ယေရမိအနာဂတ္တိကျမ်း 46
46
လူမျိုးခြားတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1လူမျိုးခြားတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ရောက်လာ၏။
အီဂျစ်ပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
2ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်၊ ယူဖရေးတီးမြစ်#46:2 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။နား ကာခေမိတ်အရပ်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စစ်ရှုံးခဲ့သော အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီး၏စစ်သည်နှင့်တကွ အီဂျစ်ပြည်သားတို့နှင့်ပတ်သက်၍ 3ထာဝရဘုရားက “ဒိုင်းလွှားကြီး၊ ဒိုင်းလွှားငယ်တို့ကို ပြင်ဆင်ကြ။ စစ်ချီတက်ကြ။ 4မြင်းစီးသူရဲတို့၊ မြင်းများကို ကကြိုးဆင်ကြ၊ စီးကြ။ နေရာယူကြ။ သံခမောက်ဆောင်းကြ။ လှံတို့ကို သွေးကြ။ သံချပ်အင်္ကျီတို့ကို ဝတ်ဆင်ကြ။ 5ငါမြင်ရသောအရာကား အဘယ်နည်း။ သူတို့ ကြောက်၍ နောက်ပြန်ဆုတ်ကြပါသည်တကား။ သူတို့၏စစ်သူရဲတို့သည် ချေမှုန်းခြင်းခံရသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးကြပါသည်တကား။ ကြောက်လန့်စရာများ ဝိုင်းရံနေပါသည်တကား”ဟု မိန့်တော်မူ၏။ 6အပြေးမြန်သောသူလည်း ပြေးမလွတ်။ ခွန်အားကြီးသောသူလည်း မလွတ်မြောက်။ သူတို့သည် မြောက်အရပ် ယူဖရေးတီးမြစ်#46:6 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။အနား၌ လဲကျသေဆုံးကြပြီတကား။ 7နိုင်းမြစ်ရေကဲ့သို့ ဟုန်းဟုန်းထနေသောသူကား မည်သူနည်း။ မြစ်ရေကဲ့သို့ လှုပ်ခါနေသောသူကား မည်သူနည်း။ 8နိုင်းမြစ်ကဲ့သို့ ဟုန်းဟုန်းထနေသော၊ မြစ်ရေကဲ့သို့ လှုပ်ခါနေသောသူကား အီဂျစ်ဘုရင်ပေတည်း။ သူက “ငါသည် မြေကြီးကို ထ၍လွှမ်းမိုးမည်။ ငါသည် မြို့နှင့်တကွ ထိုမြို့သားတို့ကို ဖျက်ဆီးမည်”ဟု ဆို၏။ 9အို စစ်မြင်းတို့၊ စစ်ချီကြ။ အို စစ်ရထားတို့၊ ဒုန်းစိုင်းနှင်ကြ။ ဒိုင်းလွှားကိုစွဲကိုင်သော အီသီယိုးပီးယားလူမျိုးနှင့် ဖုတလူမျိုး စစ်သူရဲတို့၊ လေးသည်တော် လုဒိမ်လူမျိုးစစ်သူရဲတို့၊ ချီတက်ကြ။ 10ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်#46:10 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။ 11အို အီဂျစ်သမီးပျို၊ ဂိလဒ်ပြည်သို့သွား၍ လိမ်းဆေးကိုယူလော့။ သင်သည် ဆေးအမျိုးစုံလိမ်းသော်လည်း အချည်းနှီးသာဖြစ်၏။ သင့်အနာ ပျောက်ကင်းမည်မဟုတ်။ 12သင်အရှက်ကွဲသည်ကို လူမျိုးတကာတို့ ကြားသိလေပြီ။ သင့်အော်ဟစ်ငိုကြွေးသံသည်လည်း မြေတစ်ပြင်လုံးကို ဖုံးလွှမ်းလေပြီ။ စစ်သူရဲအချင်းချင်းတိုက်မိ၍ သူတို့နှစ်ယောက်စလုံး အတူတကွလဲကျလေပြီ။
13ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် အီဂျစ်ပြည်ကို လာရောက်တိုက်ခိုက်မည့်အကြောင်းကို ထာဝရဘုရားက ပရောဖက်ယေရမိအား မိန့်တော်မူ၏။ 14“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။ 15သင်၏စစ်သူရဲတို့သည် အဘယ်ကြောင့် ဝမ်းလျားမှောက်လဲကျကုန်ကြသနည်း။ ထာဝရဘုရားသည် သူတို့ကိုလှဲချလိုက်သောကြောင့် သူတို့မရပ်တည်နိုင်ကြ။ 16သူတို့ကို အတုံးအရုံးလဲကျစေသဖြင့် သူတို့ တစ်ဦးအပေါ်တစ်ဦးလဲကျကြပြီ။ သူတို့က “နိုင်ထက်စီးနင်းပြုသူ၏ဓားဘေးကြောင့် ငါတို့လူမျိုးရှိရာ ငါတို့မွေးရပ်မြေသို့ ထပြန်ကြစို့”ဟု ဆိုကြ၏။ 17“အပြောကြီးသော အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ အခွင့်ကောင်းကို သင်လက်လွတ်ရပြီ”ဟူ၍လည်း အော်ဟစ်ကြ၏။ 18ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။ 19အီဂျစ်ပြည်၌နေထိုင်သောသမီးပျို၊ အထုပ်အပိုးပြင်ဆင်ထားလော့။ သင်သည် ဖမ်းခေါ်သွားခြင်းခံရတော့မည်။ မင်ဖစ်မြို့သည် ဖျက်ဆီးခံရ၍ နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ 20အီဂျစ်ပြည်သည် အဆင်းလှသောနွားမတမ်းနှင့်တူ၏။ မြောက်အရပ်မှ မှက်ကောင်ရောက်လာနေပြီ။ 21အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။ 22သစ်ခုတ်သမားသည် သစ်ခုတ်ထွက်လာသကဲ့သို့ ရန်သူတို့သည် ပုဆိန်ကိုကိုင်လျက်အလုံးအရင်းနှင့် ချီတက်လာပြီဖြစ်၍ အီဂျစ်ပြည်ထဲမှအသံသည်လည်း လျှောကနဲပြေးထွက်သွားသောမြွေသံကဲ့သို့ ဖြစ်လေပြီ။ 23ထာဝရဘုရားက “သူတို့သည် မရေမတွက်နိုင်အောင် ကျိုင်းကောင်ကဲ့သို့များပြားသဖြင့် ပိန်းပိတ်နေသောအီဂျစ်တောအုပ်ကြီးကို ခုတ်လှဲပစ်ကြလိမ့်မည်။ 24အီဂျစ်သမီးပျို အရှက်ကွဲလေပြီ။ မြောက်ပြည်သားတို့လက်သို့ ရောက်ရလေပြီ”ဟု မိန့်တော်မူ၏။
25အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ 26ထာဝရဘုရားက “သူတို့၏အသက်ကိုရန်ရှာသော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ့အစေအပါးများလက်သို့ သူတို့ကို ငါအပ်မည်။ နောက်မှ အီဂျစ်ပြည်တွင် ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့အဖို့ အာမခံချက်
27ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေးလူမျိုး၊ စိတ်မပျက်နှင့်။ ကြည့်ရှုလော့။ ဝေးသောပြည်မှ သင့်ကို ငါကယ်တင်မည်။ ဖမ်းခေါ်သွားခြင်းခံရသောပြည်မှ သင့်သားစဉ်မြေးဆက်ကို ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်။ 28အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ သင်နှင့်အတူ ငါရှိမည်။ သင့်ကို ငါနှင်ထုတ်၍ သင်ရောက်လေရာအရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 46: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: