ရာဇဝင်ချုပ်ဒုတိယစောင် 17
17
ယုဒဘုရင်ယောရှဖတ်မင်းကြီး
1သူ၏သားတော်ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံပြီး အစ္စရေးလူမျိုးတို့ကို ခုခံတိုက်ခိုက်နိုင်အောင် အားအင်ဖြည့်တင်းထား၏။ 2ယုဒပြည်ရှိ ခံတပ်မြို့အားလုံးတို့တွင် စစ်တပ်များကို ချထား၏။ ယုဒပြည်ရှိမြို့များနှင့် သူ၏ခမည်းတော်အာသမင်းကြီး သိမ်းယူခဲ့သောဧဖရိမ်ပြည်ရှိမြို့များတွင်လည်း မြို့စောင့်တပ်များကို ချထား၏။
3ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊ 4အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။ 5ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။ 6သူ၏စိတ်နှလုံးသည် ထာဝရဘုရား၏တရားလမ်းတို့၌ မွေ့လျော်၏။ ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ဖယ်ရှားပစ်ခဲ့၏။
ယောရှဖတ်မင်းကြီး၏ပညာရေးနှင့်ဆိုင်သောအစီအစဉ်
7ယောရှဖတ်မင်းကြီးနန်းစံသုံးနှစ်တွင် သူသည် အကြီးအကဲများဖြစ်သော ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို ယုဒပြည်အမြို့မြို့သို့စေလွှတ်၍ လူတို့အား သွန်သင်စေ၏။ 8ထိုသူတို့နှင့်အတူ လေဝိအမျိုးသား ရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရာမုတ်၊ ယေဟောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘအဒေါနိယနှင့် ယဇ်ပုရောဟိတ်ဧလိရှမာ၊ ယဟောရံတို့လည်းလိုက်ပါသွားကြ၏။ 9သူတို့သည် ထာဝရဘုရား၏ပညတ်တရားကျမ်းကို ယူဆောင်သွားပြီး ယုဒပြည်တစ်လျှောက် သွန်သင်ပေး၏။ ယုဒမြို့ရွာအားလုံးသို့ လှည့်လည်ပြီး လူတို့အား သွန်သင်ပေး၏။
10ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။ 11ဖိလိတ္တိလူမျိုးတို့သည် ယောရှဖတ်မင်းကြီးအား ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာများ၊ ငွေများကို ဆက်သကြ၏။ အာရပ်လူမျိုးတို့သည်လည်း သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့်ခုနစ်ရာတို့ကို ဆက်သကြ၏။
ယောရှဖတ်မင်းကြီး၏စစ်အင်အား
12ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် အင်အားကြီးသည်ထက်ကြီးလာ၏။ ယုဒပြည်တွင် ခံတပ်များ၊ ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။ 13ယုဒမြို့ရွာတို့တွင် သူ၏လုပ်ငန်း မြောက်မြားစွာရှိ၏။ ဂျေရုဆလင်မြို့တွင်လည်း ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ရှိ၏။ 14ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းဝင်သောသူများကား ယုဒအမျိုးမှ ထောင်တပ်မှူး အာဒနနှင့် စစ်သူရဲအယောက်သုံးသိန်း၊ 15သူ့လက်အောက်တွင် တပ်မှူးကြီးယေဟောဟနန်နှင့် စစ်သည်တော်အယောက်နှစ်သိန်းရှစ်သောင်း၊ 16ယေဟောဟနန်၏လက်အောက်တွင် ထာဝရဘုရားအတွက်စေတနာစိတ်ထက်သန်သူ ဇိခရိ၏သားအာမသိနှင့် စစ်သူရဲအယောက်နှစ်သိန်း၊ 17ဗင်္ယာမိန်အမျိုးမှ စစ်သူရဲဧလျာဒနှင့် လေးနှင့်ဒိုင်းလွှားကိုင်စစ်သည်တော်အယောက်နှစ်သိန်း၊ 18သူ့လက်အောက်တွင် ယဟောဇဗဒ်နှင့် လက်နက်ကိုင်စစ်သည်တော်အယောက်တစ်သိန်းရှစ်သောင်း ရှိ၏။ 19ဤသည်ကား ရှင်ဘုရင်၏အမှုထမ်းများ ဖြစ်ကြ၏။ ထို့ပြင် ယုဒပြည်တစ်ပြည်လုံးရှိ ခံတပ်မြို့များ၌ ရှင်ဘုရင်ချထားသောသူများလည်း ရှိသေး၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: