ရာဇဝင်ချုပ်ဒုတိယစောင် 31
31
ရုပ်တုဖယ်ရှားခြင်း
1ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
လေဝိအမျိုးတို့အတွက်ပေးလှူခြင်း
2ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။ 3ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း နံနက်နှင့်ညနေတို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်နှင့် ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်တို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်များကို ရှင်ဘုရင်သည် မိမိဥစ္စာပစ္စည်းများထဲမှ ခွဲဝေပေး၏။ 4ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားတော်များအတိုင်း ထမ်းဆောင်နိုင်ရန် သူတို့ရထိုက်သောဝေစုကို သူတို့အား ဂျေရုဆလင်မြို့သားတို့ခွဲဝေပေးရန် ရှင်ဘုရင်အမိန့်ထုတ်ပြန်၏။ 5ထိုအမိန့်တော်ကို နေရာအနှံ့ထုတ်ပြန်သည်နှင့် အစ္စရေးအမျိုးသားတို့သည် သီးဦးသီးဖျားကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ ပျားရည်နှင့် လယ်ယာထွက်သီးနှံအားလုံးတို့ကို အမြောက်အမြားယူဆောင်လာပေးကြ၏။ ဥစ္စာရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကိုလည်း အမြောက်အမြား ယူဆောင်လာကြ၏။ 6ယုဒမြို့ရွာတို့တွင်နေထိုင်သော အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည်လည်း သိုးနွားဆိုင်ရာဆယ်ဖို့တစ်ဖို့၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဆက်ကပ်ထားသောသန့်ရှင်းသောအလှူပစ္စည်းဆယ်ဖို့တစ်ဖို့တို့ကို ယူဆောင်လာပြီး အစုလိုက် အစုလိုက် စုပုံထားကြ၏။ 7ထိုသို့ အစုလိုက် စုပုံထားသောအလှူပစ္စည်းများကို တတိယလတွင် စတင်စုသိမ်းရာ သတ္တမလရောက်မှ ပြီးစီးလေ၏။ 8ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့ ရောက်လာ၍ စုပုံထားသောအလှူပစ္စည်းများကိုတွေ့လျှင် ထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကို ချီးမွမ်းထောမနာပြုလေ၏။
9ဟေဇကိမင်းကြီးသည် ထိုစုပုံထားသောအလှူပစ္စည်းများနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်တို့နှင့် လေဝိလူမျိုးတို့ကို မေးမြန်းကြည့်သောအခါ 10ဇာဒုတ်အိမ်ထောင်စုမှ ယဇ်ပုရောဟိတ်မင်းအာဇရိက “ထာဝရဘုရား၏အိမ်တော်သို့ အလှူပစ္စည်းများကို စတင်ယူဆောင်လာကတည်းက အကျွန်ုပ်တို့သည် ဝဝလင်လင်စားရပြီး များစွာပိုလျှံပါ၏။ ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ကောင်းချီးပေးသောကြောင့် ဤသို့များစွာပိုလျှံနေခြင်း ဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
11ထို့နောက် ဟေဇကိမင်းကြီးက ထာဝရဘုရား၏အိမ်တော်၌ သိုလှောင်ခန်းများကို ပြင်ဆင်ထားရန် မိန့်မှာသဖြင့် သူတို့သည်လည်း သိုလှောင်ခန်းများကို အသင့်ပြင်ဆင်ထားကြ၏။ 12လူတို့သည် အလှူပစ္စည်းများ၊ ဆယ်ဖို့တစ်ဖို့များ၊ ဆက်ကပ်လှူဒါန်းသောပစ္စည်းများကို သစ္စာရှိစွာယူဆောင်လာကြ၏။ လေဝိအမျိုးသားကောနနိသည် ထိုအလှူပစ္စည်းတို့ကို ကြီးကြပ်အုပ်ချုပ်ပေးရပြီး သူ့ညီရှိမိသည် သူ၏လက်ထောက် ဖြစ်၏။ 13ဟေဇကိမင်းကြီးနှင့် ဘုရားသခင်၏အိမ်တော်အုပ်အာဇရိတို့သည် ကောနနိနှင့် သူ့ညီရှိမိတို့လက်အောက်တွင် ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗဒ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့ကို ကြီးကြပ်သူများအဖြစ် ခန့်ထား၏။
14လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။ 15သူ့လက်အောက်တွင် ဧဒင်၊ မိညာမိန်၊ ယေရွှာ၊ ရှေမာယ၊ အာမရိ၊ ရှေခနိ တို့ရှိ၏။ သူတို့သည် ယဇ်ပုရောဟိတ်တို့နေသောမြို့ရွာများရှိ မိမိတို့ညီအစ်ကိုတို့ရရှိမည့်ဝေစုကို အဖွဲ့လိုက်ကြီးငယ်မရွေး သစ္စာရှိစွာခွဲဝေပေးရ၏။ 16မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများအပြင် အဖွဲ့အလိုက်တာဝန်ကိုထမ်းဆောင်ရန် ထာဝရဘုရား၏အိမ်တော်ထဲသို့ဝင်ရောက်၍ ညွှန်ကြားထားသောအလုပ်ကို နေ့စဉ်လုပ်ဆောင်သော အသက်သုံးနှစ်#31:16 “အသက်သုံးဆယ်”ဆိုလိုခြင်းလည်းဖြစ်နိုင်သည် (တော 4:3)။နှင့်အထက်ရှိသောယောက်ျားများ၊ 17ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စာရင်းဝင်သောယဇ်ပုရောဟိတ်များနှင့် အဖွဲ့လိုက်တာဝန်ထမ်းဆောင်ရသော အသက်နှစ်ဆယ်နှင့်အထက်လေဝိအမျိုးများ၊ 18မျိုးရိုးစဉ်ဆက်စာရင်းဝင်သောသူတို့၏ကလေးသူငယ်များအားလုံး၊ သူတို့၏မယားများ၊ သားသမီးများစသည့် လူထုတစ်ရပ်လုံးကိုလည်း ခွဲဝေပေးရ၏။ အကြောင်းမှာ သူတို့သည် သစ္စာရှိစွာမိမိကိုယ်ကိုအမြဲသန့်ရှင်းခြင်းဝတ်ပြုသောသူများ ဖြစ်ကြ၏။ 19မြို့ပြတစ်မြို့စီနှင့် ဝန်းကျင်ရှိစားကျက်မြေများတွင် နေထိုင်ကြသော အာရုန်သားမြေးယဇ်ပုရောဟိတ်များထဲမှ နာမည်နှင့်တကွ ခွဲခန့်ထားသော ယောက်ျားတို့သည် ယဇ်ပုရောဟိတ်အမျိုးယောက်ျားသားအားလုံးနှင့် လေဝိအမျိုးစာရင်းဝင်သူအားလုံးတို့ကို ဝေစုခွဲဝေပေးရ၏။
20ဟေဇကိမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် ထိုသို့ပြုပေး၏။ ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ကောင်းမြတ်၍ ဖြောင့်မတ်မှန်ကန်သောအမှုကို ပြု၏။ 21ဟေဇကိမင်းကြီးသည် ဘုရားသခင်၏အိမ်တော်အမှုကို ကြိုးစားဆောင်ရွက်ခဲ့၏။ တရားတော်များ၊ ပညတ်တော်များအားဖြင့် မိမိ၏ဘုရားသခင်ကို ရှာဖွေခဲ့၏။ ဘုရားအမှုကိုဆောင်လေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခဲ့သောကြောင့် အောင်မြင်မှု ရရှိလေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 31: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: