ရှောလမုန်သီချင်း 8
8
1အရှင့်ကို အကျွန်ုပ်နှင့် အမိနို့စို့ဖက်မောင်နှမ ဖြစ်စေချင်ပါ၏။ သို့ဖြစ်ပါက အရှင်နှင့် အပြင်မှာတွေ့၍ အရှင့်ကိုနမ်းလျှင်လည်း အကျွန်ုပ်ကို တစ်ပါးသူတို့ မထီမဲ့မြင်ပြုမည်မဟုတ်ပါ။
2အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
3အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံးဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကိုပွေ့ဖက်ထားပါ၏။
4အို ဂျေရုဆလင်သမီးပျို၊ အကျွန်ုပ်အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကိုမနှိုးပါ၊ မထစေပါဟု ကျိန်ဆိုပါလော့။”
အခြားသူ
5“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။”
သတို့သမီး
“ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
6အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
7အချစ်ကို ရေလုံးကြီးနှင့် ငြှိမ်းသတ်၍မရ။ မြစ်ရေများလည်း မတိုက်စားနိုင်။ လူသည် အချစ်ကိုရဖို့ အိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပေးလျှင်ပင် လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုသာခံရလိမ့်မည်။”
အခြားသူ
8“အကျွန်ုပ်တို့၌ ငယ်ရွယ်သောညီမတစ်ဦးရှိပါ၏။ သူသည် သားမြတ်ပင်မပေါ်သေး။ သူ့ကို လာရောက်တောင်းရမ်းသောနေ့တွင် အကျွန်ုပ်တို့ မည်သို့ပြုပေးရပါမည်နည်း။
9သူသည် မြို့ရိုးဖြစ်လျှင် ထိုအပေါ်တွင် ငွေပြအိုးကိုတည်မည်။ သူသည် တံခါးဖြစ်လျှင် သူ့ကိုသစ်ကတိုးသားဖြင့် ဆောက်လုပ်မည်။”
သတို့သမီး
10“အကျွန်ုပ်သည် မြို့ရိုးဖြစ်၍ အကျွန်ုပ်၏သားမြတ်တို့သည် မျှော်စင်နှင့်တူပါ၏။ ထို့ကြောင့် အရှင့်မျက်လုံးထဲတွင် အကျွန်ုပ်သည် အေးချမ်းမှုကိုပေးသောသူဖြစ်ပါ၏။
11ဗာလဟာမုန်အရပ်တွင် ရှောလမုန်မင်းကြီး၏စပျစ်ခြံရှိ၏။ ထိုစပျစ်ခြံကို ခြံလုပ်သားတို့လက်သို့ အပ်ထား၏။ သူတို့သည် စပျစ်သီးဖိုး ငွေစတစ်ထောင်စီ ဆက်သရ၏။
12အကျွန်ုပ်ပိုင်သော စပျစ်ခြံသည် အကျွန်ုပ်ရှေ့၌ ရှိပါ၏။ အို ရှောလမုန်မင်းကြီး၊ အရှင်က ငွေစတစ်ထောင်ယူပါ။ စပျစ်ခြံလုပ်သားတို့ကား ငွေစနှစ်ရာယူပါ။”
ရှင်ဘုရင်
13“ဥယျာဉ်များတွင်နေသောသူ၊ သင့်အသံကို သင့်အပေါင်းအဖော်တို့ နားစွင့်နေပါ၏။ ငါလည်း သင့်အသံကိုကြားပါရစေ။”
သတို့သမီး
14“အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”
လက်ရှိရွေးချယ်ထားမှု
ရှောလမုန်သီချင်း 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: