ထွက်မြောက်ရာကျမ်း 13
13
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။#ထွ 13:12,15၊ လု 2:23။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
3ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။ 4အဗိဗလ၊ ဤနေ့ရက်၌ သင်တို့ထွက်လာကြ၏။ 5ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။ 6ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ သတ္တမနေ့၌ ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ 7ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားရမည်။ သင်တို့၌ တဆေးပါသောမုန့်ကိုမတွေ့ရစေနှင့်။ သင်တို့၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကိုလည်း မတွေ့ရစေနှင့်။ 8သင်တို့သည် ထိုနေ့၌ သင်တို့၏သားမြေးများအား ‘အီဂျစ်ပြည်မှ ငါတို့ထွက်လာသောအခါ ငါတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သောအမှုကြောင့် ဤသို့ပြုခြင်းဖြစ်၏’ဟူ၍ ကြားပြောရမည်။ 9ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌#13:9 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်ရစရာအဖြစ် ရှိရမည်။ 10သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဤပြဋ္ဌာန်းချက်ကို သတ်မှတ်ထားသောအချိန်၌ သင်တို့စောင့်ထိန်းရမည်။
11ထာဝရဘုရားသည် သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင်တို့ကို ခါနာန်လူမျိုးတို့၏ပြည်သို့ ပို့ဆောင်၍ ထိုပြည်ကို သင်တို့အားပေးတော်မူသောအခါ 12သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။#ထွ 13:2,15၊ လု 2:23။ 13မြည်းမှအဦးဆုံးပေါက်သောအကောင်ရှိသမျှကို သိုးသငယ်ဖြင့်ရွေးရမည်။ အကယ်၍ မရွေးလိုလျှင် မြည်းသားပေါက်၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားများထဲမှ သားဦးတိုင်းကိုပြန်ရွေးရမည်။
14နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ 15ဖာရောမင်းကြီးသည် ငါတို့ကို လွှတ်ပေးရန် ငြင်းဆန်သောအခါ ထာဝရဘုရားသည် လူတို့၏သားဦးမှစ၍ တိရစ္ဆာန်တို့၏သားဦးတိုင်အောင် အီဂျစ်ပြည်၌ရှိသောသားဦးအားလုံးကို ကွပ်မျက်တော်မူ၏။ ထို့ကြောင့် သားအိမ်မှအဦးဆုံးထွက်လာသောအထီးရှိသမျှတို့ကို ငါတို့သည် ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ ငါတို့၏သားယောက်ျားများထဲမှ သားဦးရှိသမျှတို့ကို ပြန်ရွေးရ၏’#ထွ 13:2,12၊ လု 2:23။ဟု သူတို့အား ပြန်ပြောရမည်။ 16ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌#13:16 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
အစ္စရေးလူမျိုးတို့ထွက်ခွာလာရာခရီးလမ်း
17အစ္စရေးလူမျိုးတို့ကို ဖာရောမင်းကြီးလွှတ်ပေးသောအခါ ဘုရားသခင်က “ဤလူမျိုးသည် စစ်မှုနှင့်တွေ့လျှင် စိတ်ပြောင်းသွား၍ အီဂျစ်ပြည်သို့ ပြန်သွားလိမ့်မည်”ဟု ဆိုပြီး ဖိလိတ္တိပြည်ဘက်သွားသောလမ်းသည် နီးသော်လည်း သူတို့အား ထိုလမ်းဖြင့်ပို့ဆောင်တော်မမူပေ။ 18ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။
19မောရှေသည် ယောသပ်၏အရိုးများကို မိမိနှင့်အတူ ယူဆောင်သွား၏။ အကြောင်းမူကား ယောသပ်က အစ္စရေးအမျိုးသားတို့အား “ဘုရားသခင်သည် သင်တို့ကို အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ ငါ၏အရိုးတို့ကို သင်တို့နှင့်အတူ ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် ကြပ်ကြပ်ကျိန်ဆိုစေခဲ့သောကြောင့်ဖြစ်၏။
20သူတို့သည် သုကုတ်အရပ်မှ ထွက်လာ၍ တောကန္တာရအစွန်းရှိ ဧသံအရပ်၌ စခန်းချကြ၏။ 21နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။ 22နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို လူတို့၏ရှေ့မှ ရုပ်သိမ်းတော်မမူပေ။#ထွ 14:22,29၊ ၁ကော 10:1။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative