ယေဇကျေလအနာဂတ္တိကျမ်း 41
41
ဗိမာန်တော်အတွင်းပိုင်း
1ထို့နောက် ငါ့ကို ဗိမာန်တော်သို့ ခေါ်ဆောင်သွား၍ ကိန်းဝပ်တော်မူရာဌာန#41:1 တိုက်ရိုက်ပြန်ဆိုလျှင် “တဲ”။အဝင်ဝ တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များကိုတိုင်းရာ ထုခြောက်တောင်#41:1 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။ရှိ၏။ 2တံခါးပေါက်မှာ အတောင်တစ်ဆယ်#41:2 “210 လက်မ သို့မဟုတ် 525 စင်တီမီတာ”။ကျယ်၏။ တစ်ဖက်တစ်ချက်ရှိတံခါးတိုင်၏ထုမှာ ငါးတောင်#41:2 “105 လက်မ သို့မဟုတ် 262.5 စင်တီမီတာ”။စီရှိ၏။ ဗိမာန်တော်အပြင်ခန်းကိုတိုင်းရာ အလျားအတောင်လေးဆယ်#41:2 “840 လက်မ သို့မဟုတ် 2100 စင်တီမီတာ”။၊ အနံအတောင်နှစ်ဆယ်#41:2 “420 လက်မ သို့မဟုတ် 1050 စင်တီမီတာ”။ရှိ၏။ 3ထို့နောက် အတွင်းခန်းသို့ဝင်၍ တံခါးအဝင်ဝတိုင်ကိုတိုင်းရာ ထုနှစ်တောင်#41:3 “42 လက်မ သို့မဟုတ် 105 စင်တီမီတာ”။ရှိ၏။ တံခါးပေါက်အကျယ်မှာ ခြောက်တောင်ရှိ၏။ အဝင်ဝတစ်ဖက်တစ်ချက်ရှိ နံရံအကျယ်မှာ ခုနစ်တောင်#41:3 “147 လက်မ သို့မဟုတ် 367.5 စင်တီမီတာ”။စီရှိ၏။ 4ဗိမာန်တော်အတွင်းခန်းကိုတိုင်းရာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။ “ဤအခန်းသည် အသန့်ရှင်းဆုံးဌာနဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
ဗိမာန်တော်အပြင်ပိုင်း
5ထို့နောက် အိမ်တော်နံရံကိုတိုင်းရာထုမှာ ခြောက်တောင်ရှိ၏။ အိမ်တော်နှင့်ကပ်လျက် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်များမှာ တစ်ခန်းလျှင်လေးတောင်စီ အကျယ်ရှိ၏။ 6ထိုအခန်းငယ်တို့သည် အထပ်သုံးထပ်ရှိ၍ တစ်ထပ်လျှင် အခန်းပေါင်းသုံးဆယ်စီရှိ၏။ အိမ်တော်နံရံပတ်ပတ်လည်တွင် ထိုအခန်းငယ်များကို ထောက်ပင့်ထားသောတိုင်များရှိ၏။ ထိုထောက်ပင့်ထားသောတိုင်တို့သည် အိမ်တော်နံရံနှင့် ကပ်မနေပေ။ 7အိမ်တော်အတွင်းပတ်ပတ်လည်ရှိ အခန်းများသည် အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အကြောင်းမူကား အိမ်တော်၏ပုံစံသည် အောက်၌ကျဉ်းပြီး အထက်သို့ကျယ်သွားသောကြောင့် အိမ်တော်ပတ်ပတ်လည်ရှိ အခန်းငယ်တို့သည်လည်း အထက်သို့ရောက်လေလေ ပို၍ကျယ်လေလေဖြစ်၏။ အောက်ထပ်မှ အပေါ်ဆုံးထပ်သို့ တက်သွားသောအခါ အလယ်ထပ်ကို ဖြတ်သွားရ၏။ 8အိမ်တော်ပတ်ပတ်လည်၌ စင်္ကြံရှိသည်ကို ငါတွေ့ရ၏။ ထိုစင်္ကြံမှာ အခန်းငယ်တို့၏အုတ်မြစ်ဖြစ်၍ အမြင့်မှာ ခြောက်တောင်ရှည်သော ကျူချောင်းတစ်ပြန်စာ#41:8 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။ရှိ၏။ 9အခန်းငယ်များ၏အပြင်ဘက် အုတ်တံတိုင်းအကျယ်မှာ ငါးတောင်ရှိ၏။ အိမ်တော်အခန်းငယ်အပြင်ဘက်တွင် မြေကွက်လပ်တစ်ခုရှိ၏။ 10အိမ်တော်ပတ်ပတ်လည်တွင် အဆောင်ခန်းများရှိ၏။ အိမ်တော်နှင့် ထိုအခန်းများ၏အကွာအဝေးမှာ အတောင်နှစ်ဆယ်ရှိ၏။ 11အိမ်တော်အခန်းငယ်များထဲသို့ဝင်ရန် မြောက်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်၊ တောင်ဘက်မြေကွက်လပ်သို့ မျက်နှာမူသော တံခါးပေါက်တစ်ပေါက်ရှိ၏။ အခန်းပတ်ပတ်လည်ရှိ စင်္ကြံ၏အကျယ်မှာ ငါးတောင်ရှိ၏။
12အနောက်ဘက်တွင် မြေကွက်လပ်ဘက်မျက်နှာမူသော အဆောက်အအုံတစ်ခုရှိ၏။ အနံအတောင်ခုနစ်ဆယ်#41:12 “1470 လက်မ သို့မဟုတ် 3675 စင်တီမီတာ”။၊ အလျားအတောင်ကိုးဆယ်#41:12 “1890 လက်မ သို့မဟုတ် 4725 စင်တီမီတာ”။ရှိ၏။ အဆောင်ပတ်ပတ်လည်ရှိ နံရံ၏အထူမှာ ငါးတောင်ရှိ၏။
13ထို့နောက် အိမ်တော်ကိုတိုင်းရာ အရှည်အတောင်တစ်ရာ#41:13 “2100 လက်မ သို့မဟုတ် 5250 စင်တီမီတာ”။ရှိ၏။ မြေကွက်လပ်၊ အဆောက်အအုံနှင့် အဆောက်အအုံနံရံအပါအဝင် အရှည်အတောင်တစ်ရာရှိ၏။ 14မြေကွက်လပ်အပါအဝင် အိမ်တော်၏အရှေ့မျက်နှာစာအကျယ်မှာ အတောင်တစ်ရာရှိ၏။
အတွင်းပိုင်းကို သစ်သားဖြင့်အလှဆင်ထားခြင်း
15အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။ 16တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။ 17တံခါးဝ၏အပေါ်ဘက်၊ အိမ်တော်၏အတွင်းခန်း၊ အပြင်ခန်းအပေါ်ဘက်နှင့် အတွင်းခန်း၊ အပြင်ခန်းပတ်ပတ်လည်ရှိနံရံတို့တွင် 18ခေရုဗိမ်#41:18 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ထွင်းထုထား၏။ ခေရုဗိမ်ပုံတစ်ပုံနှင့်တစ်ပုံကြားတွင် စွန်ပလွံပင်ပုံတစ်ပုံရှိ၏။ ခေရုဗိမ်တစ်ပါးစီတွင် မျက်နှာနှစ်ဖက်ပါ၏။ 19ထိုမျက်နှာနှစ်ဖက်မှာ လူမျက်နှာပုံပါသောဘက်သည် တစ်ဖက်ရှိ စွန်ပလွံပင်ပုံဘက်သို့ လှည့်ထား၍ ခြင်္သေ့ပျိုမျက်နှာပုံပါသောဘက်သည် အခြားတစ်ဖက်ရှိ စွန်ပလွံပင်ပုံဘက်သို့ လှည့်ထား၏။ အိမ်တော်တစ်ခုလုံးရှိ နံရံပတ်ပတ်လည်တွင် ထိုသို့ပုံဖော်ထား၏။ 20ကြမ်းပြင်မှ တံခါးဝအပေါ်ဘက်အထိ ခေရုဗိမ်#41:20 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ပုံနှင့် စွန်ပလွံပင်ပုံများ ထွင်းထုထား၏။ ဗိမာန်တော်အပြင်ခန်းနံရံတွင်လည်း ထိုသို့ထွင်းထုထား၏။ 21ဗိမာန်တော်အပြင်ခန်းရှိတံခါးတိုင်သည် စတုရန်းပုံရှိ၍ သန့်ရှင်းရာဌာနရှေ့ရှိတံခါးတိုင်နှင့် ပုံသဏ္ဌာန်ချင်းတူ၏။ 22ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်#41:22 “273 လက်မ သို့မဟုတ် 682.5 စင်တီမီတာ”။၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေ#41:22 တိုက်ရိုက်ပြန်ဆိုလျှင် “အလျား”။နှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။
23ဗိမာန်တော်အပြင်ခန်းနှင့် သန့်ရှင်းရာဌာနတို့တွင် တံခါးပေါက်နှစ်ပေါက်ရှိ၏။ 24တံခါးပေါက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်၊ နောက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်ပါ၏။ 25ဗိမာန်တော်တံခါးတို့တွင် ဗိမာန်တော်နံရံများကဲ့သို့ ခေရုဗိမ်#41:25 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ထွင်းထုထား၏။ မျက်နှာစာဆင်ဝင်ပေါက်တွင် သစ်သားအမိုးပါရှိ၏။ 26ဆင်ဝင်ရှိနံရံများတွင်လည်းကောင်း၊ အိမ်တော်အခန်းငယ်များတွင်လည်းကောင်း၊ အမိုးများတွင်လည်းကောင်း ပြတင်းပေါက်ငယ်များနှင့် စွန်ပလွံပင်ပုံများပါရှိ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 41: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative