ယောဘဝတ္ထု 11
11
ဇောဖာ ပြောသောစကား
1ထိုအခါ နေမတ်အမျိုးသားဇောဖာက 2“မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။ 3သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။ 4သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။ 5သို့သော် ဘုရားသခင်သည် နှုတ်တော်ကိုဖွင့်လျက် သင့်ကို ပြန်ပြောတော်မူပါစေ။ 6ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။ 7သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။ 8ကောင်းကင်ထက်မြင့်သည်ဖြစ်၍ သင်မည်သို့တတ်နိုင်မည်နည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်မည်သို့သိနိုင်မည်နည်း။ 9တိုင်းတာကြည့်လျှင် မြေကြီးထက် ရှည်လျား၍ ပင်လယ်ထက် ကျယ်ဝန်း၏။ 10ကိုယ်တော်ကြွလာ၍ ဖမ်းဆီးချုပ်နှောင်မည်၊ လူစုလူဝေးဖြစ်စေမည်ဆိုလျှင် မည်သူဟန့်တားနိုင်မည်နည်း။ 11ကိုယ်တော်သည် လှည့်စားတတ်သောသူကို သိတော်မူ၏။ သူပြုသောဒုစရိုက်ကိုမြင်လျှင် မမှတ်ထားဘဲနေတော်မူမည်လော။ 12မြည်းရိုင်းသည် လူကိုမွေးထုတ်သောအခါမှသာ ပညာမဲ့သောသူသည် ပညာရှိဖြစ်လာနိုင်လိမ့်မည်။ 13သင်သည် ကိုယ့်စိတ်နှလုံးကို ပြင်ဆင်၍ ကိုယ်တော့်ထံ လက်ဖြန့်လျှင်၊ 14သင်ပြုသောအပြစ်ကို စွန့်ပစ်ပြီး သင့်တဲများ၌ မကောင်းမှုကို လက်မခံလျှင် 15သင်သည် အပြစ်ကင်းလျက် မျက်နှာမော်နိုင်လိမ့်မည်။ ကြောက်ရွံ့ခြင်းမရှိ လုံခြုံစွာနေရလိမ့်မည်။ 16အခက်အခဲပြဿနာကိုမေ့လျော့၍ စီးဆင်းသွားသောရေကဲ့သို့သာ အောက်မေ့လိမ့်မည်။ 17သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။ 18မျှော်လင့်ချက်ရှိသည်ဖြစ်၍ စိတ်အေးလက်အေးနေရလိမ့်မည်။ သင့်ပတ်ဝန်းကျင်ကိုကြည့်လျှင် လုံခြုံမှုရှိသည်ဖြစ်၍ နှစ်ခြိုက်စွာအိပ်ရလိမ့်မည်။ 19သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။ 20ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: