ဟေရှာယအနာဂတ္တိကျမ်း 42
42
အစေခံသူ၏အမှုတော်လုပ်ငန်း
1ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။ 2သူသည် အော်ဟစ်မည်မဟုတ်။ ကြွေးကြော်မည်မဟုတ်။ လမ်းပေါ်မှာ သူ့အသံကို ကြားရမည်မဟုတ်။ 3ကျိုးခါနီးကျူပင်ကို မချိုး။ ငြိမ်းခါနီးမီးစာကို မငြှိမ်းသတ်။ တရားမျှတခြင်းအကြောင်းကို သစ္စာရှိစွာ ထုတ်ဖော်မည်။ 4သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။ 5မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ 6ငါသည် ဖြောင့်မတ်ခြင်းအတွက် သင့်ကိုခေါ်သော ထာဝရဘုရားဖြစ်၏။ သင့်ကို ငါခေါ်မည်။ သင့်လက်ကို ငါကိုင်ဆွဲထားမည်။ သင့်ကို ငါစောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်အဖြစ်လည်းကောင်း၊ လူမျိုးတကာအတွက် အလင်းအဖြစ်လည်းကောင်း သင့်ကို ငါခန့်ထားမည်။#ဟေရှာ 49:6၊ တ 13:47။ 7သင်သည် မျက်မမြင်တို့အား မျက်စိမြင်စေမည်။ အကျဉ်းသားတို့ကို အကျဉ်းထောင်ထဲမှလည်းကောင်း၊ ထောင်အမှောင်ခန်းထဲ၌ ထိုင်နေသောသူတို့ကိုလည်းကောင်း လွတ်မြောက်စေမည်။ 8ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏နာမဖြစ်၏။ ငါ၏ဘုန်းအသရေကို အခြားသောသူအားလည်းကောင်း၊ ငါခံထိုက်သောချီးမွမ်းခြင်းကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။ 9ကြည့်ရှုလော့။ ယခင်ဟောခဲ့သောအရာတို့သည် ဖြစ်လာပြီ။ အသစ်သောအရာတို့ကို ငါဟောပြော၏။ ထိုအရာတို့ ဖြစ်မလာမီ သင်တို့ကို ငါသိစေ၏။
ချီးမွမ်းသီချင်း
10ပင်လယ်တွင်သွားလာသောသူတို့မှစ၍ ပင်လယ်ထဲရှိရှိသမျှ၊ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ထိုအရပ်တို့၌နေထိုင်သောသူရှိရှိသမျှတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကိုသီဆိုကြလော့။ မြေကြီးစွန်းမှ ချီးမွမ်းကြလော့။ 11တောကန္တာရနှင့် တောကန္တာရရှိမြို့များ၊ ကေဒါအမျိုးနေထိုင်သောရွာများသည် မိမိတို့အသံကို လွှင့်ကြပါစေ။ သေလမြို့သားတို့သည် ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ တောင်ထိပ်တွင် ကြွေးကြော်ကြပါစေ။ 12သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။ 13ထာဝရဘုရားသည် သူရဲကောင်းကဲ့သို့ကြွတော်မူမည်။ စိတ်အားထက်သန်မှုကို စစ်သူရဲကဲ့သို့ လှုံ့ဆော်တော်မူမည်။ ကိုယ်တော်သည် ကြွေးကြော်တော်မူမည်။ ဟစ်အော်တော်မူမည်။ မိမိရန်သူတို့ကို အောင်နိုင်တော်မူမည်။ 14ငါသည် အချိန်ကြာကြာ တိတ်ဆိတ်စွာနေခဲ့ပြီ။ ငါသည် နှုတ်ဆိတ်နေလျက် ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းခဲ့ပြီ။ ယခုမှာ သားဖွားသောမိန်းမကဲ့သို့ အသက်ပြင်းပြင်းရှူလျက်၊ မောပန်းလျက် အော်ဟစ်နေမည်။ 15ငါသည် တောင်ကြီး၊ တောင်ငယ်များကို ဖျက်ဆီးမည်။ အပင်ရှိသမျှတို့ကို ခြောက်သွေ့စေမည်။ မြစ်များကို ကျွန်း#42:15 သို့မဟုတ် “ကမ်းရိုးတန်းဒေသ”။ဖြစ်စေမည်။ ရေအိုင်များကို ခန်းခြောက်စေမည်။ 16ငါသည် မျက်မမြင်တို့ကို သူတို့မသိသောခရီးဖြင့် ပို့ဆောင်မည်။ သူတို့မသိသောလမ်းဖြင့် လမ်းပြမည်။ သူတို့ရှေ့၌ အမှောင်ကို အလင်းဖြစ်စေမည်။ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေမည်။ ဤအရာတို့ကို ငါပြုမည်။ ငါသည် သူတို့ကို မစွန့်ပစ်။ 17ရုပ်တုဆင်းတုကို ကိုးစားလျက် ရုပ်တုအား “အရှင်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်၏”ဟု ဆိုသောသူတို့သည် နောက်ပြန်ဆုတ်၍ အရှက်တကွဲအကျိုးနည်းဖြစ်ရကြလိမ့်မည်။
နားပင်း၊ မျက်စိကန်းနေသောအစ္စရေးလူမျိုး
18နားမကြားသူတို့၊ နားထောင်ကြလော့။ မျက်မမြင်သူတို့၊ မြင်အောင် ကြည့်ကြလော့။ 19ငါ့အစေအပါးမှတစ်ပါး မည်သူမျက်စိကန်းသနည်း။ ငါစေလွှတ်သောငါ့စေတမန်ကဲ့သို့ မည်သူနားပင်းသနည်း။ ငါ့မိတ်ဆွေကဲ့သို့ မည်သူမျက်စိကန်းသနည်း။ ထာဝရဘုရား၏အစေအပါးကဲ့သို့ မည်သူမျက်စိကန်းသနည်း။ 20သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။ 21ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။ 22ဤလူမျိုးသည် သိမ်းသွားခြင်းခံရ၏။ တိုက်ခိုက်လုယက်ခြင်းခံရ၏။ သူတို့အားလုံးသည် တွင်းထဲ၌ ထောင်ချောက်မိ၏။ ထောင်ထဲတွင် လှောင်ထားခြင်းခံရ၏။ သူတို့သည် သားကောင်ကဲ့သို့ဖြစ်၍ ကယ်နုတ်မည့်သူမရှိ။ လုယက်ပစ္စည်းဖြစ်၍ “ပြန်ပေးလော့”ဟု ပြောမည့်သူမရှိ။ 23သင်တို့တွင် မည်သူသည် ဤအကြောင်းအရာကို စူးစိုက်နားထောင်မည်နည်း။ နောင်ကာလတွင် မည်သူသည် အာရုံစိုက်နားထောင်၍ ကြားလိမ့်မည်နည်း။ 24ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။ 25ထို့ကြောင့် ကိုယ်တော်သည် ပြင်းစွာသောအမျက်တော်၊ ပြင်းထန်သောစစ်ပွဲကို သူတို့အပေါ် ကျရောက်စေတော်မူသဖြင့် သူတို့ပတ်လည်၌ မီးတောက်လောင်သော်လည်း သူတို့မသိမှတ်ကြ။ သူတို့ကိုမီးလောင်ကျွမ်းသော်လည်း သူတို့နှလုံးမသွင်းကြ။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 42: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: