YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 2:12-16

ဒေသနာ 2:12-16 Judson Bible (JBMLE)

တစ်​ဖန်​ငါ​လှည့်၍ ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တ​ရား​တို့​ကို​လည်း​ကောင်း ဆင်​ခြင်၏။ ရှင်​ဘု​ရင်​နောက်​မှာ​ဖြစ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ပြု​ဖူး​သည်​အ​တိုင်း​သာ ပြု​နိုင်၏။ သို့​ရာ​တွင်၊ အ​လင်း​သည် မှောင်​မိုက်​ထက်​မြတ်​သ​ကဲ့​သို့၊ ပ​ညာ​သည် မိုက်​မဲ​ခြင်း​ထက် မြတ်​သည်​ကို ငါ​သိ​မြင်၏။ ပ​ညာ​ရှိ​သော​သူ၏​မျက်​စိ​တို့​သည် သူ၏​ဦး​ခေါင်း၌ ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ မှောင်​မိုက်၌ ကျင်​လည်​တတ်၏။ သို့​သော်​လည်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်​သည်​ကို ငါ​ရိပ်​မိ၏။ သို့​ဖြစ်၍၊ မိုက်​သော​သူ​တွေ့​ကြုံ​သ​ကဲ့​သို့၊ ငါ​သည်​တွေ့​ကြုံ​လျှင်၊ အ​ဘယ်​ကြောင့် သူ့​ထက်​သာ၍ ပ​ညာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟူ​လည်း​ကောင်း ငါ​အောက်​မေ့၏။ ယ​ခု​ဖြစ်​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို နောင်​ကာ​လ၌ မေ့​လျော့​လိမ့်​မည်​ဖြစ်၍၊ မိုက်​သော​သူ​သည် အ​စဉ်​မ​အောက်​မေ့​သ​ကဲ့​သို့၊ ပ​ညာ​ရှိ​သော​သူ​ကို​လည်း အ​စဉ်​မ​အောက်​မေ့​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​သေ​သ​ကဲ့​သို့ သေ​တတ်​ပါ​သည်​တ​ကား။

ဒေသနာ 2:12-16 Common Language Bible (BCL)

တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။ သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။ ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။ သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။ ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။

ဒေသနာ 2:12-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှင်ဘုရင်​နောက်မှ​ပေါ်ထွန်း​လာ​သော​သူ​သည် မည်သည့်​အရာ​ကို​ပြု​နိုင်​သနည်း​။ ထို​ရှင်ဘုရင်​ပြု​ပြီး​သော​အရာ​ကို​သာ​ပြု​နိုင်​၏​။ ထို့ကြောင့် ငါ​သည် ဉာဏ်ပညာ​ကို​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို​လည်းကောင်း ပြန်​၍​ဆန်းစစ်​ကြည့်​၏​။ ထိုအခါ အလင်း​သည် အမှောင်​ထက် ပို၍​အကျိုး​ရှိ​သကဲ့သို့ ဉာဏ်ပညာ​သည် မိုက်မဲ​ခြင်း​ထက် ပို၍​အကျိုး​ရှိ​သည်​ကို ငါ​တွေ့မြင်​၏​။ ပညာရှိ​သော​သူ​၏​မျက်စိ​သည် သူ​၏​ဦးခေါင်း​ထဲ၌​ရှိ​၏​။ မိုက်မဲ​သော​သူ​မူကား အမှောင်​ထဲ၌​လျှောက်လှမ်း​တတ်​၏​။ သို့ရာတွင် တစ်ခုတည်း​သော​အဖြစ်​သည် သူ​တို့​အားလုံး​၌​ဖြစ်ပျက်​သည်​ကို ငါ​သိ​၏​။ ထိုအခါ ငါ​က “​မိုက်မဲ​သော​သူ​၌​ဖြစ်ပျက်​သော​အဖြစ်မျိုး​သည် ငါ​၌​လည်း​ဖြစ်ပျက်​လိမ့်မည်​။ သို့ဖြစ်လျှင် ငါ​ဉာဏ်ပညာရှိ​ခြင်း​သည် ငါ့​အတွက် မည်သို့​အကျိုးထူး​သနည်း​”​ဟု ငါ့​စိတ်​ထဲ၌​မြွက်ဆို​၏​။ တစ်ဖန် “​ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​”​ဟု ငါ့​စိတ်​ထဲ၌ ပြောဆို​၏​။ အမှန်စင်စစ် မိုက်မဲ​သော​သူ​ကဲ့သို့ပင် ပညာရှိ​သော​သူ​သည်​လည်း အစဉ်အမြဲ​အောက်မေ့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ နောင်လာမည့်​နေ့ရက်​များ​တွင် အားလုံး​သည် မေ့လျော့​ခြင်း​ခံရ​လိမ့်မည်​။ ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​နည်းတူ သေ​တတ်​ပါ​သည်​တကား​။