ယောဘဝတ္ထု 33
33
ဧလိဟုက ယောဘအားနှစ်သိမ့်ပေးခြင်း
1သို့ဖြစ်၍ အို ယောဘ၊ ယခု အကျွန်ုပ်ပြောမည့်စကားကို နားထောင်ပါလော့။ အကျွန်ုပ်ပြောသမျှကို အာရုံစိုက်ပါလော့။ 2ယခု အကျွန်ုပ်သည် နှုတ်ကိုဖွင့်တော့မည်။ ခံတွင်းထဲမှလျှာသည်လည်း ပြောဆိုတော့မည်။ 3ဖြောင့်မှန်သောစိတ်သဘောဖြင့် ပြောပါမည်။ သိထားသောအရာများကို နှုတ်ခမ်းဖြင့် ရိုးသားစွာပြောပါမည်။ 4ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်ကို ဖန်ဆင်းတော်မူ၏။ အနန္တတန်ခိုးရှင်၏ဇီဝအသက်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ 5သင်ပြန်ပြောနိုင်လျှင် ပြန်ပြောပါလော့။ အကျွန်ုပ်ကိုချေပနိုင်ရန် အသင့်ပြင်ထားပါလော့။ 6ဘုရားသခင်ရှေ့တော်တွင် သင်နှင့်အကျွန်ုပ်သည် အတူတူပင်ဖြစ်၏။ အကျွန်ုပ်ကိုလည်း မြေမှုန့်ဖြင့် ပုံဖော်ဖန်ဆင်းတော်မူခဲ့၏။ 7အကျွန်ုပ်ခြိမ်းခြောက်သောစကားကြောင့် ကြောက်လန့်စရာမလိုပါ။ သင့်ကို အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုနိုင်ပါ။ 8အကယ်စင်စစ် သင်ပြောပြ၍ သင့်စကားသံကို အကျွန်ုပ်ကြားရ၏။ 9သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။ 10သို့သော် ဘုရားသခင်သည် ငါ့ကို အပြစ်ရှာ၍ ရန်သူကဲ့သို့မှတ်တော်မူ၏။ 11ငါ့ခြေကို ထိတ်တုံးခတ်ပြီး ငါသွားသောလမ်းဟူသမျှကို စောင့်ကြည့်တော်မူ၏’ဟု ဆို၏။ 12ဤသို့ သင်ပြောသောစကားတို့သည် မမှန်ကန်ဟု အကျွန်ုပ်ဆိုမည်။ အကြောင်းမူကား ဘုရားသခင်သည် လူထက် ပို၍ကြီးမြတ်တော်မူ၏။ 13အဘယ်ကြောင့် ကိုယ်တော်ကို ရန်တွေ့ရသနည်း။ သင်ပြောသမျှကို ကိုယ်တော်မတုံ့ပြန်သောကြောင့်လော။ 14အကယ်စင်စစ် ဘုရားသခင်သည် တစ်ကြိမ်မက နှစ်ကြိမ်မိန့်တော်မူသော်လည်း မည်သူမျှသတိမမူ။ 15လူတို့ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်၊ အိပ်ရာထက်၌ အိပ်မောကျနေချိန် အိပ်မက်ထဲ၊ ညအချိန်မြင်ရသောစိတ်အာရုံထဲတွင် 16လူတို့၏နားကို ဖွင့်၍ သူတို့၏သွန်သင်ချက်ကို တံဆိပ်ခတ်တော်မူ၏။ 17ဤသို့ဖြင့် လူအား ကိုယ့်အကျင့်ဆိုးမှ လွှဲရှောင်စေတော်မူ၏။ လူ၏မာန်မာနကိုလည်း ချိုးနှိမ်တော်မူ၏။ 18သူ၏စိတ်ဝိညာဉ်ကို သေတွင်းနှင့်လည်းကောင်း၊ သူ့အသက်ကို ဖျက်ဆီးမည့်ဓားဘေးနှင့်လည်းကောင်း ကင်းဝေးစေတော်မူ၏။ 19သူသည် အိပ်ရာပေါ်တွင် နာကျင်ခြင်းဝေဒနာကို ခံစားရလျက်၊ သူ၏အရိုးများသည်လည်း တဆစ်ဆစ်ကိုက်ခဲနာကျင်လျက် ဆုံးမခြင်းကို ခံနေရ၏။ 20ထို့ကြောင့် သူ့စိတ်သည် အစားအစာကို ရွံရှာ၍ သူ့ဝိညာဉ်သည် စားကောင်းသောက်ဖွယ်ကို ရွံရှာ၏။ 21သူ၏အသားအရေများလည်း မမြင်ရလောက်အောင် ပိန်လှီသွားပြီး သူ၏မထင်ရှားဖူးသောအရိုးများမှာလည်း ငေါထွက်လေ၏။ 22သူ၏စိတ်ဝိညာဉ်သည် သေတွင်းသို့ ရောက်လုနီးပြီ။ သူ၏အသက်သည်လည်း သေဆုံးလုနီးပြီ။ 23လူအား သူဖြောင့်မှန်ကြောင်းဖော်ပြပေးနိုင်ရန် သူ့အတွက် ကြားဝင်စေ့စပ်ပေးနိုင်သောကောင်းကင်တမန် တစ်ထောင်တွင် တစ်ပါးသာရှိခဲ့လျှင် 24သူ့ကို သနားသောအားဖြင့် ကောင်းကင်တမန်က ‘သူ့ကို သေတွင်းမှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ရွေးနုတ်စရာအဖိုးအခကို တွေ့ပါပြီ’ဟု ဆိုလိမ့်မည်။ 25သူ၏အသားအရေသည် ကလေးအသားအရေကဲ့သို့ ဖြစ်လိမ့်မည်။ သူသည် ပျိုရွယ်စဉ်နေ့ရက်များကကဲ့သို့ ပြန်ဖြစ်လိမ့်မည်။ 26သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။ 27သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။ 28ငါ့ဝိညာဉ်ကို သေတွင်းသို့မရောက်အောင် ရွေးနုတ်တော်မူ၏။ ငါ့အသက်သည်လည်း အလင်းကို တွေ့မြင်ခွင့်ရ၏’ဟု ဆိုလိမ့်မည်။ 29ကြည့်ရှုလော့။ ဘုရားသခင်သည် ဤအမှုအလုံးစုံကို လူတို့အဖို့ နှစ်ကြိမ်၊ သုံးကြိမ်မက ပြုတော်မူပြီ။ 30သူ၏စိတ်ဝိညာဉ်ကို သေတွင်းမှပြန်ဆွဲထုတ်ပြီး အသက်၏အလင်းကို ထွန်းလင်းစေတော်မူ၏။ 31အို ယောဘ၊ အကျွန်ုပ်ကို အာရုံစိုက်နားထောင်ပါလော့။ တိတ်တိတ်နေပါလော့။ အကျွန်ုပ်ပြောမည်။ 32သင်ပြောစရာရှိလျှင် ပြန်ပြောပါလော့။ သင်ဖြောင့်မတ်ကြောင်းကို ငါဖော်ပြလိုသည်ဖြစ်၍ ပြောပါလော့။ 33အကျွန်ုပ်ကို ပြန်ပြောစရာမရှိလျှင် နားထောင်ပါလော့။ တိတ်တိတ်နေပါလော့။ အကျွန်ုပ်သည် သင့်ကို ဉာဏ်ပညာအကြောင်း သွန်သင်ပေးမည်”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 33: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: