ဓမ္မရာဇဝင်စတုတ္ထစောင် 16
16
ယုဒဘုရင်အာခတ်မင်းကြီး
1ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။ 2အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ 3အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။ 4ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
5ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ အာခတ်မင်းကြီးကို ဝိုင်းရံထားသော်လည်း သူ့ကို မအောင်နိုင်ခဲ့ပေ။ 6ထိုစဉ်က ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးသည် ဆီးရီးယားပြည်အတွက် ဧလတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ဧလတ်မြို့တွင်နေထိုင်သောယုဒလူမျိုးတို့ကို နှင်ထုတ်၏။ ထို့နောက် ဧဒုံလူမျိုးတို့သည် ထိုမြို့တွင်ဝင်ရောက်နေထိုင်ကြသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
7ထိုအခါ အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်သည် အရှင့်အစေအပါး၊ အရှင့်သား ဖြစ်ပါ၏။ အကျွန်ုပ်ကိုလာတိုက်သော ဆီးရီးယားဘုရင်နှင့် အစ္စရေးဘုရင်တို့လက်မှ အကျွန်ုပ်ကို လာ၍ကယ်တင်တော်မူပါ”ဟု မှာလိုက်၏။ 8ထို့ပြင် အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာရှိ တွေ့သမျှရွှေငွေတို့ကိုလည်း ယူ၍ အဆီးရီးယားဘုရင်အား တံစိုးလက်ဆောင်ဆက်သလိုက်၏။ 9အဆီးရီးယားဘုရင်သည် အာခတ်မင်းကြီး၏စကားကို နားထောင်၍ ဒမတ်စကပ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတို့ကို ကိရမြို့သို့ဖမ်းခေါ်သွား၏။ ရေဇိန်မင်းကြီးကိုလည်း ကွပ်မျက်လိုက်၏။
အာခတ်မင်းကြီးရုပ်တုကိုးကွယ်ခြင်း
10ထို့နောက်တွင် အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးနှင့်တွေ့ဆုံရန် ဒမတ်စကပ်မြို့သို့ သွား၏။ အာခတ်မင်းကြီးသည် ဒမတ်စကပ်မြို့ရှိယဇ်ပလ္လင်ကို တွေ့လျှင် ထိုယဇ်ပလ္လင်၏ပုံစံ၊ တည်ဆောက်ပုံအဆင့်ဆင့်တို့ကို ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးပို့လိုက်၏။ 11ယဇ်ပုရောဟိတ်ဥရိယသည်လည်း ဒမတ်စကပ်မြို့မှ အာခတ်မင်းကြီးပေးပို့လိုက်သည့်ယဇ်ပလ္လင်ပုံစံအတိုင်း တည်ဆောက်ရာ အာခတ်မင်းကြီး ဒမတ်စကပ်မြို့မှပြန်မရောက်မီ ယဇ်ပုရောဟိတ်ဥရိယသည် ယဇ်ပလ္လင်ကိုတည်ဆောက်ပြီး ဖြစ်၏။ 12ဒမတ်စကပ်မြို့မှရှင်ဘုရင်ပြန်ရောက်လာ၍ ရှင်ဘုရင်သည် ယဇ်ပလ္လင်ကိုမြင်လျှင် ထိုယဇ်ပလ္လင်နားသို့လာ၍ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး 13မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်း၍ ယဇ်ပလ္လင်ကို မိတ်သဟာယယဇ်အသွေးဖြင့် ဖျန်းလေ၏။ 14ရှင်ဘုရင်သည် အိမ်တော်အရှေ့ရှိ ထိုယဇ်ပလ္လင်နှင့် ထာဝရဘုရား၏အိမ်တော်ကြားတွင်ရှိသော ထာဝရဘုရားရှေ့တော်မှကြေးနီယဇ်ပလ္လင်ကို ယူဆောင်သွားပြီး ထိုယဇ်ပလ္လင်၏မြောက်ဘက်တွင် ထားလိုက်၏။
15အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။ 16ယဇ်ပုရောဟိတ်ဥရိယသည်လည်း အာခတ်မင်းကြီးမိန့်မှာသမျှအတိုင်း ပြုလေ၏။
17ထို့ပြင် အာခတ်မင်းကြီးသည် တွန်းလှည်း၏ဘောင်များကို အပိုင်းပိုင်းဖြတ်ပစ်ပြီး အင်တုံများကိုလည်း တွန်းလှည်းမှ ဖယ်ရှားပစ်၏။ ရေကန်ကိုလည်း ရေကန်အောက်ရှိကြေးနီနွားရုပ်များပေါ်မှ ကျောက်ခင်းပေါ်သို့ ချထား၏။ 18ထာဝရဘုရား၏အိမ်တော်၌ ဆောက်လုပ်ထားသော ဥပုသ်ဇရပ်နှင့် ထာဝရဘုရား၏အိမ်တော်သို့ ရှင်ဘုရင်ဝင်ရာ အပြင်လမ်းတို့ကိုလည်း အဆီးရီးယားဘုရင်ကြောင့် ပိတ်ပစ်လိုက်၏။
အာခတ်မင်းကြီးအနိစ္စရောက်ခြင်း
19ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#16:19 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 20အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူဒါဝိဒ်မြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 16: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: