သုတ္တံကျမ်း 24
24
1မကောင်းမှုပြုသောသူတို့ကိုမငြူစူနှင့်။
သူတို့နှင့်ပေါင်းဖော်ရန်လည်း အလိုမရှိနှင့်။
2အကြောင်းမူကား သူတို့၏စိတ်နှလုံးသည် အကြမ်းဖက်မှုကို ကြံစည်တတ်၏။
သူတို့၏နှုတ်ခမ်းသည်လည်း ပြဿနာဖြစ်စေသောစကားကို ပြောဆိုတတ်၏။
3ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍
ထိုးထွင်းဉာဏ်အားဖြင့် ၎င်းကိုမြဲမြံစေရ၏။
4အသိပညာအားဖြင့် အခန်းများသည် အဖိုးတန်၍
နှစ်လိုဖွယ်ကောင်းသောစည်းစိမ်ဥစ္စာအပေါင်းတို့နှင့် ပြည့်ရ၏။
5ပညာရှိသောသူသည် အစွမ်းသတ္တိရှိ၏။
အသိပညာရှိသောသူသည်လည်း ခွန်အားတိုးပွားတတ်၏။
6အကယ်စင်စစ် သင်သည် လမ်းညွှန်မှုခံယူခြင်းအားဖြင့် သင်၏စစ်ပွဲကိုဆင်နွှဲရမည်။
အကြံပေးသူများစွာရှိခြင်းအားဖြင့် အောင်ပွဲရတတ်၏။
7ဆိုးမိုက်သောသူအတွက် ဉာဏ်ပညာသည် မြင့်မားလွန်း၏။
သူသည် မြို့တံခါး၌ မိမိနှုတ်ကိုမဖွင့်ပေ။
8ဆိုးညစ်သောအမှုပြုရန်ကြံစည်သောသူကို
အကြံသမားဟုခေါ်ကြလိမ့်မည်။
9မိုက်မဲဆိုးညစ်သောအကြံသည် အပြစ်ဖြစ်၏။
ပြက်ရယ်ပြုတတ်သောသူသည်လည်း လူတို့အတွက်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
10သင်သည် ဆင်းရဲဒုက္ခရောက်သောကာလ၌ စိတ်အားလျော့လျှင်
သင်၏ခွန်အားသည် နည်းလိမ့်မည်။
11သေရာသို့ခေါ်ဆောင်သွားခြင်းခံရသောသူတို့နှင့်
ကွပ်မျက်ရာသို့ဒယိမ်းဒယိုင်သွားနေသောသူတို့ကို ကယ်နုတ်လော့။
အကယ်၍ ထိုသို့မပြုဘဲ
12“ထိုအမှုကို ငါတို့မသိခဲ့ပါ”ဟု သင်ဆိုလျှင်လည်း
စိတ်နှလုံးတို့ကိုချိန်တွယ်တော်မူသောအရှင်သည်
ထိုအရာကိုမသိနားမလည်ဘဲနေမည်လော။
သင်၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သည်
မသိဘဲနေမည်လော။
ကိုယ်တော်သည် လူတို့အား မိမိလုပ်ဆောင်မှုနှင့်အညီ
မဆပ်ပေးဘဲနေမည်လော။#မ 16:27၊ ရော 2:6၊ 14:10၊ ၂ကော 5:10။
13ငါ့သား၊ ပျားရည်သည် ကောင်းသောကြောင့် စားသုံးလော့။
ပျားလပို့မှပျားရည်သည် သင်၏လျှာ၌ချိုမြိန်၏။
14ထိုနည်းတူ ဉာဏ်ပညာသည် သင်၏စိတ်ဝိညာဉ်အတွက် ချိုမြိန်ကြောင်းသိမှတ်လော့။
ဉာဏ်ပညာကို သင်တွေ့ရှိပါက သင့်အတွက် အနာဂတ်ရှိလိမ့်မည်။
သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်း ခံရလိမ့်မည်မဟုတ်။
15အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။
သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။
16အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲကျသော်လည်း ပြန်ထလိမ့်မည်။
ဆိုးယုတ်သောသူတို့မူကား ဘေးအန္တရာယ်ကြောင့် ကျရှုံးရလိမ့်မည်။
17သင်၏ရန်သူလဲကျသောအခါ ဝမ်းမြောက်ခြင်းမရှိနှင့်။
သူခလုတ်တိုက်သောအခါ၌လည်း သင်၏စိတ်နှလုံးရွှင်လန်းခြင်းမရှိစေနှင့်။
18ရှိလျှင်မူကား ထာဝရဘုရားသည်မြင်၍ မနှစ်မြို့သဖြင့်
မိမိ၏အမျက်တော်ကို သူ့ထံမှလွှဲဖယ်တော်မူလိမ့်မည်။
19ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။
ဆိုးယုတ်သောသူတို့ကိုမငြူစူနှင့်။
20အကြောင်းမူကား ဆိုးညစ်သောသူတို့အတွက် အနာဂတ်မရှိ။
ဆိုးယုတ်သောသူတို့၏မီးခွက်သည် ငြိမ်းသွားလိမ့်မည်။
21ငါ့သား၊ ထာဝရဘုရားနှင့်ရှင်ဘုရင်ကို ကြောက်ရွံ့လော့။
ဖောက်ပြန်ပြောင်းလဲသောသူတို့နှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။#၁ပေ 2:17။
22အကြောင်းမူကား ဘေးဒုက္ခသည် သူတို့ထံမှရုတ်တရက်ရောက်လာတတ်၏။
ထိုအရှင်နှစ်ပါးထံမှရောက်လာမည့်ဘေးဆိုးကို မည်သူသိနိုင်မည်နည်း။
23ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။
တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
24ဆိုးယုတ်သောသူအား “သင်သည် ဖြောင့်မတ်သည်”ဟု ပြောဆိုသောသူကို
လူတို့သည် ကျိန်ဆဲ၍ တိုင်းသူပြည်သားတို့သည် ရှုတ်ချကြလိမ့်မည်။
25သို့သော် ထိုဆိုးယုတ်သောသူကို ဆုံးမသောသူတို့သည်
ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။
ကြွယ်ဝသောကောင်းချီးမင်္ဂလာသည်လည်း
သူတို့အပေါ်သို့သက်ရောက်လိမ့်မည်။
26မှန်ကန်စွာဖြေကြားသောသူသည်
နှုတ်ခမ်းကိုနမ်းသောသူဖြစ်၏။
27အပြင်၌ သင်၏အလုပ်ကို ပြင်ဆင်၍ လယ်ယာ၌
အရာရာကို သင့်အတွက်အဆင်သင့်ပြင်ထားလော့။
ထို့နောက်မှ သင့်အိမ်ကိုဆောက်လော့။
28အကြောင်းမရှိဘဲ သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ သက်သေမထွက်ဆိုနှင့်။
သင်၏နှုတ်ခမ်းဖြင့် မလှည့်စားနှင့်။
29“ငါ့အပေါ်သူပြုခဲ့သည့်အတိုင်း သူ့အပေါ်ငါပြုမည်။
သူ၏လုပ်ဆောင်မှုနှင့်အညီ သူ့ကို ငါတုံ့ပြန်မည်”ဟု မဆိုနှင့်။#သု 20:22၊ ၁ပေ 3:9။
30ငါသည် ပျင်းရိသောသူ၏လယ်ယာနား၊
အသိစိတ်မရှိသောသူ၏စပျစ်ခြံနားမှ ဖြတ်သွားရာ
31ကြည့်ရှုလော့။ ဆူးပင်များအပြည့်ပေါက်လျက်
တစ်ပြင်လုံးပေါင်းပင်များဖုံးလွှမ်းကာ
၎င်း၏ကျောက်တံတိုင်းလည်း ပြိုပျက်လျက်ရှိ၏။
32ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍
ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။
33ခဏအိပ်လျက်၊ ခဏငိုက်လျက်၊
ခဏလက်ပိုက်အနားယူလျက်နေစဉ်
34ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊
ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း
သင့်ထံသို့ရောက်လာလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 24: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: