ယေဇကျေလအနာဂတ္တိကျမ်း 42
42
ယဇ်ပုရောဟိတ်အခန်းများ
1ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။ 2မြောက်ဘက်တံခါးပေါက်သို့ မျက်နှာမူသောအဆောင်မှာ အလျားအတောင်တစ်ရာ#42:2 “2100 လက်မ သို့မဟုတ် 5250 စင်တီမီတာ”။ရှိ၏။ အနံမှာ အတောင်ငါးဆယ်#42:2 “1050 လက်မ သို့မဟုတ် 2625 စင်တီမီတာ”။ရှိ၏။ 3အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။ 4အဆောင်ခန်းများ၏မျက်နှာစာတွင် အလျားအတောင်တစ်ရာရှည်၍ အနံဆယ်တောင်#42:4 “210 လက်မ သို့မဟုတ် 525 စင်တီမီတာ”။ကျယ်သောလမ်းရှိ၏။ အခန်းတံခါးပေါက်များကား မြောက်ဘက်တွင်ရှိ၏။ 5အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။ 6အဆောင်နှစ်ဆောင်တို့သည် အထပ်သုံးထပ်ရှိသော်လည်း အခြားအဆောင်များကဲ့သို့ တိုင်များမပါရှိချေ။ ထို့ကြောင့် အပေါ်ဆုံးထပ်သည် အောက်ထပ်နှင့် အလယ်ထပ်တို့ထက်ကျဉ်း၏။ 7အပြင်ဝင်းအရှေ့၊ အဆောင်ခန်းများနှင့်မျက်နှာချင်းဆိုင်၊ အဆောင်ခန်းများနှင့်အပြိုင်တွင် အတောင်ငါးဆယ်ရှည်သော အပြင်ဘက်တံတိုင်းရှိ၏။ 8အပြင်ဝင်းအနီးတွင်ရှိသော အဆောင်၏အရှည်မှာ အတောင်ငါးဆယ်ရှိ၏။ ဗိမာန်တော်အနီးတွင်ရှိသော အဆောင်၏အရှည်မှာ အလျားအတောင်တစ်ရာရှိ၏။ 9အခန်းများ၏အောက်ခြေအရှေ့ဘက်တွင် အပြင်ဝင်းမှ အခန်းများသို့လာသော ဝင်ပေါက်ရှိ၏။ 10တောင်ဘက်#42:10 တိုက်ရိုက်ပြန်ဆိုလျှင် “အရှေ့ဘက်”။တွင်လည်း ဝင်းတံတိုင်းအရှည်တစ်လျှောက် မြေကွက်လပ်ဘက်မျက်နှာမူထားသော တောင်ဘက်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် အဆောင်ခန်းများရှိ၏။ 11မြောက်ဘက်ကဲ့သို့ပင် ထိုအဆောင်ခန်းများ၏အရှေ့ဘက်တွင် လမ်းတစ်လမ်းရှိ၏။ ထိုအဆောင်ခန်းတို့၏အလျားအနံ၊ ဝင်ပေါက်ထွက်ပေါက်၊ အဆောက်အအုံပုံစံနှင့် တံခါးတို့မှာလည်း မြောက်ဘက်ခြမ်းနှင့် အတူတူပင်ဖြစ်၏။ 12တောင်ဘက်အဆောင်ခန်းများသို့ ဝင်ရသောအပေါက်သည် တစ်ပေါက်တည်းရှိ၍ အရှေ့ဘက်ရှိတံတိုင်းဘေးတွင်ရှိ၏။
13သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။ 14ယဇ်ပုရောဟိတ်တို့သည် ထိုသန့်ရှင်းသောနေရာထဲသို့ဝင်ပြီး အပြင်ဝင်းသို့ ပြန်ထွက်သောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်တို့ကို ချွတ်ထားခဲ့ရမည်။ မချွတ်ထားခဲ့ဘဲ ထွက်မလာရ။ အကြောင်းမှာ ထိုအဝတ်တို့သည် သန့်ရှင်း၏။ အဝတ်လဲပြီးမှ လူအများရှိရာသို့ သွားရ၏”ဟု ဆို၏။
အိမ်တော်အပြင်တံတိုင်းပတ်ပတ်လည် အတိုင်းအတာ
15ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။
16သူသည် တိုင်းစရာကျူချောင်းဖြင့် အရှေ့ဘက်ခြမ်းတစ်လျှောက်ကိုတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။ 17ထို့နောက် မြောက်ဘက်ခြမ်းတစ်လျှောက်ကိုတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။ 18ထို့အတူ တောင်ဘက်ခြမ်းကိုတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။ 19ထို့နောက် သူသည် လှည့်၍ အနောက်ဘက်ခြမ်းကိုလည်းတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။ 20သူသည် လေးဖက်စလုံးကိုတိုင်း၏။ ပတ်ပတ်လည်တံတိုင်းကာထား၍ အလျားကျူချောင်းအပြန်ငါးရာ၊ အနံကျူချောင်းအပြန်ငါးရာရှိ၏။ ထိုတံတိုင်းသည် သန့်ရှင်းသောနေရာနှင့် မသန့်ရှင်းသောနေရာကို ခြားထားပေး၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 42: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

:
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)