ယေရမိအနာဂတ္တိကျမ်း 47
47
ဖိလိတ္တိလူမျိုးတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1ဂါဇမြို့ကို ဖာရောမင်းကြီး မတိုက်ခိုက်မီ ဖိလိတ္တိလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာ၏။ 2ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။ 3မြင်းခွာသံတခွပ်ခွပ်၊ စစ်ရထားသံတဂျုန်းဂျုန်း၊ ဘီးလိမ့်သံတဒုန်းဒုန်းကြောင့် ဖခင်တို့သည် လက်မှိုင်ချ၍ သူတို့၏ကလေးများကိုပင် လှည့်မကြည့်နိုင်ကြ။ 4ဖိလိတ္တိလူမျိုးအားလုံးကို ဖျက်ဆီးမည့်နေ့၊ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့ကို စစ်ကူပေးသောကြွင်းကျန်သူရှိသမျှတို့ကို ပယ်ဖျက်မည့်နေ့ ရောက်လာပြီ။ ထာဝရဘုရားသည် ကတ္တောရကျွန်းရှိ ကြွင်းကျန်သောဖိလိတ္တိလူမျိုးတို့ကို ဖျက်ဆီးမည်။ 5ဂါဇမြို့သည် ခေါင်းတုံးဖြစ်လေပြီ။ အာရှကေလုန်မြို့သည် ဆိတ်ညံလေပြီ။ အို ချိုင့်ဝှမ်း၌ ကြွင်းကျန်သောသူတို့၊ မည်သည့်အချိန်အထိ ကိုယ့်အသားကို ကိုယ်မွှမ်းကြမည်နည်း။ 6အို ထာဝရဘုရား၏ဓားတော်၊ မည်မျှကြာအောင်အငြိမ်မနေဘဲ တိုက်ခိုက်နေဦးမည်နည်း။ ဓားအိမ်သို့ပြန်ဝင်ပါတော့။ ရပ်ပါတော့။ ငြိမ်ငြိမ်နေပါတော့။ 7ထာဝရဘုရားသည် ဓားကိုအမိန့်ပေးထားသည်ဖြစ်၍ ဓားက မည်သို့ငြိမ်ငြိမ်နေနိုင်မည်နည်း။ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းခြေဒေသတို့ကို တိုက်ခိုက်ရန် ဓားကိုအမိန့်ပေးတော်မူပြီ”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 47: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: