ဓမ္မရာဇဝင်စတုတ္ထစောင် 14
14
ယုဒဘုရင်အာမဇိမင်းကြီး
1ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှ#14:1 သို့မဟုတ် “ယဟောရှ”။မင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။ 2အာမဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။ 3သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့မဟုတ်၊ ခမည်းတော်ယောရှမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။ 4အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် ရှိကြ၏။
5သူသည် မိမိလက်ထက် နိုင်ငံတော်တည်မြဲလာသည့်အခါ ရှင်ဘုရင်ဖြစ်သောမိမိခမည်းတော်ကို လုပ်ကြံခဲ့သော မင်းမှုထမ်းတို့အား ကွပ်မျက်ပစ်လိုက်လေ၏။ 6သို့သော် သူသည် “သားသမီးကြောင့် ဖခင်ကို မသတ်ရ။ ဖခင်ကြောင့် သားသမီးကို မသတ်ရ။ လူတိုင်း ကိုယ့်အပြစ်နှင့်ကိုယ်သာ အသတ်ခံရမည်”ဟု မောရှေပညတ္တိကျမ်းတွင်ရေးသားထားသော ထာဝရဘုရား၏ပညတ်ချက်အတိုင်း ခမည်းတော်အားလုပ်ကြံသောသူတို့၏သားသမီးများကိုမူ မကွပ်မျက်ခဲ့ပေ။
7အာမဇိမင်းကြီးသည် ဧဒုံစစ်သည်အယောက်တစ်သောင်းကို ဆားချိုင့်ဝှမ်းတွင် တိုက်ခိုက်သတ်ဖြတ်ပြီး ထိုစစ်ပွဲတွင် သေလမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုမြို့၏အမည်ကို ယောကသေလမြို့ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှိ၏။ 8ထို့နောက် အာမဇိမင်းကြီးသည် ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင် ယဟောရှမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။
9သို့သော် အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် ယုဒဘုရင်အာမဇိမင်းကြီးအား “လက်ဘနွန်တောရှိဆူးပင်က ထိုလက်ဘနွန်တောရှိသစ်ကတိုးပင်ထံ လူလွှတ်၍ ‘သင့်သမီးကို ငါ့သားနှင့် စုံဖက်စေပါ’ဟု မှာလိုက်၏။ သို့သော် လက်ဘနွန်တောရှိတောရိုင်းတိရစ္ဆာန်တစ်ကောင် ဖြတ်လာပြီး ဆူးပင်ကို နင်းချေသွား၏။ 10သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
11သို့သော် အာမဇိမင်းကြီးသည် နားမထောင်ပေ။ ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးစစ်ချီလာပြီး ယုဒဘုရင်အာမဇိမင်းကြီးကို ယုဒပြည်၊ ဗက်ရှေမက်မြို့တွင် ရင်ဆိုင်တိုက်ခိုက်လေ၏။ 12ယုဒလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သဖြင့် ကိုယ့်တဲများသို့ အသီးသီးပြန်ပြေးကြကုန်၏။ 13ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် အာခဇိမင်းကြီး၏မြေး၊ ယဟောရှ#14:13 “ယောရှ” (၆ရာ 25:23)။မင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိ၏။ ထို့နောက် ဂျေရုဆလင်မြို့သို့သွားပြီးလျှင် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာ#14:13 “7200 လက်မ သို့မဟုတ် 18000 စင်တီမီတာ”။ဖြိုချပစ်ပြီး 14ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်၌ တွေ့သမျှသော ရွှေငွေအားလုံး၊ အသုံးအဆောင်အားလုံးကို သိမ်းယူ၍ ဓားစာခံများကိုလည်း ဖမ်းဆီးပြီး ရှမာရိမြို့သို့ ပြန်သွားလေ၏။
ယဟောရှမင်းကြီးအနိစ္စရောက်ခြင်း
15ကျန်ရှိနေသော ယဟောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#14:15 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 16ယဟောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယေရောဗောင်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အာမဇိမင်းကြီးအနိစ္စရောက်ခြင်း
17ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီးသည် ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရှမင်းကြီး အနိစ္စရောက်ပြီးနောက် တစ်ဆယ့်ငါးနှစ်အသက်ရှင်သေး၏။ 18ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်များကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#14:18 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 19ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။ 20သူ့အလောင်းကို မြင်းဖြင့် ဂျေရုဆလင်မြို့သို့ပြန်သယ်လာပြီး ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်၏မြို့တွင်သင်္ဂြိုဟ်ကြ၏။
21ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိ#14:21 “သြဇိ” (၆ရာ 26:1)။ကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။ 22ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး
23ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှ#14:23 သို့မဟုတ် “ယဟောရှ”။မင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။ 24သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးကိုလမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီး ပြုခဲ့သည့်အပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
25အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ဂိတ္တဟေဖာမြို့နေ အမိတ္တဲ၏သား မိမိအစေအပါးပရောဖက်ယောနအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းကြီးသည် လီဘိုဟာမတ်မြို့မှ အရာဗပင်လယ်တိုင်အောင် အစ္စရေးနယ်နိမိတ်တစ်လျှောက်ကို ပြန်လည်သိမ်းယူခဲ့၏။ 26ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။ 27ထာဝရဘုရားသည် အစ္စရေးလူမျိုး၏အမည်ကို ကောင်းကင်အောက်တွင် ပယ်ဖျက်ပစ်မည်ဟု မိန့်တော်မူခြင်းမရှိသောကြောင့် ယောရှ#14:27 သို့မဟုတ် “ယဟောရှ”။မင်းကြီး၏သားတော် ယေရောဗောင်လက်ဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
28ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒပြည်အပိုင် ဒမတ်စကပ်မြို့နှင့် ဟာမတ်မြို့တို့ကို အစ္စရေးလူမျိုးအဖို့ ပြန်လည်တိုက်ခိုက်သိမ်းယူပေးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#14:28 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 29ယေရောဗောင်မင်းကြီးသည် မိမိ၏ဘိုးဘေးအစ္စရေးဘုရင်များနှင့်အတူ အိပ်ပျော်ပြီးနောက် သူ၏သားတော်ဇာခရိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 14: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: