YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 37:28-35

ကမ္ဘာဦးကျမ်း 37:28-35 MSBU

မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။ ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင် ညီ​တို့​ထံသို့​ပြန်လာ​၍ “​သူငယ်​မ​ရှိ​တော့​ပါ​တကား​။ ငါ​မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် ယောသပ်​၏​သင်တိုင်း​ကို​ယူ​၍ ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို​သတ်​ပြီးလျှင် ဆိတ်​သွေး​ထဲ၌ ထို​သင်တိုင်း​ကို​နှစ်​လေ​၏​။ ထို့နောက် ထို​ရောင်စုံ​သင်တိုင်း​ကို ယူ​၍ ဖခင်​ထံသို့​ယူဆောင်​လာ​ကြ​ကာ “​အကျွန်ုပ်​တို့​သည် ဤ​သင်တိုင်း​ကို​တွေ့ရှိ​ပါ​သည်​။ အဖေ့​သား​၏​သင်တိုင်း​ဟုတ်​၊ မ​ဟုတ်​ကြည့်​ပါ​”​ဟု ဆို​ကြ​၏​။ ဖခင်​သည် ထို​သင်တိုင်း​ကို​မှတ်မိ​သဖြင့် “​ငါ့​သား​၏​သင်တိုင်း​ဖြစ်​၏​။ သူ့​ကို သားရဲတိရစ္ဆာန်​ကိုက်စား​လေ​ပြီ​။ ယောသပ်​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ခံရ​ပြီ​တကား​”​ဟု ပြောဆို​လေ​၏​။ ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။ သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။