ယေရမိအနာဂတ္တိကျမ်း 32
32
ယေရမိ လယ်တစ်ကွက်ဝယ်ယူခြင်း
1နေဗုခဒ်နေဇာမင်းကြီးနန်းစံတစ်ဆယ့်ရှစ်နှစ်၊ ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံဆယ်နှစ်တွင် ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၏။ 2ထိုအချိန်သည် ဘေဘီလုံဘုရင်၏စစ်သည်တို့ ဂျေရုဆလင်မြို့ကို ဝိုင်းထားကြသောအချိန်၊ ပရောဖက်ယေရမိသည်လည်း ယုဒဘုရင်၏နန်းတော်ရှိထောင်ဝင်းထဲတွင် ချုပ်နှောင်ထားခြင်းခံနေရသောအချိန်ဖြစ်၏။ 3ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။ 4ယုဒဘုရင်ဇေဒကိသည် ခါလဒဲတပ်၏လက်မှလွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ အမှန်ရောက်ရလိမ့်မည်။ သူသည် ဘေဘီလုံဘုရင်နှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရမည်။ 5ဇေဒကိကို ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားလိမ့်မည်။ သူ့ကို ငါထာဝရဘုရားအကြည့်အရှုမကြွလာမချင်း ထိုမြို့၌ သူနေရလိမ့်မည်။ သင်တို့သည် ခါလဒဲ၏တပ်ကို တိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်ဟု ပရောဖက်ပြုဟောပြောရသနည်း”ဟု မိန့်ဆို၏။
6ယေရမိက “ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ ဤသို့မိန့်ဆို၏။ 7‘သင်၏ဘထွေး ရှလ္လုံ၏သားဟာနမေလသည် သင့်ဆီသို့လာ၍ အာနသုတ်မြို့ရှိ ငါ၏လယ်ကို သင်ရွေးနုတ်ပိုင်ခွင့်ရှိသည်ဖြစ်၍ ရွေးနုတ်ဝယ်ယူပါလော့’ဟု ဆိုလိမ့်မည်။
8ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။ 9ထို့ကြောင့် ငါသည် အာနသုတ်မြို့ရှိ ငါ့ဘထွေး၏သား ဟာနမေလထံမှ လယ်ကိုဝယ်ယူလေ၏။ သူ့ကို ငွေတစ်ဆယ့်ခုနစ်ရှယ်ကယ်#32:9 “12.75 ကျပ်သား သို့မဟုတ် 198 ဂရမ်”။ ချိန်ပေးလေ၏။ 10သက်သေများကိုလည်းခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်၏။ ငွေကို ချိန်ခွင်၌ ချိန်တွယ်ပေး၏။ 11သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းနှင့်အညီ တံဆိပ်ခတ်ထားသောအဝယ်စာချုပ်နှင့် တံဆိပ်မခတ်ထားသောအဝယ်စာချုပ်ကို ယူပြီး 12ငါ့ဘထွေး၏သား ဟာနမေလရှေ့၊ အဝယ်စာချုပ်၌ လက်မှတ်ရေးထိုးသောသက်သေများရှေ့၊ ထောင်ဝင်း၌ထိုင်နေကြသော ဂျူးလူမျိုးအားလုံးရှေ့တွင် မာသေယ၏မြေး၊ နေရိ၏သား ဗာရုတ်လက်သို့ အဝယ်စာချုပ်ကိုပေးအပ်၏။
13ထို့နောက် ထိုသူတို့ရှေ့၌ ဗာရုတ်အား
14‘အစ္စရေး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက တံဆိပ်ခတ်ထားသောအဝယ်စာချုပ်နှင့် တံဆိပ်မခတ်ထားသောအဝယ်စာချုပ်တို့ မပျောက်ပျက်ဘဲ အချိန်ကြာမြင့်စွာရှိနေစေရန် ထိုစာချုပ်တို့ကိုယူ၍ အိုးထဲ၌ထားရမည်ဟု မိန့်တော်မူ၏။ 15အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
16ငါသည် အဝယ်စာချုပ်ကို နေရိ၏သား ဗာရုတ်ထံပေးအပ်ပြီးနောက် ထာဝရဘုရားထံ ဆုတောင်းလျက် 17‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်အတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုမျှမရှိပေ။#က 18:14၊ မာ 10:27။ 18ကိုယ်တော်သည် မျိုးဆက်အထောင်အသောင်းကို မေတ္တာကရုဏာပြသောအရှင်ဖြစ်သကဲ့သို့ ဘိုးဘေးတို့၏အပြစ်ကို သားသမီးတို့အား အပြည့်အဝပြန်ပေးဆပ်စေသောအရှင်လည်းဖြစ်၏။ နာမတော်ကား ကြီးမြတ်သော၊ တန်ခိုးကြီးသောဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ 19ကိုယ်တော်၏အကြံအစည်တော်သည် ထူးကဲပါ၏။ ပြုတော်မူသောအမှုတော်သည် ကြီးမြတ်ပါ၏။ လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူသားတို့လျှောက်သောလမ်းအားလုံးကို စောင့်ကြည့်တော်မူ၏။ 20ကိုယ်တော်သည် အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ပြုတော်မူသကဲ့သို့ ယနေ့အထိလည်း အစ္စရေးလူမျိုးနှင့်လူမျိုးတကာတို့တွင် ပြုတော်မူ၍ နာမတော်ကို ယနေ့ကဲ့သို့ ထင်ရှားစေတော်မူ၏။ 21နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများပြုလျက်၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် ကြောက်မက်ဖွယ်အမှုကြီးတို့ကိုပြု၍ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ 22ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့အား ပေးတော်မူ၏။ 23သူတို့သည် ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ကြသော်လည်း စကားတော်ကိုနားမထောင်ကြ။ တရားတော်အတိုင်း မလိုက်လျှောက်ကြ။ ကိုယ်တော်မိန့်မှာသောအမှုတို့ကိုလည်း တစ်စုံတစ်ခုမျှမလုပ်ဆောင်ကြ။ သို့ဖြစ်၍ ကိုယ်တော်သည် ဤဘေးအန္တရာယ်အပေါင်းတို့ကို သူတို့အပေါ်သို့ ကျရောက်စေတော်မူပြီ။ 24ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။ 25အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်က အကျွန်ုပ်အား အသိသက်သေခေါ်၍ ထိုလယ်ကို ငွေပေးဝယ်ယူလော့ဟု မိန့်ဆိုသော်လည်း ဤမြို့သည် ခါလဒဲတပ်၏လက်သို့ရောက်သွားပါပြီတကား’ဟူ၍ လျှောက်ဆိုသည်”ဟု ဆိုလေ၏။
26တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍ 27“ကြည့်ရှုလော့။ ငါသည် သတ္တဝါအပေါင်းတို့ကိုဖန်ဆင်းသော ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ့အတွက် ခက်ခဲလွန်းသောအရာရှိမည်လော။ 28ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ခါလဒဲတပ်၏လက်သို့၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်သို့ အပ်မည်။ သူသည် မြို့ကိုသိမ်းပိုက်လိမ့်မည်။ 29ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။ 30အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့သည် ငယ်စဉ်ကတည်းက မကောင်းမှုကိုသာ ငါ့မျက်စိရှေ့တွင် ပြုကြပြီ။ အကယ်စင်စစ် အစ္စရေးအမျိုးသားတို့သည် ကိုယ့်လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု မိန့်တော်မူ၏။ 31ထာဝရဘုရားက ‘ဤမြို့သည် တည်သည့်အချိန်မှစ၍ ယနေ့အထိ ငါ့အမျက်ဒေါသကို နှိုးဆော်လေပြီ။ ငါသည် ဤမြို့ကို ငါ့ရှေ့မှောက်မှဖယ်ရှားမည်။ 32အကြောင်းမူကား အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့နှင့်တကွ သူတို့၏ဘုရင်များ၊ မှူးမတ်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် မကောင်းမှုကိုပြု၍ ငါ့အမျက်ကိုနှိုးဆော်ကြပြီ။ 33သူတို့ကို အကြိမ်ကြိမ်ဆုံးမသွန်သင်သော်လည်း သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို မနာခံဘဲ ငါ့ကိုမျက်နှာလွှဲ၍ ကျောခိုင်းသွားကြပြီ။ 34ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။ 35ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် ရွံရှာဖွယ်အမှုဖြစ်သည့် ဗင်ဟိန္နုံချိုင့်ဝှမ်း၌ ဗာလကုန်းမြင့်ကိုတည်ခြင်း၊ သူတို့၏သားသမီးများကို မောလုတ်ဘုရားအားပူဇော်ခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ယုဒအမျိုးတို့ကို အပြစ်ဖြစ်စေကြပြီ’ဟု မိန့်တော်မူ၏။
36ထို့ကြောင့် ‘ဤမြို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဘေဘီလုံဘုရင်လက်သို့ ရောက်ရလိမ့်မည်’ဟု သင်တို့ဆိုသော ဤမြို့နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက 37‘ကြည့်ရှုလော့။ ငါသည် ပြင်းစွာသောအမျက်ဒေါသဖြင့် သူတို့ကိုနှင်ထုတ်ခဲ့ရာအရပ်ရပ်တို့မှ ပြန်လည်စုဝေးစေပြီး ဤအရပ်သို့ ပြန်လာစေမည်။ ဘေးကင်းလုံခြုံစွာနေထိုင်စေမည်။ 38သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။#ယေဇ 37:27၊ ၂ကော 6:16၊ ဟေဗြဲ 8:10။ 39ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
40သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။ 41သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
42ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ဤလူမျိုးအပေါ် ကြီးမားသောဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေသည့်နည်းတူ ငါကတိထားသော ကောင်းကျိုးချမ်းသာအလုံးစုံကိုလည်း သူတို့အပေါ် သက်ရောက်စေမည်။ 43လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံသောပြည်၊ ခါလဒဲတပ်၏လက်သို့ ရောက်သွားသောပြည်ဖြစ်၏ဟု သင်တို့ပြောသော ထိုပြည်မှလယ်ကို ဝယ်ယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။ 44ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 32: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: