ဧဇရမှတ်စာ 2
2
ပြန်လာသည့်သုံ့ပန်းများ
1ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။ 2ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
3ပါရုတ်သားမြေး နှစ်ထောင့်တစ်ရာခုနစ်ဆယ့်နှစ်ယောက်၊
4ရှေဖတိသားမြေး သုံးရာခုနစ်ဆယ့်နှစ်ယောက်၊
5အာရာသားမြေး ခုနစ်ရာခုနစ်ဆယ့်ငါးယောက်၊
6ယေရွှာနှင့် ယွာဘသားမြေးတို့မှဆင်းသက်လာသော ပါဟတ်မောဘသားမြေး နှစ်ထောင့်ရှစ်ရာတစ်ဆယ့်နှစ်ယောက်၊
7ဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
8ဇတ္တုသားမြေး ကိုးရာလေးဆယ့်ငါးယောက်၊
9ဇက္ခဲသားမြေး အယောက်ခုနစ်ရာ့ခြောက်ဆယ်၊
10ဗာနိသားမြေး ခြောက်ရာလေးဆယ့်နှစ်ယောက်၊
11ဗေဗဲသားမြေး ခြောက်ရာနှစ်ဆယ့်သုံးယောက်၊
12အာဇဂဒ်သားမြေး တစ်ထောင့်နှစ်ရာနှစ်ဆယ့်နှစ်ယောက်၊
13အဒေါနိကံသားမြေး ခြောက်ရာခြောက်ဆယ့်ခြောက်ယောက်၊
14ဗိဂဝဲသားမြေး နှစ်ထောင့်ငါးဆယ့်ခြောက်ယောက်၊
15အာဒိန်သားမြေး လေးရာငါးဆယ့်လေးယောက်၊
16ဟေဇကိမှ ဆင်းသက်လာသော အာတာသားမြေး ကိုးဆယ့်ရှစ်ယောက်၊
17ဗေဇဲသားမြေး သုံးရာနှစ်ဆယ့်သုံးယောက်၊
18ယောရသားမြေး တစ်ရာတစ်ဆယ့်နှစ်ယောက်၊
19ဟာရှုံသားမြေး နှစ်ရာနှစ်ဆယ့်သုံးယောက်၊
20ဂိဗ္ဗာသားမြေး ကိုးဆယ့်ငါးယောက်၊
21ဗက်လင်မြို့သား တစ်ရာနှစ်ဆယ့်သုံးယောက်၊
22နေတောဖမြို့သား ငါးဆယ့်ခြောက်ယောက်၊
23အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
24အာဇမာဝက်မြို့သား လေးဆယ့်နှစ်ယောက်၊
25ကိရယသာရိမ်မြို့သား၊ ခေဖိရမြို့သားနှင့် ဗေရုတ်မြို့သား စုစုပေါင်း ခုနစ်ရာလေးဆယ့်သုံးယောက်၊
26ရာမမြို့သားနှင့် ဂေဗမြို့သား စုစုပေါင်း ခြောက်ရာနှစ်ဆယ့်တစ်ယောက်၊
27မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊
28ဗေသလမြို့သားနှင့် အာဣမြို့သား စုစုပေါင်း နှစ်ရာနှစ်ဆယ့်သုံးယောက်၊
29နေဗောမြို့သား ငါးဆယ့်နှစ်ယောက်၊
30မာဂဗိတ်မြို့သား တစ်ရာငါးဆယ့်ခြောက်ယောက်၊
31အခြားဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
32ဟာရိမ်သားမြေး အယောက်သုံးရာနှစ်ဆယ်၊
33လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သား စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်ငါးယောက်၊
34ဂျေရိခေါမြို့သား သုံးရာလေးဆယ့်ငါးယောက်၊
35သေနာမြို့သား အယောက်သုံးထောင်ခြောက်ရာ့သုံးဆယ် ဖြစ်၏။
36ယဇ်ပုရောဟိတ်တို့တွင် ယေရွှာအမျိုးမှဆင်းသက်လာသော ယေဒါယသားမြေး ကိုးရာခုနစ်ဆယ့်သုံးယောက်၊
37ဣမေရသားမြေး တစ်ထောင့်ငါးဆယ့်နှစ်ယောက်၊
38ပါရှုရသားမြေး တစ်ထောင့်နှစ်ရာလေးဆယ့်ခုနစ်ယောက်၊
39ဟာရိမ်သားမြေး တစ်ထောင့်တစ်ဆယ့်ခုနစ်ယောက်၊
40လေဝိအမျိုးတွင် ဟောဒဝိသားမြေးမှဆင်းသက်လာသော ယေရွှာနှင့် ကပ်မျေလသားမြေး ခုနစ်ဆယ့်လေးယောက်၊
41သီချင်းသည်တို့တွင် အာသပ်သားမြေး တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
42တံခါးစောင့်သားမြေးတို့တွင် ရှလ္လုံသားမြေး၊ အာတာသားမြေး၊ တာလမုန်သားမြေး၊ အက္ကုပ်သားမြေး၊ ဟတိတသားမြေး၊ ရှောဗဲသားမြေး စုစုပေါင်း တစ်ရာသုံးဆယ့်ကိုးယောက်၊
43ဗိမာန်တော်အစေအပါးတို့တွင် ဇိဟသားမြေး၊ ဟသုဖသားမြေး၊ တဗ္ဗောက်သားမြေး၊
44ကေရုတ်သားမြေး၊ သာယာဟသားမြေး၊ ပါဒုန်သားမြေး၊
45လေဗနသားမြေး၊ ဟာဂဘသားမြေး၊ အက္ကုပ်သားမြေး၊
46ဟာဂပ်သားမြေး၊ ရှာလမဲသားမြေး၊ ဟာနန်သားမြေး၊
47ဂိဒ္ဒေလသားမြေး၊ ဂါဟာသားမြေး၊ ရာယသားမြေး၊
48ရေဇိန်သားမြေး၊ နေကောဒသားမြေး၊ ဂဇ္ဇမ်သားမြေး၊
49ဩဇသားမြေး၊ ပါသာသားမြေး၊ ဗေသဲသားမြေး၊
50အာသနာသားမြေး၊ မဟုနိမ်သားမြေး၊ နဖုသိမ်သားမြေး၊
51ဗာကဗုတ်သားမြေး၊ ဟကုဖသားမြေး၊ ဟာရဟုရသားမြေး၊
52ဗာဇလုပ်သားမြေး၊ မဟိဒသားမြေး၊ ဟာရရှသားမြေး၊
53ဗာရကုတ်သားမြေး၊ သိသရသားမြေး၊ တာမသားမြေး၊
54နေဇိသားမြေး၊ ဟတိဖသားမြေး၊
55ရှောလမုန်အစေအပါး၏သားမြေးတို့တွင် သောတဲသားမြေး၊ ဟာသောဖရက်သားမြေး၊ ပေရုဒသားမြေး၊
56ယာလသားမြေး၊ ဒါကုန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊
57ရှေဖတိသားမြေး၊ ဟတ္တိလသားမြေး၊ ပေါခရက်ဇေဗိမ်သားမြေး၊ အာမိသားမြေး၊
58ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
59မည်သည့်ဘိုးဘေးအိမ်ထောင်စုထဲမှဆင်းသက်လာသည်ကို သက်သေမပြနိုင်၊ အစ္စရေးလူမျိုးထဲမှ ဟုတ်၊ မဟုတ် မသေချာဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့တို့မှ လိုက်ပါလာသောသူများမှာ 60ဒေလာယသားမြေး၊ တောဘိသားမြေး၊ နေကောဒသားမြေး စုစုပေါင်း ခြောက်ရာငါးဆယ့်နှစ်ယောက် ရှိ၏။ 61ယဇ်ပုရောဟိတ်သားမြေးတို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကိုစုံဖက်၍ ထိုနာမည်ကိုဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။ 62သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။ 63ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။ 64ဤသို့လိုက်ပါလာသောလူထုကြီးမှာ စုစုပေါင်း လေးသောင်းနှစ်ထောင့်သုံးရာခြောက်ဆယ် ရှိ၏။ 65ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း အယောက်နှစ်ရာတို့လည်း ပါ၏။ 66မြင်း ခုနစ်ရာသုံးဆယ့်ခြောက်ကောင်၊ လား နှစ်ရာလေးဆယ့်ငါးကောင်၊ 67ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
အိမ်တော်တည်ဆောက်ရန် ပေးလှူသောပစ္စည်းများ
68အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။ 69ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြား#2:69 သို့မဟုတ် “ဒရက်မာ”။ခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်#2:69 “3000000 ဂရမ်”။နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။ 70ထိုသို့ ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးများ၊ လူအချို့နှင့် သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးတို့သည် ကိုယ့်မြို့တို့၌ ပြန်လည်နေထိုင်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ကိုယ့်မြို့ကိုယ့်ရွာတို့၌ ပြန်လည်နေထိုင်ကြသတည်း။
လက်ရှိရွေးချယ်ထားမှု
ဧဇရမှတ်စာ 2: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: