YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:31-35

ရှင်မဿဲ 26:31-35 Judson Bible (JBMLE)

ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ သွား​မည်​ဟု မိန့်​တော်​မူ​သော်၊- ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင် ကြက်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ကို မ​ငြင်း​မ​ပယ်​ပါ​ဟု လျှောက်​ပြန်၏။ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။

ရှင်မဿဲ 26:31-35 Common Language Bible (BCL)

ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။- သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​နှင့်​အ​တူ သေ​ပင်​သေ​ရ​ပါ​စေ၊ ကိုယ်​တော်​ကို​မ​သိ​ဟု​ငြင်း ဆို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။ အခြား တ​ပည့်​တော်​တို့​သည်​လည်း​ဤ​နည်း​အ​တိုင်း လျှောက်​ထား​ကြ​၏။

ရှင်မဿဲ 26:31-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။ သို့သော် ငါ​သည် ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက် အလျင်​ဦးစွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “ကိုယ်တော်​ကြောင့် အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်လျှောက်​လေ​၏။ ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။