ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးအုပ်သည် ကွဲလွင့်သွားရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ ဤည၌ သင်တို့အားလုံးသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက် အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “ကိုယ်တော်ကြောင့် အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စိတ်ပျက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။ ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။ ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူသေရလျှင်ပင် ကိုယ်တော်ကို လုံးဝမငြင်းပယ်ပါ”ဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ရှင်မဿဲခရစ်ဝင် 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 26:31-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ