ယေဇကျေလအနာဂတ္တိကျမ်း 46
46
သတ်မှတ်ထားသည့်နေ့များတွင် ပေးလှူပူဇော်ရမည့်ယဇ်များ
1ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။ 2မင်းသားသည် အပြင်မုခ်ဆောင်၏ဆင်ဝင်မှဝင်၍ တံခါးတိုင်နားတွင် ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားပေးသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ မင်းသားသည် တံခါးခုံနားတွင် ပျပ်ဝပ်ရှိခိုးပြီးမှ ထွက်သွားရမည်။ တံခါးကို နေဝင်ချိန်ထိ ဖွင့်ထားရမည်။ 3ပြည်သူပြည်သားတို့သည်လည်း လဆန်းနေ့၊ ဥပုသ်နေ့တို့၌ ထိုမုခ်ဆောင်တံခါးဝတွင် ပျပ်ဝပ်ရှိခိုးကြရမည်။
4ဥပုသ်နေ့တွင် မင်းသားသည် အပြစ်အနာအဆာကင်းသော သိုးသငယ်ခြောက်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ယူဆောင်လာရမည်။ 5ဘောဇဉ်ပူဇော်သက္ကာအဖြစ် သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ#46:5 “22 လီတာ”။၊ သိုးသငယ်ခြောက်ကောင်အတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်#46:5 “4 လီတာ”။ကိုလည်း ယူဆောင်လာရမည်။ 6လဆန်းနေ့တွင် တိရစ္ဆာန်အုပ်ထဲမှ အပြစ်အနာအဆာကင်းသောနွားထီးတစ်ကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ယူဆောင်လာရမည်။ ထိုအကောင်တို့သည် အပြစ်အနာအဆာကင်းရမည်။ 7ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကို စီစဉ်ပေးရမည်။ 8မင်းသားဝင်လာမည်ဆိုလျှင် မုခ်ဆောင်ဆင်ဝင်လမ်းမှ ဝင်လာရမည်။ ထိုလမ်းအတိုင်း ပြန်ထွက်ရမည်။
9ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။ 10မင်းသားသည် ထိုသူတို့ဝင်သောအခါ လိုက်ဝင်၍ ထိုသူတို့ ထွက်သောအခါ လိုက်ထွက်ရမည်။ 11ပွဲတော်အချိန်၊ တွေ့ဆုံစည်းဝေးရသောအချိန်တို့တွင် ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် အကောင်းဆုံးဂျုံမှုန့်တတ်နိုင်သလောက်၊ ဂျုံမှုန့်တစ်ဧဖာစီအတွက် ဆီတစ်ဟိန်စီ စီစဉ်ပေးရမည်။
12စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို မင်းသားသည် ထာဝရဘုရားထံ စေတနာအလျောက်ဆက်သသောအခါ အရှေ့မုခ်ဆောင်တံခါးကို ဖွင့်ထားရမည်။ သူသည် ဥပုသ်နေ့တွင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဆက်သသကဲ့သို့ ဆက်သရမည်။ ဆက်သပြီး ပြန်ထွက်သွားသောအခါ တံခါးကို ပြန်ပိတ်ထားရမည်။
13သင်သည် ထာဝရဘုရားထံပူဇော်ရန် မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို နေ့စဉ် နံနက်တိုင်း စီစဉ်ပေးရမည်။ 14ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ခြောက်ပုံတစ်ပုံ#46:14 “4 လီတာ”။နှင့် အကောင်းဆုံးဂျုံမှုန့်နှင့်နယ်ရန် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံ#46:14 “1.3 လီတာ”။ကို နံနက်တိုင်း စီစဉ်ပေးရမည်။ ဤသည်မှာ ထာဝရဘုရားထံ ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်သောအခါ အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ 15မီးရှို့ရာယဇ်အဖြစ် သိုးသငယ်တစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီတို့ကိုလည်း နံနက်တိုင်း အစဉ်ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
မင်းသားကိုမြေပြန်လွှဲအပ်ခြင်း
16တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မင်းသားသည် မိမိသားတစ်ယောက်ယောက်အား မိမိအမွေကို လက်ဆောင်အဖြစ်ပေးမည်ဆိုလျှင် ထိုလက်ဆောင်သည် ထိုသား၏သားမြေးတို့သာပိုင်သောအမွေ ဖြစ်ရမည်။ 17မင်းသားသည် မိမိကျွန်တစ်ယောက်ယောက်အား မိမိအမွေအချို့ကို လက်ဆောင်အဖြစ်ပေးမည်ဆိုလျှင် ထိုကျွန်လွတ်မြောက်ခွင့်ရသည့်နှစ်အထိ ထိုအမွေကို ပိုင်ဆိုင်ရမည်။ မိမိလွတ်မြောက်သောအခါ ထိုအမွေကို မင်းသားအား ပြန်ပေးရမည်။ ထိုအမွေကို မင်းသား၏သားမြေးသာ ပိုင်ရမည်။ 18မင်းသားသည် ပြည်သူတို့ပိုင်ဆိုင်သောအမွေမြေကို အနိုင်အထက်မလုယူရ။ သူ့သားများအား သူပိုင်ဆိုင်သောမြေထဲမှ အမွေခွဲဝေပေးရမည်။ သို့မှ ငါ့လူမျိုးတော်တစ်စုံတစ်ယောက်မျှ သူတို့ပိုင်ဆိုင်သောအမွေမြေမှ ကွဲလွင့်သွားရတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အိမ်တော်မီးဖိုဆောင်များ
19ထိုသူသည် ငါ့အား မုခ်ဆောင်ဘေးရှိဝင်ပေါက်မှတစ်ဆင့် မြောက်ဘက်ရှိ ယဇ်ပုရောဟိတ်တို့၏သန့်ရှင်းသောအခန်းများသို့ ခေါ်သွား၏။ အနောက်ဘက်စွန်းတွင် နေရာတစ်ခုရှိသည်ကို တွေ့ရ၏။ 20ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။ 21ထို့နောက် ငါ့အား အပြင်ဝင်းသို့ခေါ်သွားပြီး ဝင်း၏ထောင့်လေးထောင့်ကို လှည့်ပတ်ကြည့်စေ၏။ ထောင့်တစ်ထောင့်စီတွင် ဝင်းငယ်တစ်ခုစီရှိသည်ကို တွေ့ရ၏။ 22ဝင်း၏ထောင့်လေးထောင့်တွင်ရှိသော ဝင်းငယ်တို့သည် အလျားအတောင်လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၏။ ထိုထောင့်ရှိဝင်းငယ်တို့သည် အလျားအနံ တူကြ၏။ 23ထိုဝင်းငယ်လေးခု၏အတွင်းဘက်ပတ်ပတ်လည်တွင် စင်ရှိ၏။ ထိုစင်အောက်ပတ်ပတ်လည်တွင် မီးဖိုဆောက်ထား၏။ 24ထိုသူက ငါ့အား “ဤနေရာသည် လူတို့ပေးလှူသောယဇ်ကောင်ကို အိမ်တော်အမှုထမ်းတို့ ချက်ပြုတ်ပေးရသော မီးဖိုဆောင်ဖြစ်၏”ဟု ပြောပြ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 46: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: