YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 1

1
1ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​လက်ထက်​၊ အစ္စရေး​ဘုရင် ယောရှ​သား​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗေရိ​၏​သား​ဟောရှေ​ထံသို့ ရောက်လာ​၏​။
ဟောရှေအိမ်ထောင်ပြု၍ သားသမီးများရခြင်း
2ဦးစွာ​ဟောရှေ​အားဖြင့် ထာဝရဘုရား​မိန့်ဆို​ရာ​တွင် ထာဝရဘုရား​က ဟောရှေ​အား “​သင်​သွား​၍ ပြည့်တန်ဆာ​မိန်းမ​တစ်ဦး​နှင့်​စုံဖက်​ပြီးလျှင် ပြည့်တန်ဆာ​သားသမီး​တို့​ကို မွေးဖွား​လော့​။ အကြောင်းမူကား ပြည်​သည် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​လျက် ထာဝရဘုရား​ထံမှ လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။
3ထို့ကြောင့် သူ​သည် ဒိဗလိမ်​၏​သမီး​ဂေါမာ​နှင့်​စုံဖက်​လေ​၏​။ ဂေါမာ​သည်​လည်း ကိုယ်ဝန်ဆောင်​ကာ သားယောက်ျား​ကို မွေးဖွား​၏​။ 4ထာဝရဘုရား​က ဟောရှေ​အား “​ဤ​သား​အမည်​ကို ယေဇရေလ​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ ယေဟု​အမျိုးအနွယ်​သည် ယေဇရေလ​အရပ်​တွင် လူသတ်​ခဲ့​သောကြောင့် သူ့​ကို​ငါ​ဆုံးမ​မည်​။ အစ္စရေး​အမျိုးအနွယ်​၏​မင်းဆက်​ကို အဆုံးသတ်​စေ​မည်​။ 5ထို​နေ့ရက်​ရောက်​လျှင် ယေဇရေလ​ချိုင့်ဝှမ်း​၌ အစ္စရေး​၏​လေး​ကို ငါ​ချိုး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
6တစ်ဖန် ဂေါမာ​သည်​ကိုယ်ဝန်ဆောင်​၍ သမီး​ကို​မွေးဖွား​၏​။ ထိုအခါ ထာဝရဘုရား​က ဟောရှေ​အား “​ဤ​သမီး​အမည်​ကို လောရုဟာမာ#1:6 “သနားစုံမက်ခြင်းမခံရ”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ ငါ​သည် အစ္စရေး​အမျိုးအနွယ်​ကို သနားစုံမက်​တော့​မည်​မ​ဟုတ်​။ လုံးဝ​ခွင့်လွှတ်​တော့​မည်​မ​ဟုတ်​။ 7ယုဒ​အမျိုးအနွယ်​ကို​မူကား ငါ​သနားစုံမက်​မည်​။ သူ​တို့​ကို လေး​၊ ဓား​၊ စစ်မက်​၊ မြင်း​၊ မြင်းစီးသူရဲ​တို့​ဖြင့် ကယ်တင်​မည်​မ​ဟုတ်​။ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကိုယ်တိုင် သူ​တို့​ကို​ကယ်တင်​မည်​”​ဟု မိန့်​တော်မူ​၏​။
8လောရုဟာမာ​ကို နို့ဖြတ်​ပြီးနောက် ဂေါမာ​သည် ကိုယ်ဝန်ဆောင်​ပြန်​၍ သား​ယောက်ျား​ကို​မွေးဖွား​၏​။ 9ထိုအခါ ထာဝရဘုရား​က “​ဤ​သား​အမည်​ကို လောအမ္မိ#1:9 “ငါ၏လူမျိုးတော်မဟုတ်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ သင်​တို့​သည် ငါ​၏​လူမျိုး​တော်​မ​ဟုတ်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။ 10သို့သော် အစ္စရေး​အမျိုးသား​တို့​သည် မ​ခြင်တွယ်​နိုင်​၊ မ​ရေတွက်​နိုင်​လောက်အောင် ပင်လယ်​သဲပွင့်​ကဲ့သို့ များပြား​လိမ့်မည်​။ “သင်​တို့​သည် ငါ​၏​လူမျိုး​တော်​မ​ဟုတ်”​ဟု သူ​တို့​အား ပြော​ရာ​အရပ်​၌​ပင် “သူ​တို့​သည် အသက်ရှင်​သော​ဘုရားသခင်​၏​သား​များ”​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်​။#ရော 9:26။ 11ထိုအခါ ယုဒ​အမျိုးသား​နှင့် အစ္စရေး​အမျိုးသား​တို့​သည် အတူတကွ​စုရုံး​လျက် ခေါင်းဆောင်​တစ်ဦး​ကို ရွေးချယ်​တင်မြှောက်​ပြီး ထို​ပြည်​မှ​ထွက်လာ​ကြ​လိမ့်မည်​။ ထို​နေ့​သည် ယေဇရေလ​မြို့​အဖို့ နေ့ထူးနေ့မြတ် ဖြစ်​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ