သော​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရ​သူ​ဖြစ်​၏​။ 11အာဇရိ​သည် သား​အာမရိ​ကို​ရ​၏​။ အာမရိ​သည် သား​အဟိတုပ်​ကို​ရ​၏​။ 12အဟိတုပ်​သည် သား​ဇာဒုတ်​ကို​ရ​၏​။ ဇာဒုတ်​သည် သား​ရှလ္လုံ​ကို​ရ​၏​။ 13ရှလ္လုံ​သည် သား​ဟိလခိ​ကို​ရ​၏​။ ဟိလခိ​သည် သား​အာဇရိ​ကို​ရ​၏​။ 14အာဇရိ​သည် သား​စရာယ​ကို​ရ​၏​။ စရာယ​သည် သား​ယောဇဒက်​ကို​ရ​၏​။ 15ထာဝရဘုရား​က နေဗုခဒ်နေဇာ​မင်းကြီး​အားဖြင့် ယုဒ​ပြည်သူ​နှင့်တကွ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို ဖမ်းခေါ်​သွား​သောအခါ ယောဇဒက်​လည်း ပါသွား​၏​။ 16လေဝိ​၏​သား​များ​မှာ ဂေရရှုံ​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ 17ဂေရရှုံ​သား​တို့​၏​အမည်​မှာ လိဗနိ​နှင့် ရှိမိ ဖြစ်​ကြ​၏​။ 18ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ 19မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဘိုးဘေး​မျိုးနွယ်​အလိုက် လေဝိ​အမျိုး​တို့​၏​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။ 20ဂေရရှုံ​၏​သား​မှာ လိဗနိ​၊ လိဗနိ​၏​သား​မှာ ယာဟတ်​၊ ယာဟတ်​၏​သား​မှာ ဇိမ္မ​၊ 21ဇိမ္မ​၏​သား​မှာ ယောအာ​၊ ယောအာ​၏​သား​မှာ ဣဒေါ​၊ ဣဒေါ​၏​သား​မှာ ဇေရ​၊ ဇေရ​၏​သား​မှာ ယာတရဲ တို့​ဖြစ်​ကြ​၏​။ 22ကောဟတ်​၏​သားမြေး​များ​မှာ ကောဟတ်​၏​သား အမိနဒပ်​၊ အမိနဒပ်​၏​သား ကောရ​၊ ကောရ​၏​သား အဿိရ​၊ 23အဿိရ​၏​သား ဧလကာန​၊ ဧလကာန​၏​သား ဧဗျာသပ်​၊ ဧဗျာသပ်​၏​သား အဿိရ​၊ 24အဿိရ​၏​သား တာဟတ်​၊ တာဟတ်​၏​သား ဥရေလ​၊ ဥရေလ​၏​သား ဩဇိ​၊ ဩဇိ​၏​သား ရှောလ တို့​ဖြစ်​ကြ​၏​။ 25ဧလကာန​၏​သား​များ​မှာ အာမသဲ​နှင့် အဟိမုတ် တို့​ဖြစ်​ကြ​၏​။ 26ဧလကာန​၏​သားမြေး​များ​မှာ ဧလကာန​၏​သား ဇောဖဲ​၊ ဇောဖဲ​၏​သား နာဟတ်​၊ 27နာဟတ်​၏​သား ဧလျာဘ​၊ ဧလျာဘ​၏​သား ယေရောဟံ​၊ ယေရောဟံ​၏​သား ဧလကာန တို့​ဖြစ်​ကြ​၏​။ 28ရှမွေလ​၏​သား​များ​မှာ သားဦး​ယောလ​၊ ဒုတိယ​သား အဘိယ တို့​ဖြစ်​ကြ​၏​။ 29မေရာရိ​၏​သားမြေး​များ​မှာ မေရာရိ​၏​သား မဟာလိ​၊ မဟာလိ​၏​သား လိဗနိ​၊ လိဗနိ​၏​သား ရှိမိ​၊ ရှိမိ​၏​သား ဩဇ​၊ 30ဩဇ​၏​သား ရှိမာ​၊ ရှိမာ​၏​သား ဟဂ္ဂိယ​၊ ဟဂ္ဂိယ​၏​သား အသာယ တို့​ဖြစ်​ကြ​၏​။
တေးဂီတပညာရှင်များ
31ဤ​သူ​တို့​သည် သေတ္တာ​တော်​ကို နေရာချ​ထား​ပြီးနောက် ထာဝရဘုရား​၏​အိမ်​တော်​တွင် သီချင်းဆို​သော​အဖွဲ့​အား ဦးဆောင်ညွှန်ကြား​ရန် ဒါဝိဒ်​မင်းကြီး​ခန့်ထား​သော​သူ​များ​ဖြစ်​ကြ​၏​။ 32ဂျေရုဆလင်​မြို့​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို ရှောလမုန်​မင်းကြီး မ​တည်ဆောက်​မီ​အချိန်​ထိ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တွင် သီချင်း​ဖြင့် အမှု​တော်​ကို​ထမ်း​ကြ​၏​။ စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း​လည်း အမှု​တော်​ကို ထမ်း​ရ​ကြ​၏​။ 33ဤသို့ အမှု​တော်​ကို ထမ်းဆောင်​သော​သူ​များ​နှင့် သူ​တို့​၏​သားမြေး​များ​မှာ ဤ​သူ​တို့​ဖြစ်​၏​။ ကောဟတ်​၏​သားမြေး​များ​တွင် ဟေမန်​သည် သီချင်းသည်​ဖြစ်​၏​။ ဟေမန်​သည် ယောလ​၏​သား​၊ ယောလ​သည် ရှမွေလ​၏​သား ဖြစ်​၏​။ 34ရှမွေလ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် ယေရောဟံ​၏​သား​၊ ယေရောဟံ​သည် ဧလျေလ​၏​သား​၊ ဧလျေလ​သည် တောအာ​၏​သား​၊ 35တောအာ​သည် ဇုဖ​၏​သား​၊ ဇုဖ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် မာဟတ်​၏​သား​၊ မာဟတ်​သည် အာမသဲ​၏​သား​၊ 36အာမသဲ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် ယောလ​၏​သား​၊ ယောလ​သည် အာဇရိ​၏​သား​၊ အာဇရိ​သည် ဇေဖနိ​၏​သား​၊ 37ဇေဖနိ​သည် တာဟတ်​၏​သား​၊ တာဟတ်​သည် အဿိရ​၏​သား​၊ အဿိရ​သည် ဧဗျာသပ်​၏​သား​၊ ဧဗျာသပ်​သည် ကောရ​၏​သား​၊ 38ကောရ​သည် ဣဇဟာ​၏​သား​၊ ဣဇဟာ​သည် ကောဟတ်​၏​သား​၊ ကောဟတ်​သည် လေဝိ​၏​သား​၊ လေဝိ​သည် အစ္စရေး​၏​သား ဖြစ်​၏​။ 39ဟေမန်​၏​လက်ယာ​ဘက်​တွင် သူ​၏​ညီအစ်ကိုချင်း​ဖြစ်​သော အာသပ်​သည် နေရာယူ​ရ​၏​။ အာသပ်​သည် ဗေရခိ​၏​သား​၊ ဗေရခိ​သည် ရှိမာ​၏​သား​၊ 40ရှိမာ​သည် မိက္ခေလ​၏​သား​၊ မိက္ခေလ​သည် ဗာသေယ​၏​သား​၊ ဗာသေယ​သည် မာလခိယ​၏​သား​၊ 41မာလခိယ​သည် ဧသနိ​၏​သား​၊ ဧသနိ​သည် ဇေရ​၏​သား​၊ ဇေရ​သည် အဒါယ​၏​သား​၊ 42အဒါယ​သည် ဧသန်​၏​သား​၊ ဧသန်​သည် ဇိမ္မ​၏​သား​၊ ဇိမ္မ​သည် ရှိမိ​၏​သား​၊ 43ရှိမိ​သည် ယာဟတ်​၏​သား​၊ ယာဟတ်​သည် ဂေရရှုံ​၏​သား​၊ ဂေရရှုံ​သည် လေဝိ​၏​သား​ဖြစ်​၏​။ 44သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော မေရာရိ​၏​သားမြေး ဧသန်​သည် ဟေမန်​၏​လက်ဝဲ​ဘက်​တွင် နေရာယူ​ရ​၏​။ ဧသန်​သည် ကိရှိ​၏​သား​၊ ကိရှိ​သည် အာဗဒိ​၏​သား​၊ အာဗဒိ​သည် မလ္လုတ်​၏​သား​၊ 45မလ္လုတ်​သည် ဟာရှဘိ​၏​သား​၊ ဟာရှဘိ​သည် အာမဇိ​၏​သား​၊ အာမဇိ​သည် ဟိလခိ​၏​သား​၊ 46ဟိလခိ​သည် အံဇိ​၏​သား​၊ အံဇိ​သည် ဗာနိ​၏​သား​၊ ဗာနိ​သည် ရှမေရ​၏​သား​၊ 47ရှမေရ​သည် မဟာလိ​၏​သား​၊ မဟာလိ​သည် မုရှိ​၏​သား​၊ မုရှိ​သည် မေရာရိ​၏​သား​၊ မေရာရိ​သည် လေဝိ​၏​သား ဖြစ်​၏​။
အာရုန်၏သားစဉ်မြေးဆက်များ
48ကျန်​လေဝိ​ဆွေမျိုးသားချင်း​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ရှိသမျှ​ကို ထမ်းဆောင်​ရန် ခန့်အပ်​ခံထား​ရ​သူ​များ ဖြစ်​ကြ​၏​။ 49အာရုန်​နှင့်​သူ​၏​သားမြေး​တို့​မူကား ဘုရားသခင်​၏​အစေအပါး​မောရှေ မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​တို့​တွင် မီးရှို့ပူဇော်​ခြင်း​ဖြင့် အသန့်ရှင်းဆုံးဌာန​၏​အမှု​အလုံးစုံ​တို့​ကို ထမ်းဆောင်​ရ​၍ အစ္စရေး​လူမျိုး​တို့​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ဝတ်​ကို​လည်း ပြု​ပေး​ရ​၏​။ 50အာရုန်​၏​သားမြေး​များ​ကား အာရုန်​၏​သား​မှာ ဧလာဇာ​၊ ဧလာဇာ​၏​သား​မှာ ဖိနဟတ်​၊ ဖိနဟတ်​၏​သား​မှာ အဘိရွှ​၊ 51အဘိရွှ​၏​သား​မှာ ဗုက္ကိ​၊ ဗုက္ကိ​၏​သား​မှာ ဩဇိ​၊ ဩဇိ​၏​သား​မှာ ဇေရဟိ​၊ 52ဇေရဟိ​၏​သား​မှာ မေရာယုတ်​၊ မေရာယုတ်​၏​သား​မှာ အာမရိ​၊ အာမရိ​၏​သား​မှာ အဟိတုပ်​၊ 53အဟိတုပ်​၏​သား​မှာ ဇာဒုတ်​၊ ဇာဒုတ်​၏​သား​မှာ အဟိမတ် ဖြစ်​၏​။
လေဝိလူမျိုးတို့နေထိုင်ရာမြို့ရွာများ
54အာရုန်​၏​သားမြေး​များ​ဖြစ်​သော ကောဟတ်​မျိုးနွယ်စု​တို့ မဲကျ​၍​ရ​သော​နယ်မြေ​အတွင်း စခန်းချ​နေထိုင်​ရ​သော​နေရာ​များ​မှာ ဤသို့​ဖြစ်​၏​။ 55သူ​တို့​အား ယုဒ​နယ်မြေ​ရှိ ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေပေး​၏​။ 56ဟေဗြုန်​မြို့​ရှိ လယ်ယာ​များ​၊ ရွာ​များ​ကို​မူ ယေဖုန္နာ​၏​သား​ကာလက်​အား ခွဲဝေပေး​၏​။ 57အာရုန်​၏​သားမြေး​များ​အား ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဟေဗြုန်​မြို့​အပါအဝင် လိဗန​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယတ္တိရ​မြို့​၊ ဧရှတမော​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 58ဟိလိန်​မြို့#6:58 “ဟောလုန်မြို့” (ယောရှု 21:15)။​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒေဗိရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 59အာရှန်​မြို့#6:59 “အဣနမြို့” (ယောရှု 21:16)။​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 60ဗင်္ယာမိန်​အမျိုးအနွယ်​၏​နယ်မြေ​ထဲမှ#6:60 အချို့မူကွဲကျမ်းတွင် ယောရှု 21:17 အရ “ဂိဗောင်မြို့နှင့်ဝန်းကျင်ရှိ စားကျက်မြေများ” ပါ၏။ ဂေဗ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာလမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနသုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စုစုပေါင်း​မြို့​တစ်ဆယ့်​သုံး​မြို့​ကို သူ​တို့​မျိုးနွယ်စု​အတွက် ခွဲဝေ​ပေး​၏​။
61ကောဟတ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ ကြွင်းကျန်​သော​ကောဟတ်​သားမြေး​တို့​အဖို့ မဲချ​ရာ မနာရှေ​အမျိုး​တစ်ဝက်​တို့​ထံမှ မြို့​ဆယ်​မြို့​ကို ရ​ကြ​၏​။ 62ဂေရရှုံ​အမျိုး​၏​မျိုးနွယ်စု​အလိုက် ဂေရရှုံ​သားမြေး​တို့​အဖို့ မဲချ​ရာ ဣသခါ​အမျိုးအနွယ်​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ​မနာရှေ​အမျိုးအနွယ် တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရ​ကြ​၏​။
63မေရာရိ​အမျိုး​၏​မျိုးနွယ်စု​အလိုက် မေရာရိ​သားမြေး​တို့​အဖို့ မဲချ​ရာ ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​နှစ်​မြို့​ကို ရ​ကြ​၏​။ 64ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​ကြ​၏​။ 65ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ် တို့​ထံမှ​လည်း မြို့​များ​ကို နာမည်​နှင့်တကွ သူ​တို့​အား မဲချ​ခွဲဝေ​ပေး​၏​။
66ကောဟတ်​သားမြေး​ထဲမှ အချို့​မျိုးနွယ်စု​တို့​မှာ ဧဖရိမ်​အမျိုးအနွယ်​ပိုင် နယ်မြေ​များ​ထဲမှ မြို့​များ​ကို ရရှိ​ကြ​၏​။ 67သူ​တို့​အား ခွဲဝေ​ပေး​သော​မြို့​များ​မှာ ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဧဖရိမ်​တောင်​ပေါ်ရှိ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 68ယောကမံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 69#6:69 အချို့မူကွဲကျမ်းတွင် ယောရှု 21:23 အရ “ဧလတေကမြို့နှင့်ဝန်းကျင်ရှိ စားကျက်မြေများ၊ ဂိဗ္ဗသုန်မြို့နှင့်ဝန်းကျင်ရှိ စားကျက်မြေများ” ပါ၏။​အာယလုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ ဖြစ်​၏​။ 70ကြွင်းကျန်​သော​ကောဟတ်​သားမြေး​မှ မျိုးနွယ်စု​တို့​အား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ အာနေရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗိလံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။ 71ဂေရရှုံ​သားမြေး​တို့​ကို​မူ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​၏​မျိုးနွယ်စု​ထံမှ ဗာရှန်​ပြည်​ရှိ​ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှတရုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 72ဣသခါ​အမျိုးအနွယ်​ထံမှ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 73ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 74အာရှာ​အမျိုးအနွယ်​ထံမှ မိရှလ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာဗဒုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 75ဟုကုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရဟောဘ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 76နဿလိ​အမျိုးအနွယ်​ထံမှ ဂါလိလဲ​ပြည်​၊ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကိရယသိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​ကြ​၏​။ 77ကြွင်းကျန်​သော​မေရာရိ​သားမြေး​များ​အဖို့ ဇာဗုလုန်​အမျိုးအနွယ်​ထံမှ ရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ တာဗော်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 78ရုဗင်​အမျိုးအနွယ်​ထံမှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက် တောကန္တာရ​ရှိ​ဗေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 79ကေဒမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မေဖတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 80ဂဒ်​အမျိုးအနွယ်​ထံမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 81ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ