ယေဇကျေလအနာဂတ္တိကျမ်း 45
45
သန့်ရှင်းရာမြေ
1မြေကိုအမွေခွဲဝေသောအခါ သင်တို့သည် ထိုမြေထဲမှ မြေတစ်ကွက်ကို သန့်ရှင်းသောအလှူအဖြစ် ထာဝရဘုရားအဖို့ ခွဲထားရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။ ထိုမြေပတ်ပတ်လည်နယ်နိမိတ်သည်လည်း သန့်ရှင်းရမည်။ 2ထိုမြေထဲမှ အလျားအတောင်ငါးရာ#45:2 “10500 လက်မ သို့မဟုတ် 26250 စင်တီမီတာ”။၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။ 3ထိုသို့ အလျားအတောင်နှစ်သောင်းငါးထောင်#45:3 “525000 လက်မ သို့မဟုတ် 1312500 စင်တီမီတာ”။၊ အနံအတောင်တစ်သောင်း#45:3 “210000 လက်မ သို့မဟုတ် 525000 စင်တီမီတာ”။ရှိသောမြေကို တိုင်းတာရမည်။ ထိုမြေတွင် သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနကို တည်ရမည်။ 4ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရားထံအမှုတော်ကိုထမ်းဆောင်ဖို့လာသော၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် ယဇ်ပုရောဟိတ်တို့ နေစရာအိမ်ဆောက်ရာမြေ၊ သန့်ရှင်းရာဌာနတည်ရာသန့်ရှင်းသောမြေ ဖြစ်ရမည်။ 5အလျားအတောင်နှစ်သောင်းငါးထောင်နှင့် အနံအတောင်တစ်သောင်းကျယ်သော နောက်မြေတစ်ကွက်သည် အိမ်တော်အမှုကိုထမ်းဆောင်သော လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေကွက်ရှိ အခန်းပေါင်းနှစ်ဆယ်သည် သူတို့ပိုင်ဆိုင်ရာ ဖြစ်ရမည်။ 6သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။ 7မင်းသားပိုင်ရာမြေသည် သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေတို့၏တစ်ဖက်တစ်ချက်တွင်ရှိရမည်။ သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေမှ အနောက်ဘက်နယ်နိမိတ်နှင့် အရှေ့ဘက်နယ်နိမိတ်အထိရောက်၍ အရှေ့နှင့်အနောက် နှစ်ဖက်စလုံး မျိုးနွယ်တစ်နွယ်၏အမွေမြေနှင့်ထိစပ်ပြီး အလျားတူရမည်။ 8အစ္စရေးပြည်ထဲမှ ဤမြေသည် မင်းသား၏အပိုင်ဖြစ်ရမည်။ ငါ့မင်းသားတို့သည်လည်း ငါ့လူမျိုးတော်ကို နိုင်ထက်စီးနင်းမပြုတော့ဘဲ အစ္စရေးအမျိုးသားတို့အား အမျိုးအနွယ်အလိုက် မြေခွဲဝေပေးရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
9‘အို အစ္စရေးမင်းသားတို့၊ တော်သင့်ပြီ။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းအမှုတို့ကိုရှောင်၍ တရားမျှတစွာ၊ ဖြောင့်မတ်စွာ ပြုကျင့်ကြလော့။ ငါ့လူမျိုးတို့ထံမှ လုယူသိမ်းပိုက်ခြင်းအမှုကို ရပ်တန်းကရပ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ 10တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် မှန်သောချိန်ခွင်၊ မှန်သောဧဖာ#45:10 “22 လီတာ”။၊ မှန်သောဗတ်#45:10 “22 လီတာ”။ကို သုံးရမည်။ 11ဧဖာနှင့်ဗတ်သည် အခြင်အတွယ်တူရမည်။ တစ်ဗတ်သည် တစ်ဟောမဲ#45:11 “220 လီတာ”။၏ဆယ်ပုံတစ်ပုံ၊ တစ်ဧဖာသည်လည်း တစ်ဟောမဲ၏ဆယ်ပုံတစ်ပုံ ဖြစ်ရမည်။ ဟောမဲသည် စံအလေးချိန် ဖြစ်ရမည်။ 12တစ်ရှယ်ကယ်#45:12 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။သည် ဂေရနှစ်ဆယ်#45:12 “12 ဂရမ်”။ ဖြစ်ရမည်။ တစ်မိနာ့#45:12 “600 ဂရမ်”။သည် နှစ်ဆယ်ရှယ်ကယ်#45:12 “15 ကျပ်သား သို့မဟုတ် 230 ဂရမ်”။အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်#45:12 “18.75 ကျပ်သား သို့မဟုတ် 290 ဂရမ်”။အပေါင်း တစ်ဆယ့်ငါးရှယ်ကယ်#45:12 “11.25 ကျပ်သား သို့မဟုတ် 173 ဂရမ်”။ စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
လူတို့ပေးလှူပူဇော်ရမည့် လှူဖွယ်ဝတ္ထုများ
13သင်တို့ ပေးလှူရမည့် အလှူပစ္စည်းမှာ ဤသို့ဖြစ်၏။ ဂျုံဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံ#45:13 “4 လီတာ”။၊ မုယောဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံကို ပေးလှူရမည်။ 14ဆီပေးလှူရာတွင် ဗတ်နှင့်ချိန်တွယ်ရမည်ဟု သတ်မှတ်ထား၏။ တစ်ကောရတွင် ဗတ်၏ဆယ်ပုံတစ်ပုံ#45:14 “2.2 လီတာ”။ ပေးလှူရမည်။ တစ်ကောရသည် တစ်ဟောမဲနှင့်ညီ၍ဗတ်တစ်ဆယ်#45:14 “220 လီတာ”။ဖြစ်၏။ တစ်ဟောမဲသည် ဗတ်တစ်ဆယ်ဖြစ်၏။ 15အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အစ္စရေးပြည် ရေဝသောစားကျက်မြေရှိ အကောင်နှစ်ရာရှိသောသိုးအုပ်တစ်အုပ်တွင် တစ်ကောင်ကို ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်အဖြစ် ပူဇော်ရမည်’ဟု မိန့်တော်မူ၏။ 16ပြည်သူပြည်သားအပေါင်းတို့သည် ထိုအလှူပစ္စည်းကို အစ္စရေးမင်းသားထံ ပေးအပ်ရမည်။ 17မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
18တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။ 19ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်၏သွေးအချို့ကိုယူ၍ အိမ်တော်၏တံခါးတိုင်၊ ယဇ်ပလ္လင်၏ထောင့်လေးထောင့်နှင့် အတွင်းဝင်းတံခါးတိုင်တွင် သုတ်ရမည်။ 20မရည်ရွယ်ဘဲအပြစ်ကျူးလွန်မိသူ၊ သို့မဟုတ် မသိနားမလည်ဘဲအပြစ်ကျူးလွန်မိသူတို့အတွက် လဆန်းခုနစ်ရက်နေ့တွင် အပြစ်ဖြေလွှတ်ခြင်းကို ထိုသို့ ပြုပေးရမည်။ ဤနည်းဖြင့် အိမ်တော်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
21ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပရမည်။ ပွဲတော်ခုနစ်ရက်အတွင်း တဆေးမဲ့မုန့်ကို စားရမည်။ 22ထိုနေ့တွင် မင်းသားသည် မိမိအပါအဝင် ပြည်သူပြည်သားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို စီစဉ်ပေးရမည်။ 23ပွဲတော်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ခုနစ်ရက်ပတ်လုံး နေ့တိုင်းစီစဉ်ပေးရမည်။ အပြစ်ဖြေရာယဇ်အဖြစ်လည်း ဆိတ်ထီးကလေးတစ်ကောင်ကို နေ့တိုင်းစီစဉ်ပေးရမည်။ 24နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာနှင့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်#45:24 “4 လီတာ”။ပါဝင်သော ဘောဇဉ်ပူဇော်သက္ကာကို စီစဉ်ပေးရမည်။ 25သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့တွင်ကျင်းပသော ပွဲတော်တွင်လည်း အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ဆီတို့ကို ခုနစ်ရက်ပတ်လုံး စီစဉ်ပေးရမည်’ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 45: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative