ဟေရှာယအနာဂတ္တိကျမ်း 43
43
အစ္စရေးလူမျိုးကိုပြန်လည်စုစည်းခြင်း
1အို ယာကုပ်အမျိုး၊ သင့်ကိုဖန်ဆင်းသောအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အို အစ္စရေးလူမျိုး၊ သင့်ကိုပုံဖော်ဖန်ဆင်းသောအရှင်ထာဝရဘုရားက “မကြောက်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ သင့်ကို အမည်ဖြင့် ငါခေါ်ပြီ။ သင့်ကို ငါပိုင်ပြီ။ 2သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။ 3အကြောင်းမူကား ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားဖြစ်၏။ သင်၏ကယ်တင်ရှင်ဖြစ်၏။ သင့်ကို ရွေးနုတ်စရာအဖိုးအခအဖြစ် အီဂျစ်ပြည်ကိုလည်းကောင်း၊ သင့်ကိုယ်စား အီသီယိုးပီးယားပြည်နှင့် သေဘပြည်တို့ကိုလည်းကောင်း ငါပေးအပ်လိုက်၏။ 4ငါ့အဖို့ သင်သည် အဖိုးတန်၏။ သင်သည် ဂုဏ်သရေရှိ၏။ ငါသည် သင့်ကိုချစ်၏။ ထို့ကြောင့် သင့်ကိုယ်စား လူတို့ကိုလည်းကောင်း၊ သင်၏အသက်ကိုယ်စား လူမျိုးတို့ကိုလည်းကောင်း ငါပေးအပ်လိုက်မည်။ 5မကြောက်နှင့်။ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့အရပ်မှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်အရပ်မှ သင့်ကို ငါစုစည်းမည်။ 6မြောက်အရပ်အား ‘ပေးလော့’၊ တောင်အရပ်အား ‘မထိန်းချုပ်ထားနှင့်’ဟု ငါဆိုမည်။ ဝေးသောအရပ်မှ ငါ့သားများနှင့် မြေကြီးစွန်းမှ ငါ့သမီးများကို ခေါ်ဆောင်ခဲ့လော့။ 7သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။ 8မျက်စိရှိသော်လည်း မမြင်သောသူ၊ နားရှိသော်လည်း မကြားသောသူတို့ကို ထုတ်ဆောင်ခဲ့လော့။ 9လူမျိုးအပေါင်းတို့သည် အတူတကွစုရုံးကြ၏။ လူတို့သည် စုဝေးကြ၏။ သူတို့တွင် မည်သူသည် ဤအမှုကို ပြောကြားမည်နည်း။ ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို ကျွန်ုပ်တို့အား မည်သူ ကြားသိစေမည်နည်း။ သူတို့မှန်ကန်ကြောင်းသက်သေပြရန် သူတို့၏သက်သေများကို ယူဆောင်လာကြပါစေ။ လူတို့သည် ကြား၍ မှန်သည်ဟု ပြောဆိုကြပါစေ။ 10ထာဝရဘုရားက “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ သင်တို့သည် ငါ့ကိုသိ၍ယုံကြည်မည့်အကြောင်း၊ ငါသည် ထိုအရှင်ဖြစ်သည်ကိုနားလည်မည့်အကြောင်း ငါရွေးချယ်သော ငါ၏အစေအပါးလည်းဖြစ်ကြ၏။ ငါ့အလျင် မည်သည့်ဘုရားမျှမရှိ။ ငါ့နောက်၌လည်း မည်သည့်ဘုရားမျှ ရှိမည်မဟုတ်။ 11ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ။#ဟေရှာ 45:18,22၊ 46:9၊ မာ 12:29။ 12ငါကိုယ်တော်တိုင်ပြောကြားခဲ့ပြီ၊ ကယ်တင်ခဲ့ပြီ၊ ကြားသိစေခဲ့ပြီ။ သင်တို့တွင်ရှိသော အခြားဘုရားက ပြုခဲ့သည်မဟုတ်။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါသည် ဘုရားသခင်ဖြစ်၏။ 13ရှေးကာလမှစ၍ ငါသည် ဘုရားသခင်ဖြစ်၏။ ငါ့လက်မှ ကယ်တင်နိုင်သောသူ တစ်ယောက်မျှမရှိ။ ငါပြုသောအမှုကို မည်သူပြောင်းပြန်ဖြစ်စေနိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ပုန်ကန်တတ်သောအမျိုးဖြစ်သည့်အစ္စရေးလူမျိုးကို ရွေးနုတ်ခြင်း
14အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင်တို့ကိုရွေးနုတ်သောအရှင် ထာဝရဘုရားက “သင်တို့အတွက် ဘေဘီလုံမြို့သို့ စစ်သည်တို့ကို ငါစေလွှတ်၍ ခါလဒဲလူမျိုးအပါအဝင် ထိုမြို့၌ရှိသောလူအားလုံးတို့ကို မိမိတို့ဂုဏ်ယူရသောသင်္ဘောဖြင့် ထွက်ပြေးစေမည်။ 15ငါထာဝရဘုရားသည် သင်တို့၏သန့်ရှင်းသောအရှင်၊ အစ္စရေးလူမျိုးကိုဖန်ဆင်းသောအရှင်၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏”ဟု မိန့်တော်မူ၏။ 16ပင်လယ်ပြင်၌ လမ်းမကိုလည်းကောင်း၊ လှိုင်းထန်သောရေပြင်၌ လမ်းကိုလည်းကောင်း ဖြစ်စေတော်မူသော၊ 17ရထားနှင့် မြင်း၊ စစ်သည်နှင့်အင်အားကြီးမားသောသူတို့ကို ထုတ်ဆောင်၍ သူတို့ကို မထနိုင်အောင် အတူတကွလဲစေပြီး မီးစာကိုငြှိမ်းသကဲ့သို့ ငြိမ်းသွားစေတော်မူသော ထာဝရဘုရားက 18“ယခင်က ဖြစ်ပျက်ခဲ့သောအရာတို့ကို မအောက်မေ့ကြနှင့်။ လွန်ခဲ့ပြီးသောအရာတို့ကို မစဉ်းစားကြနှင့်။ 19ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။ 20ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။ 21ငါ၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားဖို့ရန် လူမျိုးတော်ကို ငါပုံဖော်ဖန်ဆင်းခဲ့၏။ 22သို့သော်လည်း အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုမခေါ်။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ့ကိုငြီးငွေ့လေပြီ။ 23သင်သည် မီးရှို့ရာယဇ်အတွက် သိုးကို ငါ့ထံသို့မယူဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းခြင်းမပြု။ ငါသည် ပူဇော်သက္ကာအားဖြင့် သင့်ကို ဝန်လေးစေသည်မဟုတ်။ လော်ဗန်အားဖြင့်လည်း သင့်ကို ပင်ပန်းစေခဲ့သည်မဟုတ်။ 24သင်သည် ခါနဲ#43:24 ဟီဘရူးစကားလုံး “ကျူပင်နှင့်တူသောအမွှေးအကြိုင်ပင်တစ်မျိုး”။ကို ငါ့အတွက် ငွေဖြင့်မဝယ်။ သင့်ယဇ်ကောင်တို့၏အဆီနှင့် ငါ့အား ကျေနပ်အားရမှုကိုမဖြစ်စေ။ သင့်အပြစ်များဖြင့် ငါ့ကိုဝန်လေးစေ၏။ သင့်ဒုစရိုက်များဖြင့် ငါ့ကိုပင်ပန်းစေ၏။ 25ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။ 26ငါ့ကို သတိပေးလော့။ အတူတကွ တရားဆိုင်ကြစို့။ သင်ဖြောင့်မတ်ကြောင်း တင်ပြလော့။ 27အဦးဆုံးဖခင်သည် အပြစ်ပြုခဲ့ပြီ။ သင့်အတွက် ကြားဝင်စေ့စပ်ပေးသူတို့သည် ငါ့ကိုပြစ်မှားကြပြီ။ 28ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 43: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: