ရာဇဝင်ချုပ်ဒုတိယစောင် 16
16
အာသမင်းကြီးက ဆီးရီးယားဘုရင်အား ကမ်းလှမ်းခြင်း
1အာသမင်းကြီးနန်းစံသုံးဆယ့်ခြောက်နှစ်တွင် အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။ 2ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက် 3“သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို ပို့ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။
4ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍ နဿလိနယ်ရှိသိုလှောင်ရာမြို့ရှိသမျှတို့ကို သွားရောက်တိုက်ခိုက်စေ၏။ 5ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့တည်ဆောက်ခြင်းအမှုကိုဆက်မလုပ်တော့ဘဲ ရပ်စဲလိုက်လေ၏။ 6အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ဟာနနိက အာသမင်းကြီးအား အပြစ်တင်ဆုံးမခြင်း
7ထိုအခါ စိတ်အာရုံရသူဟာနနိသည် ယုဒဘုရင်အာသမင်းကြီးထံသွား၍ “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို မကိုးစားဘဲ ဆီးရီးယားဘုရင်ကို ကိုးစားသောကြောင့် ဆီးရီးယားဘုရင်၏စစ်တပ်သည် သင့်လက်မှ လွတ်မြောက်သွားပြီ။ 8အီသီယိုးပီးယားလူမျိုးနှင့် လစ်ဗျားလူမျိုးတို့တွင်လည်း စစ်ရထားနှင့် မြင်းစီးသူရဲမြောက်မြားစွာရှိသောစစ်တပ်ကြီးရှိသည် မဟုတ်လော။ သို့သော် သင်သည် ထာဝရဘုရားကို ကိုးစားသောကြောင့် သူတို့ကို သင့်လက်သို့ အပ်တော်မူခဲ့၏။ 9ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။ 10ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
အာသမင်းကြီးအနိစ္စရောက်ခြင်း
11အာသမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်၊ ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ 12အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။ 13နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၏။ နန်းစံလေးဆယ့်တစ်နှစ်တွင် အနိစ္စရောက်လေ၏။ 14ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 16: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: