ဟေရှာယအနာဂတ္တိကျမ်း 1
1
1ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ယုဒလူမျိုးတို့ကို စစ်ကြောစီရင်ခြင်း
2အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့#1:2 သို့မဟုတ် “သားတို့”။ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။ 3နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။ 4အပြစ်ပြုသောလူမျိုး၊ အပြစ်ကြီးလေးသောလူစု၊ ဆိုးညစ်သောသူတို့၏အမျိုးအနွယ်၊ ဖောက်ပြန်သောသားသမီးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ထာဝရဘုရားကိုစွန့်ပယ်သွားကြပြီ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို မထီလေးစားပြု၍ ကျောခိုင်းသွားကြပြီ။ 5သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။ 6ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။ 7သင်တို့ပြည်သည် လူသူကင်းမဲ့လေပြီ။ သင်တို့၏မြို့များကိုလည်း မီးလောင်လေပြီ။ တစ်ပါးအမျိုးသားတို့သည် သင်တို့၏မြေကို သင်တို့ရှေ့၌ ဝါးမျိုကြပြီ။ တစ်ပါးအမျိုးသားတို့ဖျက်ဆီးသဖြင့် လူသူကင်းမဲ့လေပြီ။ 8ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။ 9ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။#ရော 9:29။ 10သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။ 11ထာဝရဘုရားက “သင်တို့၏များစွာသောယဇ်တို့သည် ငါ့အတွက်မည်သည့်အကျိုးရှိသနည်း။ မီးရှို့ပူဇော်သောသိုးထီး၊ ဆူဖြိုးသောတိရစ္ဆာန်၏အဆီကို ငါမလိုတော့ပြီ။ နွားထီး၊ သိုးသငယ်၊ ဆိတ်ထီးတို့၏သွေးကိုလည်း ငါမနှစ်သက်။ 12သင်တို့သည် ငါ့ထံ၌ မျက်နှာလာပြကြသောအခါ ငါ့အိမ်တော်ဝင်းကို နင်းချေ၍ ထိုသို့သောယဇ်ကိုပူဇော်ရန် မည်သူတောင်းဆိုသနည်း။ 13အချည်းနှီးသောပူဇော်သက္ကာကို နောက်တစ်ဖန်မယူဆောင်လာကြနှင့်။ နံ့သာပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကို ငါသည်းမခံနိုင်တော့ချေ။ 14ငါ့ဝိညာဉ်သည် သင်တို့ကျင်းပသော လဆန်းနေ့ပွဲများ၊ သတ်မှတ်ထားသောပွဲများကို မုန်း၏။ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကဲ့သို့ဖြစ်၏။ ငါထမ်းထားရသည်မှာ ပင်ပန်းလှ၏။ 15သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်း#1:15 တိုက်ရိုက်ပြန်ဆိုလျှင် “သွေးနှင့်ပြည့်”။လျက်ရှိ၏။
ဂျေရုဆလင်မြို့ကို သန့်ရှင်းစင်ကြယ်စေခြင်း
16ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောကြလော့။ သင်တို့၏ဆိုးညစ်သောလုပ်ရပ်တို့ကို ငါ့မျက်မှောက်မှ ဖယ်ရှားကြလော့။ ဆိုးညစ်သောအမှုပြုခြင်းကို ရပ်တန့်ကြလော့။ 17ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။ 18ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ 19သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။ 20သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။ 21သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။ 22သင်၏ငွေသည် ချော်ဖြစ်သွားပြီ။ သင်၏အကောင်းဆုံးဝိုင်သည် ရေနှင့်ရောလေပြီ။ 23သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။ 24ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။ 25ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။ 26သင်၏တရားသူကြီးတို့ကို ယခင်ကကဲ့သို့၊ သင်၏အကြံပေးသူတို့ကို မူလအစကကဲ့သို့ ပြန်လည်ခန့်ထားမည်။ သို့ပြီးမှ သင်၏မြို့ကို ဖြောင့်မတ်သောမြို့၊ သစ္စာရှိသောမြို့ဟု ခေါ်ဝေါ်ကြမည်”ဟု မိန့်တော်မူ၏။ 27ဇိအုန်မြို့သည် တရားမျှတမှုအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ ထိုမြို့မှ နောင်တရသောသူတို့သည် ဖြောင့်မတ်ခြင်းအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ 28ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။ 29အကယ်စင်စစ် သူတို့သည် သင်တို့တပ်မက်ခဲ့သောဝက်သစ်ချပင်တို့ကြောင့် အရှက်ကွဲရလိမ့်မည်။ သင်တို့ ရွေးချယ်ခဲ့သောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ရလိမ့်မည်။ 30အမှန်ပင် သင်တို့သည် အရွက်ညှိုးနွမ်းသောသပိတ်ပင်ကဲ့သို့၊ ရေမရှိသောဥယျာဉ်ကဲ့သို့ ဖြစ်လိမ့်မည်။ 31ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: