ယောဘဝတ္ထု 12
12
ယောဘက ဇောဖာကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။ 3ငါသည်လည်း သင်တို့ကဲ့သို့ အသိစိတ်ရှိ၍ သင်တို့ထက် မညံ့။ ဤကဲ့သို့သောအရာများကို အဘယ်သူမသိဘဲနေမည်နည်း။ 4ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။ 5ဘေးဆိုးကိုမကြုံဖူးသူသည် ဘေးဆိုးအား လှောင်ရယ်စရာတစ်ခုအဖြစ်လည်းကောင်း၊ ခြေချော်သူတို့ကြုံတွေ့ရန် အသင့်ရှိသောအရာတစ်ခုအဖြစ်လည်းကောင်း ထင်မှတ်တတ်၏။ 6ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။ 7တိရစ္ဆာန်တို့ကို မေးကြည့်လော့။ သင့်ကိုသွန်သင်လိမ့်မည်။ မိုးကောင်းကင်ငှက်တို့ကို မေးကြည့်လော့။ သင့်ကိုပြောပြလိမ့်မည်။ 8သို့မဟုတ်လျှင် မြေကြီးအကြောင်းကို ဆင်ခြင်ကြည့်ပါ။ သင့်ကို သွန်သင်လိမ့်မည်။ ပင်လယ်ငါးတို့သည်လည်း သင့်ကိုပြောပြကြလိမ့်မည်။ 9ဤအမှုအရာအား ထာဝရဘုရားစီရင်တော်မူကြောင်းကို သတ္တဝါအပေါင်းတို့ မသိဘဲနေမည်လော။ 10သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။ 11လျှာသည် အစားအစာ၏အရသာကို ခံစားတတ်သကဲ့သို့ နားသည်လည်း စကားတို့ကို ဆန်းစစ်တတ်သည်မဟုတ်လော။ 12အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။ 13ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။ 14ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။ 15ရေကိုတားတော်မူလျှင် ခန်းခြောက်သွားတတ်၏။ ရေကိုလွှတ်ပေးလိုက်လျှင် မြေကြီးကို လွှမ်းမိုးသွားတတ်၏။ 16ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။ 17ကိုယ်တော်သည် အတိုင်ပင်ခံအမတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ တရားသူကြီးတို့ကိုလည်း ရူးသွပ်စေတော်မူ၏။ 18ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။ 19ယဇ်ပုရောဟိတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ အားကြီးသောသူတို့ကိုလည်း ရှုံးနိမ့်စေတော်မူ၏။ 20ယုံကြည်စိတ်ချရသောသူတို့ကို နှုတ်ဆိတ်စေတော်မူ၍ သက်ကြီးဝါကြီးတို့၏ဆင်ခြင်ဉာဏ်ကို နုတ်ယူတော်မူ၏။ 21မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေ#12:21 တိုက်ရိုက်ပြန်ဆိုလျှင် “အားကြီးသူတို့၏ခါးပတ်ကို လျော့စေ”။တော်မူ၏။ 22မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။ 23တိုင်းနိုင်ငံတို့ကို အားကြီးစေပြီးမှ ဖျက်ဆီးပစ်တော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်ပြန့်စေပြီးမှ ကွဲလွင့်စေတော်မူ၏။ 24ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။ 25အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative