ယေရမိအနာဂတ္တိကျမ်း 14
14
မိုးခေါင်ခြင်း
1မိုးခေါင်မည့်အကြောင်းနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။ 2ယုဒပြည် ငိုကြွေးမြည်တမ်းလေပြီ။ မြို့တံခါးတို့လည်း အားလျော့ကြပြီ။ မြေကြီးပေါ်တွင် ဝမ်းနည်းပူဆွေးကြလေပြီ။ ဂျေရုဆလင်မြို့၏အော်ဟစ်ငိုကြွေးသံသည် ထွက်ပေါ်လာပြီ။ 3မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။ 4မြေကြီးပေါ်၌ မိုးမရွာဘဲ မြေအက်ကွဲသောကြောင့် လယ်သမားတို့သည် ရှက်ရှက်နှင့် ခေါင်းခြုံထားကြ၏။ 5သမင်မပင်လျှင် ကွင်းပြင်၌ သားပေါက်ပြီး မြက်ပင်မရှိသောကြောင့် သားငယ်ကိုစွန့်ပစ်ရ၏။ 6မြည်းရိုင်းတို့သည် တောင်ကတုံးပေါ်၌ရပ်၍ ခွေးအကဲ့သို့ အသက်ရှူကြ၏။ မြက်မစားရ#14:6 တိုက်ရိုက်ပြန်ဆိုလျှင် “မြက်မရှိ”။သောကြောင့် မျက်စိမှုန်ဝေကြကုန်၏။ 7အကျွန်ုပ်တို့၏အပြစ်များက အကျွန်ုပ်တို့ကိုသက်သေထူနေသော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာလမ်းလွဲဖောက်ပြန်၍ ကိုယ်တော်ကိုပြစ်မှားကြပါပြီ။ 8အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။ 9အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
10ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
ပရောဖက်အတုအယောင်တို့ အပြစ်ဒဏ်ခံရခြင်း
11ထာဝရဘုရားက ငါ့အား “ဤလူမျိုးကောင်းစားဖို့ ဆုမတောင်းပေးနှင့်။ 12သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
13ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ ပရောဖက်တို့က ‘သင်တို့သည် ဓားဘေးနှင့်ကြုံရမည်မဟုတ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် သင်တို့ထံရောက်လာမည်မဟုတ်။ ဤအရပ်၌ သင်တို့အား စစ်မှန်သောငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ သူတို့အား ဆင့်ဆိုကြပါသည်”ဟု လျှောက်ဆို၏။
14ထာဝရဘုရားကလည်း “ထိုပရောဖက်တို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ငါသည် သူတို့ကိုမစေလွှတ်၊ မမိန့်မှာ၊ မမြွက်ဆို။ သူတို့သည် သင်တို့အား မဟုတ်မမှန်သောဗျာဒိတ်နိမိတ်၊ ဂမ္ဘီရအတတ်၊ အကျိုးမဲ့သောအရာ၊ သူတို့စိတ်ထဲရှိလှည့်စားမှုအတိုင်း ပရောဖက်ပြုကြ၏။
15ထို့ကြောင့် ထာဝရဘုရားက ထိုပရောဖက်တို့သည် ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် ‘ဤပြည်၌ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးမရှိ’ဟု ပရောဖက်ပြုဟောပြောကြသောကြောင့် သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဆုံးစေမည်။ 16ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
ယေရမိတောင်းဆိုချက်
17ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။ 18ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။ 19ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။ 20အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဆိုးယုတ်မှု၊ ဘိုးဘေးတို့၏အပြစ်တို့ကို ဝန်ခံပါ၏။ အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိကြပါပြီ။ 21ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။ 22လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 14: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: