ယေရမိအနာဂတ္တိကျမ်း 13
13
ချည်ချောခါးပတ်
1ထာဝရဘုရားက “ချည်ချောခါးပတ်တစ်ခုကို သွားဝယ်ပြီးလျှင် သင့်ခါး၌စည်းလော့။ ရေမစိမ်နှင့်”ဟု ငါ့အားမိန့်တော်မူ၏။ 2ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ခါးပတ်ကိုဝယ်၍ ခါး၌စည်းလေ၏။
3ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ဒုတိယအကြိမ် ရောက်လာ၍ 4“သင်ဝယ်၍ ခါး၌စည်းထားသောခါးပတ်ကိုယူပြီး ယူဖရေးတီးမြစ်ရှိရာသို့ ထသွားလော့။ ထိုနေရာရှိ ကျောက်တုံးကြားတွင် ဝှက်ထားလော့”ဟု မိန့်တော်မူ၏။ 5ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ထိုခါးပတ်ကို ဝှက်ထားလေ၏။
6နေ့ရက်များစွာလွန်ပြီးမှ ထာဝရဘုရားက “ယူဖရေးတီးမြစ်ရှိရာသို့ သင်ထသွားလော့။ ငါမိန့်မှာထား၍ ထိုနေရာတွင်သင်ဝှက်ထားသော ခါးပတ်ကို ယူခဲ့လော့”ဟု ငါ့အား မိန့်တော်မူ၏။ 7ငါသည်လည်း ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ခါးပတ်ကို ဝှက်ထားခဲ့သောနေရာမှ တူးယူလေ၏။ ထိုအခါ ခါးပတ်သည် ဆွေး၍သုံးမရတော့ချေ။
8တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၏။ 9ထာဝရဘုရားက “ယုဒပြည်၏မာန၊ ဂျေရုဆလင်မြို့၏မာနကြီးခြင်းကို ထိုခါးပတ်ကဲ့သို့ ငါဖျက်ဆီးမည်။ 10ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့လိုက်၍ အခြားသောဘုရားများကို ဝတ်ပြုကိုးကွယ်သော ဤလူမျိုးတို့သည် သုံးမရသောခါးပတ်ကဲ့သို့ ဖြစ်ကြမည်”ဟု မိန့်တော်မူ၏။ 11တစ်ဖန် ထာဝရဘုရားက “လူသည် ခါး၌ခါးပတ်ကို စည်းထားသကဲ့သို့ အစ္စရေးအမျိုးအနွယ်နှင့် ယုဒအမျိုးအနွယ်အပေါင်းတို့ကို ငါ့လူမျိုးတော်၊ ငါ့နာမတော်၊ ငါ့ဘုန်းတော်၊ ငါ့ဂုဏ်တော်အဖြစ် ငါ့ခါး၌စည်းထားသော်လည်း သူတို့သည် ငါ့စကားကို နားမထောင်ကြ”ဟု မိန့်တော်မူ၏။
စပျစ်ဝိုင်အိုး
12သင်သည်လည်း သူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘အိုးရှိသမျှသည် စပျစ်ဝိုင်နှင့်ပြည့်ရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောလော့။ ထိုအခါ သူတို့က “အိုးရှိသမျှသည် စပျစ်ဝိုင်နှင့်ပြည့်ရမည်ကို ငါတို့မသိသလော”ဟု ပြန်ပြောကြလိမ့်မည်။ 13ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။ 14သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ဘုရားသခင်သတိပေးသံ
15ထာဝရဘုရားအမိန့်တော်ရှိ၏။ နားထောင်ကြ။ အာရုံစိုက်ကြလော့။ မထောင်လွှားကြနှင့်။ 16ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။ 17သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။ 18ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။ 19တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။ 20မြောက်ဘက်အရပ်မှလာသောသူတို့ကို မျှော်ကြည့်လော့။ သင့်အား ပေးအပ်ထားသောသိုးစု၊ သင်ဂုဏ်ယူရာသိုးကား အဘယ်မှာနည်း။
ဂျေရုဆလင်မြို့ရသောဝေစု
21သင်ကိုယ်တိုင်သင်ကြားပေးသောသူ၊ သင်၏မိတ်ဆွေဖြစ်သောသူကို သင်၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူလျှင် သင်မည်သို့ဆိုမည်နည်း။ သားဖွားသောမိန်းမကဲ့သို့ သင်နာကျင်ခံစားရမည်မဟုတ်လော။ 22သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။ 23အီသီယိုးပီးယားလူသည် မိမိအသားအရေကိုလည်းကောင်း၊ ကျားသစ်သည် အကွက်အကျားဖြစ်နေသည်ကိုလည်းကောင်း ပြောင်းလဲပစ်နိုင်သလော။ ပြောင်းလဲနိုင်မည်ဆိုလျှင် ဆိုးညစ်သောအမှုကိုပြုမြဲပြုတတ်သောသင်တို့သည် ကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်။ 24သို့ဖြစ်၍ ကန္တာရလေတိုက်သွားသောဖွဲကဲ့သို့ သူတို့ကို ငါကွဲလွင့်စေမည်။ 25ထာဝရဘုရားက “သင်သည် ငါ့ကိုမေ့လျော့၍ အချည်းနှီးသောအရာကို ယုံကြည်ကိုးစားသောကြောင့် ဤသည်ကား သင့်ကို ငါခွဲဝေပေးသော ဝေစုဖြစ်၏။ 26ငါကိုယ်တော်တိုင် သင့်အဝတ်ကို မျက်နှာဖုံးသည်အထိလှန်ပစ်မည်။ သင့်အရှက် ထင်ရှားလိမ့်မည်။ 27သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: