YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 11

11
ဇောဖာ ပြောသောစကား
1ထိုအခါ နေမတ်​အမျိုးသား​ဇောဖာ​က 2“​မြားမြောင်​သော​စကား​တို့​အတွက် ပြန်​မ​ပြော​ဘဲ​နေ​ရ​မည်လော​။ အပြောကောင်း​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​ဆို​ရ​မည်လော​။ 3သင်​ရောက်တတ်ရာရာ​ပြောဆို​သည်​ကို လူ​တို့​နှုတ်ဆိတ်​နေ​ရ​မည်လော​။ သင်​ပြက်ရယ်ပြု​သောအခါ လူ​တို့​မ​ရှက်​ဘဲ​နေ​ရ​မည်လော​။ 4သင်​က ‘​ငါ​၏​သွန်သင်ချက်​သည် စင်ကြယ်​၏​။ ကိုယ်တော့်​ရှေ့​တွင် ငါ​သန့်ရှင်း​၏​’​ဟု ဆို​၏​။ 5သို့သော် ဘုရားသခင်​သည် နှုတ်​တော်​ကို​ဖွင့်​လျက် သင့်​ကို ပြန်ပြော​တော်မူ​ပါစေ​။ 6ပြီးပြည့်စုံ​သော​ဉာဏ်ပညာ​သည် အသွား​နှစ်​ဖက်​ပါ​သည်​ဖြစ်၍ ဉာဏ်ပညာ​၏​လျှို့ဝှက်ချက်​ကို သင့်​အား ဖော်ပြ​တော်မူ​ပါစေ​။ ဘုရားသခင်​သည် သင့်​အပြစ်​များ​ကို မေ့လျော့​တော်မူ​ကြောင်း သိမှတ်​လော့​။ 7သင်​သည် ဘုရားသခင်​၏​လျှို့ဝှက်နက်နဲ​သော​အရာ​ကို ရှာတွေ့​နိုင်​မည်လော​။ အနန္တတန်ခိုးရှင်​၏​ပကတိ​အဖြစ်​တော်​ကို တွေ့ရှိ​နိုင်​မည်လော​။ 8ကောင်းကင်​ထက်​မြင့်​သည်​ဖြစ်၍ သင်​မည်သို့​တတ်နိုင်​မည်နည်း​။ မရဏာနိုင်ငံ​ထက်​နက်​သည်​ဖြစ်၍ သင်​မည်သို့​သိ​နိုင်​မည်နည်း​။ 9တိုင်းတာ​ကြည့်​လျှင် မြေကြီး​ထက် ရှည်လျား​၍ ပင်လယ်​ထက် ကျယ်ဝန်း​၏​။ 10ကိုယ်တော်​ကြွလာ​၍ ဖမ်းဆီးချုပ်နှောင်​မည်​၊ လူစုလူဝေး​ဖြစ်​စေ​မည်​ဆို​လျှင် မည်သူ​ဟန့်တား​နိုင်​မည်နည်း​။ 11ကိုယ်တော်​သည် လှည့်စား​တတ်​သော​သူ​ကို သိ​တော်မူ​၏​။ သူ​ပြု​သော​ဒုစရိုက်​ကို​မြင်​လျှင် မ​မှတ်ထား​ဘဲ​နေ​တော်မူ​မည်လော​။ 12မြည်းရိုင်း​သည် လူ​ကို​မွေးထုတ်​သောအခါ​မှသာ ပညာမဲ့​သော​သူ​သည် ပညာရှိ​ဖြစ်လာ​နိုင်​လိမ့်မည်​။ 13သင်​သည် ကိုယ့်​စိတ်နှလုံး​ကို ပြင်ဆင်​၍ ကိုယ်တော့်​ထံ လက်ဖြန့်​လျှင်​၊ 14သင်​ပြု​သော​အပြစ်​ကို စွန့်ပစ်​ပြီး သင့်​တဲ​များ​၌ မကောင်းမှု​ကို လက်​မ​ခံ​လျှင် 15သင်​သည် အပြစ်​ကင်း​လျက် မျက်နှာ​မော်​နိုင်​လိမ့်မည်​။ ကြောက်ရွံ့​ခြင်း​မ​ရှိ လုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ 16အခက်အခဲ​ပြဿနာ​ကို​မေ့လျော့​၍ စီးဆင်း​သွား​သော​ရေ​ကဲ့သို့သာ အောက်မေ့​လိမ့်မည်​။ 17သင့်​အသက်တာ​သည်​လည်း မွန်းတည့်ချိန်​ထက် ထွန်းလင်း​၍ မှောင်မိုက်​ခြင်း​သည်​ပင်လျှင် နံနက်ခင်း​ကဲ့သို့​ဖြစ်​လိမ့်မည်​။ 18မျှော်လင့်ချက်​ရှိ​သည်​ဖြစ်၍ စိတ်အေးလက်အေး​နေ​ရ​လိမ့်မည်​။ သင့်​ပတ်ဝန်းကျင်​ကို​ကြည့်​လျှင် လုံခြုံမှု​ရှိ​သည်​ဖြစ်၍ နှစ်ခြိုက်​စွာ​အိပ်​ရ​လိမ့်မည်​။ 19သင်​သည် ခြောက်လှန့်​မည့်​သူမ​ရှိ​ဘဲ လဲလျောင်း​ရ​လိမ့်မည်​။ လူ​များစွာ​တို့​သည် သင်​၏​မျက်နှာသာပေးမှု​ကို လိုချင်​ကြ​လိမ့်မည်​။ 20ဆိုးယုတ်​သော​သူ​တို့​၏​မျက်စိ​သည် မှုန်ဝါး​သွား​၍ လွတ်မြောက်​ရာ​လမ်း​လည်း​ရှိ​လိမ့်မည်​မ​ဟုတ်​။ သူ​တို့​၏​မျှော်လင့်ချက်​မှာ သေ​ခြင်း​သာ​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ