တရားသူကြီးမှတ်စာ 10
10
တောလနှင့်ယာဣရ
1အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။ 2သူသည် အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ် စီရင်အုပ်ချုပ်ပြီးမှ သေဆုံးသဖြင့် ရှမိရမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
3တောလသေဆုံးပြီးနောက် ဂိလဒ်အနွယ် ယာဣရပေါ်ထွန်း၍ အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်နှစ်နှစ် စီရင်အုပ်ချုပ်လေ၏။ 4ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။ 5ယာဣရသေဆုံး၍ ကာမုန်မြို့၌ သူ့ကို သင်္ဂြိုဟ်၏။
အစ္စရေးအမျိုးသားတို့အပြစ်ပြုခြင်း၊ နောင်တရခြင်း
6တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။ 7ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။ 8ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။ 9အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။ 10ထိုအခါ အစ္စရေးအမျိုးသားတို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကို စွန့်ပယ်၍ ဗာလဘုရားကို ဝတ်ပြုမိပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်လျှောက်ဆိုကြ၏။
11ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။ 12ဆီဒုန်လူမျိုး၊ အာမလက်လူမျိုး၊ မောနလူမျိုးတို့သည် သင်တို့ကို ညှဉ်းဆဲ၍ သင်တို့သည် ငါ့ကိုအော်ဟစ်သောအခါ ငါသည် သင်တို့ကို ထိုသူတို့လက်မှလည်း ကယ်တင်ခဲ့၏။ 13သို့သော် သင်တို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများကို ဝတ်ပြုကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ကယ်တင်တော့မည်မဟုတ်။ 14သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။
15သို့သော် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့သော် ယခုမှာ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ”ဟု လျှောက်ဆိုကြ၏။ 16ထို့နောက် သူတို့သည် တိုင်းတစ်ပါးသားဘုရားများကို သူတို့ထံမှ ဖယ်ရှားပြီး ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ အစ္စရေးလူမျိုးတို့ ကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် ကိုယ်တော်သည် သူတို့ကို သနားတော်မူ၏။
17ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။ 18ဂိလဒ်ပြည်သားအကြီးအကဲတို့က “အမ္မုန်အမျိုးသားတို့ကို မည်သူဦးဆောင်တိုက်ခိုက်မည်နည်း။ ထိုသူကို ဂိလဒ်ပြည်၏ခေါင်းဆောင်ဖြစ်စေမည်”ဟု အချင်းချင်းပြောဆိုကြ၏။
လက်ရှိရွေးချယ်ထားမှု
တရားသူကြီးမှတ်စာ 10: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: