ဧဇရမှတ်စာ 1
1
ကုရုမင်းကြီး၏အမိန့်တော်
1ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
2ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။ 3သင်တို့တွင် မည်သူသည် ဘုရားသခင်၏လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူပါစေသော။ သူသည် ယုဒပြည် ဂျေရုဆလင်မြို့သို့တက်သွား၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ပါစေ။ ဘုရားသခင်သည် ဂျေရုဆလင်မြို့တွင်စံပယ်တော်မူ၏။ 4အရပ်ရပ်၌ကြွင်းကျန်သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်အဖို့ ရွှေငွေ၊ ပစ္စည်းဥစ္စာ၊ တိရစ္ဆာန်တို့မှစ၍ စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာတို့ကို မိမိတို့နေထိုင်ရာအရပ်မှ ကူညီထောက်ပံ့ပါစေ”ဟု မိန့်မှာ၏။
ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်လာခွင့်ရခြင်း
5ထိုအခါ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးတို့၏ဘိုးဘေးအကြီးအမှူးများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့်တကွ မိမိတို့၏စိတ်ကို ဘုရားသခင်နှိုးဆော်သောသူအပေါင်းတို့သည် ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် ထ၍သွားကြလေ၏။ 6ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။ 7နေဗုခဒ်နေဇာမင်းကြီး သိမ်းယူ၍ သူ့ဘုရားဗိမာန်တွင်ထားရှိသော ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များကိုလည်း ကုရုမင်းကြီးက ထုတ်ပေး၏။ 8ပါးရှားဘုရင် ကုရုမင်းကြီးသည် ထိုအိမ်တော်အသုံးအဆောင်တို့ကို ဘဏ္ဍာစိုးမိသရေဒတ်အား ထုတ်ယူစေ၏။ မိသရေဒတ်သည်လည်း ရေတွက်ပြီး ယုဒခေါင်းဆောင် ရှေရှဗာဇာအား ပေးအပ်လိုက်၏။ 9ထိုအိမ်တော်အသုံးအဆောင်တို့၏အရေအတွက်မှာ ရွှေအင်တုံ အခုသုံးဆယ်၊ ငွေအင်တုံ အခုတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးလက်၊ 10ရွှေဖလား အလုံးသုံးဆယ်၊ ငွေဖလားအမျိုးမျိုး အလုံးလေးရာ့တစ်ဆယ်၊ အခြားအသုံးအဆောင် အမျိုးတစ်ထောင်အပါအဝင် 11စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
လက်ရှိရွေးချယ်ထားမှု
ဧဇရမှတ်စာ 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: