ဟောရှေအနာဂတ္တိကျမ်း 3
3
ပြန်လည်ပြုပြင်ခြင်းအတွက် စောင့်စားခြင်း
1တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။ 2ထို့ကြောင့် ငါသည် ထိုမိန်းမကို ငွေတစ်ဆယ့်ငါးရှယ်ကယ်#3:2 “11.25 ကျပ်သား သို့မဟုတ် 173 ဂရမ်”။နှင့် မုယောဆန်တစ်ဟောမဲခွဲ#3:2 တိုက်ရိုက်ပြန်ဆိုလျှင် “မုယောဆန်တစ်ဟောမဲနှင့်တစ်လဲ့တဲ့”။ဖြင့် ဝယ်ယူ၏။ 3ထို့နောက် သူ့အား “သင်သည် ငါနှင့်အတူ ရက်ပေါင်းများစွာနေရမည်။ ပြည့်တန်ဆာ ပြန်မလုပ်ရ။ အခြားယောက်ျားတို့နှင့် မပေါင်းဖော်ရ။ ငါသည်လည်း သင့်အပေါ် ထိုသို့ပြုမည်”ဟု ငါဆို၏။
4အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ်#3:4 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။ မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။ 5ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟောရှေအနာဂတ္တိကျမ်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative