ယေဇကျေလအနာဂတ္တိကျမ်း 47
47
အသက်မြစ်ရေ
1ထိုသူသည် ငါ့အား အိမ်တော်ဝင်ပေါက်သို့ ပြန်လည်ခေါ်ဆောင်လာရာ အိမ်တော်တံခါးခုံအောက်မှ အိမ်တော်မျက်နှာမူရာအရှေ့ဘက်သို့ ရေစီးထွက်သွားသည်ကို တွေ့ရ၏။ ထိုရေတို့သည် အိမ်တော်လက်ယာဘက်အောက်၊ ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးဆင်းသွား၏။ 2ထို့နောက် ငါ့အား မြောက်ဘက်မုခ်ဆောင်မှ အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး အပြင်ဘက်အရှေ့မုခ်ဆောင်ကို လှည့်လည်ကြည့်ရှုစေ၏။ လက်ယာဘက်တွင် ရေများစီးဆင်းနေသည်ကို တွေ့ရ၏။ 3သူသည် မျဉ်းကြိုးကိုကိုင်လျက် အရှေ့ဘက်သို့သွားပြီးလျှင် ရေစီးသွားရာအရှည် အတောင်တစ်ထောင်#47:3 “21000 လက်မ သို့မဟုတ် 52500 စင်တီမီတာ”။ကိုတိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေရာ ရေသည် ခြေမျက်စိအထိရောက်၏။ 4တစ်ဖန် အရှည်အတောင်တစ်ထောင်ထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ဒူးအထိရောက်၏။ တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ခါးအထိရောက်၏။ 5တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်းပြန်ရာ ရေအလွန်နက်သောကြောင့် ငါသည် မြစ်ကိုဖြတ်မကူးနိုင်။ မြစ်သည် ဖြတ်ကူး၍မရတော့ဘဲ လက်ပစ်ကူးရသောအနေအထားသို့ ရောက်လေ၏။
6ထိုသူက ငါ့အား “အချင်းလူသား၊ ဤအရာကို သင်မြင်ပြီလော”ဟု ဆိုပြီး ငါ့ကို မြစ်ကမ်းဘက်သို့ ပြန်ခေါ်လာ၏။ 7မြစ်ကမ်းသို့ ပြန်ရောက်သောအခါ ကမ်းတစ်ဖက်တစ်ချက်တွင် သစ်ပင်များစွာ ပေါက်နေသည်ကို တွေ့ရ၏။ 8ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်#47:8 တိုက်ရိုက်ပြန်ဆိုလျှင် “ပြန်လည်ကျန်းမာ”။သွား၏။ 9ထိုမြစ်ရေစီးဆင်းသွားရာအရပ်ရပ်တို့၌ အုပ်စုလိုက်နေထိုင်သောသက်ရှိသတ္တဝါအပေါင်းတို့ ရှင်သန်နေထိုင်ကြလိမ့်မည်။ မရေမတွက်နိုင်သောငါးများ ရှိကြလိမ့်မည်။ ထိုမြစ်ရေစီးဆင်းရာအရပ်ရပ်သည် ရေချိုဖြစ်သွားလိမ့်မည်။ ထိုမြစ်ရေစီးဆင်းလေရာ၌ အရာအားလုံးသည် ရှင်သန်ကြရလိမ့်မည်။ 10အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။ 11ရွှံ့နွံစိမ့်စမ်းတို့မှ ရေများမူကား ရေချိုဖြစ်လာမည်မဟုတ်။ ဆားငန်ရေပင် ဖြစ်နေလိမ့်မည်။ 12မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် သီးပင်စားပင်အမျိုးမျိုး ပေါက်ရောက်လိမ့်မည်။ သန့်ရှင်းရာဌာနမှစီးလာသော မြစ်ရေကို ရရှိသောကြောင့် အပင်တို့သည် အရွက်မညှိုးနွမ်း၊ အသီးလည်း မပြတ်။ လစဉ်အသီးသီးလိမ့်မည်။ အသီးသည် စားဖို့၊ အရွက်သည် အနာရောဂါပျောက်ကင်းဖို့ ဖြစ်လိမ့်မည်”#ဗျာ 22:2။ဟု ဆို၏။
အမွေမြေနယ်နိမိတ်
13ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။ 14သင်တို့၏ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သင်တို့သည် ညီအစ်ကိုချင်းတို့နှင့် အမွေကို အညီအမျှခွဲဝေကြရမည်။ ဤမြေသည် သင်တို့အမွေခံရာမြေ ဖြစ်ရမည်။ 15ဤပြည်၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှစ၍ ဟေသလုန်လမ်းအတိုင်း ဇေဒဒ်မြို့၊ 16ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။ 17ထို့ကြောင့် မြောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်မှစ၍ ဒမတ်စကပ်မြောက်ဘက်နယ်စပ်ရှိ ဟာဇရေနန်မြို့အထိ ထိုမှ ဟာမတ်မြောက်ဘက်နယ်နိမိတ်အထိ ဖြစ်၏။ 18အရှေ့ဘက်ခြမ်းတွင် ဟောရန်မြို့နှင့်ဒမတ်စကပ်မြို့ကြား၊ ဂျော်ဒန်မြစ်တစ်လျှောက် ဂိလဒ်ပြည်နှင့်အစ္စရေးပြည်ကြားမှ မြေထဲပင်လယ်အရှေ့ဘက်နယ်နိမိတ်တိုင်အောင် တိုင်းတာရမည်။ ဤသည်ကား အရှေ့ဘက်နယ်နိမိတ်ဖြစ်၏။ 19တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။ 20အနောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှ လီဘိုဟာမတ်မျက်နှာမူရာအရပ်နယ်နိမိတ်အထိ ဖြစ်၏။ ဤသည်ကား အနောက်ဘက်နယ်နိမိတ်ဖြစ်၏”ဟု မိန့်တော်မူ၏။ 21“ဤသို့ သင်တို့သည် အစ္စရေးအမျိုးအနွယ်အလိုက် အမွေမြေကို ခွဲဝေယူရမည်။ 22ထိုမြေကို အမွေမြေအဖြစ် သင်တို့ခွဲဝေယူရမည်။ သင်တို့နှင့်အတူနေထိုင်ရင်း သားသမီးရလာကြသော တိုင်းတစ်ပါးသားတို့ကိုလည်း ခွဲဝေပေးရမည်။ သူတို့ကို အစ္စရေးအမျိုးအနွယ်တို့၏အမျိုးသားချင်းကဲ့သို့ သဘောထားရမည်။ အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ အမွေမြေခွဲဝေပေးရမည်။ 23တိုင်းတစ်ပါးသားတို့သည် မည်သည့်အစ္စရေးအမျိုးအနွယ်တွင် နေထိုင်သည်ဖြစ်စေ သူတို့နေထိုင်ရာအရပ်၌ သူတို့ကို အမွေမြေခွဲဝေပေးရမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 47: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: