ဓမ္မရာဇဝင်စတုတ္ထစောင် 15
15
ယုဒဘုရင်အာဇရိမင်းကြီး
1အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ#15:1 သို့မဟုတ် “သြဇိ”။ နန်းတက်၏။ 2အာဇရိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။ 3အာဇရိ#15:3 သို့မဟုတ် “ဩဇိ”။မင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ 4သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက် ရှိကြ၏။
5ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
6ကျန်ရှိနေသော အာဇရိ#15:6 “သြဇိ” (၆ရာ 26:22)။မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#15:6 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 7အာဇရိ#15:7 “သြဇိ” (၆ရာ 26:23)။မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးဘုရင်ဇာခရိမင်းကြီး
8ယုဒဘုရင်အာဇရိ#15:8 သို့မဟုတ် “သြဇိ”။မင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။ 9ဇာခရိမင်းကြီးသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
10ယာဗက်၏သားရှလ္လုံသည် ဇာခရိမင်းကြီးအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လူအများရှေ့တွင်ပင် ကွပ်မျက်၍ မင်းအရိုက်အရာကို ဆက်ခံလေ၏။ 11ကျန်ရှိနေသော ဇာခရိမင်းကြီးလက်ထက် အဖြစ်အပျက်များကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ 12ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။
အစ္စရေးဘုရင်ရှလ္လုံမင်းကြီး
13ယုဒဘုရင်ဩဇိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ယာဗက်၏သားရှလ္လုံ နန်းတက်ပြီး ရှမာရိမြို့တွင် တစ်လစိုးစံ၏။ 14ဂါဒိ၏သားမေနဟင်သည် တိရဇာမြို့မှရှမာရိမြို့သို့ချီသွား၍ ယာဗက်၏သားရှလ္လုံမင်းကြီးကို ရှမာရိမြို့တွင်ပင် လုပ်ကြံသတ်ဖြတ်ပြီးလျှင် သူ့အရိုက်အရာကို ဆက်ခံလေ၏။ 15ကျန်ရှိနေသော ရှလ္လုံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ရှင်ဘုရင်ကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ခဲ့ပုံများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အစ္စရေးဘုရင်မေနဟင်မင်းကြီး
16တိဖသမြို့တံခါးကို မဖွင့်ပေးသောကြောင့် မေနဟင်မင်းကြီးသည် တိဖသမြို့နှင့်မြို့သူမြို့သားများသာမက တိရဇာမြို့မှစ၍ တိဖသမြို့နယ်နိမိတ်အထိ တိုက်ခိုက်ဖျက်ဆီးလေ၏။ ကိုယ်ဝန်ဆောင်အားလုံး၏ဗိုက်ကို ခွဲဖောက်ပစ်၏။
17ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ဂါဒိ၏သားမေနဟင်သည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် ဆယ်နှစ်စိုးစံ၏။ 18သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသောအပြစ်များကို တစ်သက်လုံးမလွှဲမရှောင်ခဲ့ပေ။
19အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်#15:19 “22000 ပိဿာ သို့မဟုတ် 34000 ကီလိုဂရမ်”။ကို ဆက်သလိုက်၏။ 20ထိုသို့ အဆီးရီးယားဘုရင်အား ဆက်သနိုင်ရန် မေနဟင်မင်းကြီးသည် အစ္စရေးပြည်ရှိသူဌေးအားလုံးတို့ထံမှ တစ်ဦးလျှင် ငွေရှယ်ကယ်ငါးဆယ်#15:20 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။ကို ကောက်ခံခဲ့၏။ ဤသို့ဖြင့် အဆီးရီးယားဘုရင်သည် ထိုပြည်တွင် ဆက်မနေဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့၏။
21ကျန်ရှိနေသော မေနဟင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#15:21 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 22မေနဟင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ပေကဟိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးဘုရင်ပေကဟိမင်းကြီး
23ယုဒဘုရင်အာဇရိ#15:23 သို့မဟုတ် “သြဇိ”။မင်းကြီး နန်းစံအနှစ်ငါးဆယ်တွင် မေနဟင်မင်းကြီး၏သားတော်ပေကဟိသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် နှစ်နှစ်စိုးစံ၏။ 24သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
25ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
26ကျန်ရှိနေသော ပေကဟိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အစ္စရေးဘုရင်ပေကာမင်းကြီး
27ယုဒဘုရင်အာဇရိ#15:27 သို့မဟုတ် “သြဇိ”။မင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။ 28သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
29အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
30ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
31ကျန်ရှိနေသော ပေကာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယုဒဘုရင်ယောသံမင်းကြီး
32ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။ 33ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။ 34ယောသံမင်းကြီးသည် ခမည်းတော်ဩဇိမင်းကြီး ပြုကျင့်သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ 35သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။ 36ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#15:36 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 37ထိုအချိန်တွင် ထာဝရဘုရားသည် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားပေကာမင်းကြီးတို့ကိုလွှတ်၍ ယုဒပြည်ကို စတင်တိုက်ခိုက်စေ၏။ 38ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: