YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:28-35

ကမ္ဘာဦး 37:28-35 Judson Bible (JBMLE)

ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။ ရု​ဗင်​သည်​လည်း တွင်း​သို့​သွား၍၊ တွင်း​ထဲ​မှာ​ယော​သပ်​မ​ရှိ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်​လျက်၊ ညီ​တို့​ရှိ​ရာ​သို့​သွား၍၊ သူ​ငယ်​မ​ရှိ​ပါ​တ​ကား။ ငါ​သည် အ​ဘယ်​သို့​သွား​ရ​ပါ​မည်​နည်း​ဟု ဆို​လေ​၏။ သူ​တို့​သည်​လည်း၊ ယော​သပ်​အင်္ကျီ​ကို​ယူ၍၊ ဆိတ်​သ​ငယ်​ကို​သတ်​ပြီး​မှ၊ အင်္ကျီ​ကို​အ​သွေး၌​နှစ်​လေ​၏။ ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊ ထို​အင်္ကျီ​ကို​အ​ဘ​မှတ်​မိ၍၊ ငါ့​သား၏​အင်္ကျီ​မှန်၏။ သူ့​ကို​ဆိုး​သော​သား​ရဲ​ကိုက်​စား​ပြီ။ အ​ကယ်​၍​ယော​သပ်​ကို အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား​ဟု​ဆို​လျက်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ လျှော်​တေ​အ​ဝတ်​ကို​ပတ်​စည်း​သ​ဖြင့်၊ အင်​တန်​ကာ​လ​ပတ်​လုံး၊ သား​ကြောင့် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ​လေ​၏။ သား​သ​မီး​အ​ပေါင်း​တို့​သည်၊ အ​ဘ​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ကြိုး​စား​သော်​လည်း၊ သူ​သည် နှစ်​သိမ့်​စေ​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​သား​ရှိ​ရာ မ​ရ​ဏ​နိုင်​ငံ​သို့ စိတ်​မ​သာ​ညည်း​တွား​လျက် ဆင်း​သက်​တော့​မည်​ဟု​ဆို​လေ၏။ ထို​သို့​ယော​သပ်​အ​ဘ​သည် သား​ကြောင့်​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​လေ​၏။

ကမ္ဘာဦး 37:28-35 Common Language Bible (BCL)

ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။ ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။- ထို​နောက်​သူ​၏​ညီ​များ​ရှိ​ရာ​သို့​ပြန်​လာ​၍``တွင်း ထဲ​မှာ​သူ​ငယ်​မ​ရှိ​တော့​ပြီ။ ငါ​အ​ဘယ်​သို့​ပြု လုပ်​ရ​ပါ​မည်​နည်း'' ဟု​ဆို​လေ​၏။ သူ​တို့​သည်​ဆိတ်​တစ်​ကောင်​ကို​သတ်​၍​ယော​သပ် ၏​ဝတ်​ရုံ​ကို​ဆိတ်​သွေး​ထဲ​၌​နှစ်​လေ​၏။- ထို​နောက်​ထူး​ဆန်း​စွာ​တန်​ဆာ​ဆင်​ထား​သော ဝတ်​ရုံ​ကို​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​ပြီး​လျှင်``ကျွန်​တော် တို့​ဤ​အင်္ကျီ​ကို​တွေ့​ရ​ပါ​သည်။ ဖ​ခင်​သား​၏ အင်္ကျီ​ဖြစ်​ပါ​သ​လော'' ဟု​မေး​ကြ​၏။ ယာ​ကုပ်​သည်​ထို​အင်္ကျီ​ကို​မှတ်​မိ​သ​ဖြင့်``ငါ့ သား​၏​အင်္ကျီ​ပင်​ဖြစ်​သည်။ သား​ရဲ​တစ်​ကောင် ကောင်​က​သူ့​ကို​ကိုက်​သတ်​လေ​ပြီ။ ငါ့​သား​ကို အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား'' ဟု​ဆို လေ​၏။- ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။- သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။

ကမ္ဘာဦး 37:28-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။ ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင် ညီ​တို့​ထံသို့​ပြန်လာ​၍ “​သူငယ်​မ​ရှိ​တော့​ပါ​တကား​။ ငါ​မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် ယောသပ်​၏​သင်တိုင်း​ကို​ယူ​၍ ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို​သတ်​ပြီးလျှင် ဆိတ်​သွေး​ထဲ၌ ထို​သင်တိုင်း​ကို​နှစ်​လေ​၏​။ ထို့နောက် ထို​ရောင်စုံ​သင်တိုင်း​ကို ယူ​၍ ဖခင်​ထံသို့​ယူဆောင်​လာ​ကြ​ကာ “​အကျွန်ုပ်​တို့​သည် ဤ​သင်တိုင်း​ကို​တွေ့ရှိ​ပါ​သည်​။ အဖေ့​သား​၏​သင်တိုင်း​ဟုတ်​၊ မ​ဟုတ်​ကြည့်​ပါ​”​ဟု ဆို​ကြ​၏​။ ဖခင်​သည် ထို​သင်တိုင်း​ကို​မှတ်မိ​သဖြင့် “​ငါ့​သား​၏​သင်တိုင်း​ဖြစ်​၏​။ သူ့​ကို သားရဲတိရစ္ဆာန်​ကိုက်စား​လေ​ပြီ​။ ယောသပ်​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ခံရ​ပြီ​တကား​”​ဟု ပြောဆို​လေ​၏​။ ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။ သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။