ယေရမိအနာဂတ္တိကျမ်း 15
15
ဘုရားသခင်၏တုံ့ပြန်မှု
1တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။ 2သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”#ဗျာ 13:10။ဟု မိန့်တော်မူ၏။
3တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။ 4ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။ 5အို ဂျေရုဆလင်မြို့၊ သင့်ကိုမည်သူသနားမည်နည်း။ မည်သူစာနာထောက်ထားမည်နည်း။ မည်သူသည် သင့်အား သာကြောင်းမာကြောင်း လှည့်၍နှုတ်ခွန်းဆက်မည်နည်း”ဟု မိန့်တော်မူ၏။ 6တစ်ဖန် ထာဝရဘုရားက “သင်သည် ငါ့ကို ပစ်ပယ်လေပြီ။ ငါ့ကို ကျောခိုင်းသွားလေပြီ။ ထို့ကြောင့် ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ သင့်ကို သက်ညှာရသည်မှာ ငါပင်ပန်းလှပြီ။ 7ငါသည် သူတို့ကို ဤပြည်ရှိမြို့တံခါးများ၌ ဆန်ကောဖြင့်လှေ့မည်။ သူတို့၏သားသမီးများကို ဆုံးပါးစေမည်။ ငါ့လူမျိုးသည် လမ်းလွဲရာမှ ပြန်မလာသောကြောင့် သူတို့ကို ငါဖျက်ဆီးမည်။ 8မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။ 9“သားခုနစ်ယောက်မိခင်သည် အားလျော့၍ အသက်ငင်လေပြီ။ နေ့အချိန်၌ပင် သူ့ဘဝနေဝင်ချိန်ရောက်လေပြီ။ သူသည် အရှက်ကွဲသောသူ၊ မျက်နှာပျက်သောသူ ဖြစ်ရလေပြီ။ သူတို့ထဲမှကြွင်းကျန်သောသူတို့ကိုလည်း သူတို့ရန်သူတို့၏ဓားဖြင့် ဆုံးစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယေရမိ စောဒကတက်ခြင်း
10အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
ဘုရားသခင်၏တုံ့ပြန်မှု
11ထာဝရဘုရားက “အကယ်စင်စစ် သင်၏ကောင်းကျိုးချမ်းသာအတွက် သင့်ကို ငါကယ်တင်မည်။ ဘေးရောက်ချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ရန်သူတို့က သင့်ကို တောင်းပန်လာစေရမည်။ 12သံ၊ အထူးသဖြင့် မြောက်အရပ်မှသံ၊ သို့မဟုတ် ကြေးနီကို ချိုးနိုင်သောသူရှိသလော။ 13သင့်ပြည်တစ်လျှောက်လုံးတွင် သင်ပြုသောအပြစ်ကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာတို့ကို လုယူဖျက်ဆီးရာအဖြစ် အဖိုးအခမဲ့ ငါပေးလိုက်မည်။ 14တောက်လောင်သောငါ့အမျက်မီးသည် သင်တို့ကိုလောင်ကျွမ်းမည်ဖြစ်၍ သင်မသိသောပြည်သို့ ရန်သူတို့နှင့်အတူ သင်လိုက်ပါသွားရမည်”ဟု မိန့်တော်မူ၏။
လက်တုံ့ပြန်ပေးရန် ယေရမိဆုတောင်းခြင်း
15အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။ 16ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။ 17အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။ 18အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
နောင်တရရန် ယေရမိဟောပြောခြင်း
19ထို့ကြောင့် ထာဝရဘုရားက “သင်ပြန်လာလျှင် သင့်ကို ငါလက်ခံမည်။ ငါ့ရှေ့၌ သင်ရပ်ရလိမ့်မည်။ အကျိုးမဲ့သောစကားထက် အကျိုးရှိသောစကားကိုပြောလျှင် သင်သည် ငါ၏နှုတ်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်မသွားရ။ သူတို့သည် သင်ရှိရာသို့ ပြန်လာကြလိမ့်မည်။ 20ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။ 21ထာဝရဘုရားက “ဆိုးညစ်သောသူတို့လက်ထဲမှ သင့်ကိုကယ်နုတ်မည်။ ကြမ်းကြုတ်သောသူ၏လက်ထဲမှ သင့်ကိုရွေးနုတ်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: