ယောဘဝတ္ထု 10
10
1ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။ 2ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။ 3ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။ 4ကိုယ်တော်၏မျက်စိသည် လူ၏မျက်စိနှင့်တူသလော။ လူတို့မြင်တတ်သကဲ့သို့ ကိုယ်တော်မြင်တော်မူသလော။ 5ကိုယ်တော်၏နေ့ရက်တို့သည် လူ၏နေ့ရက်တို့နှင့် တူသလော။ ကိုယ်တော်၏နှစ်တို့သည် လူ၏နှစ်တို့နှင့် တူသလော။ 6ထို့ကြောင့် ကိုယ်တော်သည် အကျွန်ုပ်၏အမှားကို ရှာ၍ အကျွန်ုပ်၏အပြစ်ကို စိစစ်နေသလော။ 7အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။ 8ကိုယ်တော့်လက်ဖြင့် အကျွန်ုပ်ကို စေ့စပ်သေချာစွာပုံဖော်ဖန်ဆင်းတော်မူခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်ကို ဖျက်ဆီးတော်မူမည်လော။ 9ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။ 10ကိုယ်တော်သည် အကျွန်ုပ်ကို နွားနို့ကဲ့သို့ လောင်းချပြီး ဒိန်ခဲကဲ့သို့ ခဲစေတော်မူသည်မဟုတ်လော။ 11အကျွန်ုပ်ကို အရေပြားနှင့်အသားတို့ဖြင့် ဖုံးအုပ်ပြီး အရိုးနှင့်အရွတ်တို့ဖြင့် ဖွဲ့စည်းတော်မူပါ၏။ 12အကျွန်ုပ်ကို အသက်ရှင်စေတော်မူပြီး မေတ္တာကရုဏာကိုလည်း ပြတော်မူပြီ။ အကျွန်ုပ်၏ဝိညာဉ်ကိုလည်း ကြည့်ရှုစောင့်ထိန်းတော်မူပြီ။ 13သို့သော် အကျွန်ုပ်၌ ဖြစ်နေသည့်အမှုတို့သည် ကိုယ်တော့်စိတ်ထဲမှ တိတ်တဆိတ်ကြံစည်ခြင်းများဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ 14အကျွန်ုပ်အပြစ်ပြုမိလျှင် ကိုယ်တော်မှတ်တော်မူပြီး အပြစ်မှကင်းလွတ်ခွင့်ကို အကျွန်ုပ်အား ပေးတော်မူမည်မဟုတ်။ 15အကျွန်ုပ်ဆိုးယုတ်လျှင် အကျွန်ုပ်၌ အမင်္ဂလာရှိ၏။ အကျွန်ုပ်ဖြောင့်မတ်လျှင်ပင် ခေါင်းမမော့ဝံ့ဘဲ အရှက်ကွဲလျက်နေရပါ၏။ အကျွန်ုပ်ခံရသောဆင်းရဲဒုက္ခကို ကြည့်ရှုလှည့်ပါ။ 16ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။ 17ကိုယ်တော်သည် အကျွန်ုပ်နှင့်ဆန့်ကျင်သောသက်သေများကို တစ်ခုပြီးတစ်ခုဖော်ပြတော်မူ၏။ အကျွန်ုပ်ကို ပို၍အမျက်ထွက်တော်မူပြီး အပြောင်းအလဲ၊ အတိုက်အခိုက်များနှင့်လည်း ကြုံတွေ့စေတော်မူ၏။ 18အဘယ်ကြောင့် အကျွန်ုပ်ကို အမိဝမ်းထဲမှ ထွက်လာစေသနည်း။ မည်သူမျှမမြင်ရမီ အကျွန်ုပ်သေခဲ့သင့်ပါ၏။ 19သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။ 20အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။ 21အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။ 22ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 10: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: