ယေရမိအနာဂတ္တိကျမ်း 33
33
အစ္စရေးပြည်ကို ပြန်လည်တည်ထောင်ခြင်း
1ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍ 2“ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရား၊ ပုံဖော်ဖြစ်တည်စေတော်မူသောထာဝရဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားက 3‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။ 4ခါလဒဲလူတို့၏မြေကတုတ်နှင့် ဓားဘေးကိုခုခံကာကွယ်ရန် ဖြိုဖျက်ခံရသော ဤမြို့တွင်းရှိ အိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက 5‘သူတို့သည် ခါလဒဲတပ်နှင့်တိုက်ခိုက်ရန်သွားကြသော်လည်း သူတို့၏မကောင်းမှုများကြောင့် ဤမြို့ကို ငါမျက်နှာလွှဲပြီဖြစ်၍ မြို့ထဲ၌ ငါ့အမျက်ဒေါသဖြင့်ကွပ်မျက်သော အလောင်းကောင်တို့နှင့်သာ ပြည့်လိမ့်မည်။ 6သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။ 7ဖမ်းခေါ်သွားခြင်းခံရသော ယုဒလူမျိုး၊ အစ္စရေးလူမျိုးတို့ကို ပြန်လာစေမည်။ ယခင်ကကဲ့သို့ ပြန်လည်တည်ဆောက်မည်။ 8ငါ့ကိုပြစ်မှားခဲ့သောအပြစ်ရှိသမျှတို့နှင့် သူတို့ကိုကင်းစင်စေမည်။ ငါ့ကိုပြစ်မှားခြင်း၊ ငါ့ကိုပုန်ကန်ခြင်းအပြစ်ရှိသမျှတို့ကို ငါခွင့်လွှတ်မည်။ 9ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
10ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင် 11ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
12ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်ခဲ့သော ဤအရပ်ရှိမြို့ရွာအားလုံးတွင် သိုးထိန်းတို့ သိုးများကိုထိန်းကျောင်းရာ စားကျက်မြေရှိလာလိမ့်မည်’ဟု မိန့်တော်မူ၏။ 13ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်#33:13 တိုက်ရိုက်ပြန်ဆိုလျှင် “သိုးစုသည် ရေတွက်သူ၏လက်အောက်၌ တစ်ဖန်ဖြတ်သွားရလိမ့်မည်”။’ဟု မိန့်တော်မူ၏။
ဒါဝိဒ်နှင့် ထာဝရဘုရားဖွဲ့သောပဋိညာဉ်
14ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒအမျိုးအနွယ်၊ အစ္စရေးအမျိုးအနွယ်တို့ကို ကောင်းကျိုးချမ်းသာပြုပေးမည်ဟူသော ငါ့ကတိကို ပြည့်စုံစေမည့်နေ့ရောက်လာလေပြီ။ 15ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။ 16ထိုနေ့၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဂျေရုဆလင်မြို့သူမြို့သားတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုမြို့အား ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရားဟူ၍ ခေါ်ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
17ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်၏ရာဇပလ္လင်ပေါ်တွင်စိုးစံသော ဒါဝိဒ်မင်းမျိုးမပြတ်ရ။ 18နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
19ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာပြန်၍ 20“ထာဝရဘုရားက ‘နေ့နှင့်ညတို့ သူ့အချိန်နှင့်သူ ရောက်မလာအောင် နေ့နှင့်ဆိုင်သောပဋိညာဉ်၊ ညနှင့်ဆိုင်သောပဋိညာဉ်ကို သင်တို့ချိုးဖောက်နိုင်လျှင် 21ငါ၏အစေအပါးဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်ပျက်ပြီး သူ၏ရာဇပလ္လင်ပေါ် စိုးစံသောမင်းမျိုးပြတ်မည်။ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုး ယဇ်ပုရောဟိတ်တို့နှင့်ဖွဲ့သောပဋိညာဉ်လည်း ပျက်မည်။ 22ကောင်းကင်ကြယ်များ မရေတွက်နိုင်အောင်များပြားသကဲ့သို့၊ သမုဒ္ဒရာသဲလုံးများ အတိုင်းအဆမရှိများပြားသကဲ့သို့ ငါ့အစေအပါးဒါဝိဒ်အမျိုးအနွယ်၊ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုးတို့ကို ငါများပြားစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
23ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာပြန်၍ 24“လူတို့က ‘ထာဝရဘုရားသည် မိမိရွေးချယ်တော်မူသောလူမျိုးနှစ်မျိုးကို စွန့်ပယ်တော်မူပြီ’ဟု ပြောဆိုကြသောစကားကို သင်သတိမပြုမိသလော။ သူတို့သည် ငါ့လူမျိုးတော်ကို မထီလေးစားပြုကြလေပြီ။ လူမျိုးတစ်မျိုးအဖြစ် မမှတ်ကြတော့ပေ။ 25ထာဝရဘုရားက ‘ငါသည် နေ့နှင့်ညအတွက် ပဋိညာဉ်မဖွဲ့ထားခဲ့လျှင်၊ ကောင်းကင်နှင့်မြေကြီးအတွက် ပြဋ္ဌာန်းချက် မစီရင်ထားခဲ့လျှင် 26ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 33: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: