YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 45

45
ဗာရုတ်အား ဘုရားသခင်မိန့်ဆိုသောစကား
1ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​စတုတ္ထ​နှစ်​၌ နေရိ​၏​သား​ဗာရုတ်​သည် ယေရမိ​နှုတ်​မှ​ခေါ်ပေး​သည့်​နှုတ်ကပတ်တော်​များ​ကို စာလိပ်​ပေါ်၌​ရေးသား​ပြီးသည့်နောက် ပရောဖက်​ယေရမိ​က 2“အို ဗာရုတ်​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​အား 3‘​သင်​က ငါ​၌ အမင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​သည် ငါ့​ဒုက္ခဝေဒနာ​အပေါ် ဝမ်းနည်း​ခြင်း​ကို ထပ်ဆင့်တင်​တော်မူ​သဖြင့် ငါ​သည် ညည်းတွား​ရ​၍ ပင်ပန်း​လှ​ပြီ​၊ သက်သာ​ရာ​မ​ရ​ဟူ၍ ဆို​လေ​ပြီ​’​ဟု မိန့်​တော်မူ​၏​။ 4ထို့ကြောင့် ဗာရုတ်​အား ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​တည်ထောင်​ခဲ့​သော​၊ ငါ​စိုက်ပျိုး​ခဲ့​သော ဤ​ပြည်​တစ်ပြည်လုံး​ကို ငါ​ဖြိုဖျက်​မည်​၊ နုတ်ပစ်​မည်’​ဟု မိန့်​တော်မူ​၏​။ 5ထာဝရဘုရား​က ‘ကြီးမြတ်​သော​အရာ​ကို သင်​ရှာ​နေ​သလော​။ မ​ရှာ​ပါ​နှင့်​။ ကြည့်ရှု​လော့​။ ငါ​သည် လူ​အပေါင်း​တို့​ကို ဘေးအန္တရာယ်​သင့်​စေ​မည်​။ သင့်​ကို​ကား သင်​ရောက်​လေရာရာ​အရပ်​တို့​၌ တိုက်ယူပစ္စည်း​ကဲ့သို့ သင့်​အသက်​ကို ငါ​ပေး​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 45: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ