YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 2:12-16

ဒေသနာကျမ်း 2:12-16 MSBU

ရှင်ဘုရင်​နောက်မှ​ပေါ်ထွန်း​လာ​သော​သူ​သည် မည်သည့်​အရာ​ကို​ပြု​နိုင်​သနည်း​။ ထို​ရှင်ဘုရင်​ပြု​ပြီး​သော​အရာ​ကို​သာ​ပြု​နိုင်​၏​။ ထို့ကြောင့် ငါ​သည် ဉာဏ်ပညာ​ကို​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို​လည်းကောင်း ပြန်​၍​ဆန်းစစ်​ကြည့်​၏​။ ထိုအခါ အလင်း​သည် အမှောင်​ထက် ပို၍​အကျိုး​ရှိ​သကဲ့သို့ ဉာဏ်ပညာ​သည် မိုက်မဲ​ခြင်း​ထက် ပို၍​အကျိုး​ရှိ​သည်​ကို ငါ​တွေ့မြင်​၏​။ ပညာရှိ​သော​သူ​၏​မျက်စိ​သည် သူ​၏​ဦးခေါင်း​ထဲ၌​ရှိ​၏​။ မိုက်မဲ​သော​သူ​မူကား အမှောင်​ထဲ၌​လျှောက်လှမ်း​တတ်​၏​။ သို့ရာတွင် တစ်ခုတည်း​သော​အဖြစ်​သည် သူ​တို့​အားလုံး​၌​ဖြစ်ပျက်​သည်​ကို ငါ​သိ​၏​။ ထိုအခါ ငါ​က “​မိုက်မဲ​သော​သူ​၌​ဖြစ်ပျက်​သော​အဖြစ်မျိုး​သည် ငါ​၌​လည်း​ဖြစ်ပျက်​လိမ့်မည်​။ သို့ဖြစ်လျှင် ငါ​ဉာဏ်ပညာရှိ​ခြင်း​သည် ငါ့​အတွက် မည်သို့​အကျိုးထူး​သနည်း​”​ဟု ငါ့​စိတ်​ထဲ၌​မြွက်ဆို​၏​။ တစ်ဖန် “​ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​”​ဟု ငါ့​စိတ်​ထဲ၌ ပြောဆို​၏​။ အမှန်စင်စစ် မိုက်မဲ​သော​သူ​ကဲ့သို့ပင် ပညာရှိ​သော​သူ​သည်​လည်း အစဉ်အမြဲ​အောက်မေ့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ နောင်လာမည့်​နေ့ရက်​များ​တွင် အားလုံး​သည် မေ့လျော့​ခြင်း​ခံရ​လိမ့်မည်​။ ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​နည်းတူ သေ​တတ်​ပါ​သည်​တကား​။