သုတ္တံကျမ်း 28
28
1ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။
ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
2တိုင်းပြည်၌အပြစ်ကျူးလွန်ခြင်းရှိသောအခါ အုပ်ချုပ်သူများပြားလာတတ်၏။
သို့သော် သိမြင်နားလည်တတ်သောသူအားဖြင့် တိုင်းပြည်သည် ကြာရှည်တည်တံ့လိမ့်မည်။
3ဆင်းရဲသောသူတို့ကိုနှိပ်စက်သော ဆင်းရဲသားသည်
မည်သည့်အစားအစာမျှမကျန်အောင် တိုက်ချသွားသောမိုးရေနှင့်တူ၏။
4ပညတ်တရားကိုစွန့်ပယ်သောသူတို့သည် ဆိုးယုတ်သောသူကိုချီးမွမ်းတတ်၏။
ပညတ်တရားကိုစောင့်ထိန်းသောသူတို့မူကား ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်တတ်၏။
5မကောင်းမှုပြုသောသူတို့သည် တရားမျှတမှုကိုနားမလည်ကြ။
ထာဝရဘုရားကိုရှာသောသူတို့မူကား အပြည့်အဝနားလည်ကြ၏။
6တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသောသူသည်
ကွေ့ကောက်သောလမ်းကိုလိုက်သည့် ချမ်းသာသောသူထက် ပို၍ကောင်း၏။
7ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူသည် အသိဉာဏ်ရှိသောသားဖြစ်၏။
အစားကြူးသောသူများနှင့်ပေါင်းဖော်သောသူကား မိမိဖခင်ကိုအရှက်ရစေတတ်၏။
8အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည်
ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။
9တစ်စုံတစ်ဦးသည် ပညတ်တရားကိုနာယူနာခံခြင်းမရှိလျှင်
သူ၏ဆုတောင်းချက်သည်ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
10ဖြောင့်မှန်သောသူကို မကောင်းသောလမ်းထဲသို့ လမ်းလွဲစေသောသူသည်
မိမိ၏တွင်းထဲသို့ မိမိကိုယ်တိုင်ကျလိမ့်မည်။
အပြစ်တင်စရာမရှိသောသူတို့မူကား
ကောင်းသောအရာကို အမွေဆက်ခံရကြလိမ့်မည်။
11ချမ်းသာသောသူသည် ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု ထင်မြင်တတ်၏။
သို့သော် အသိဉာဏ်ရှိသောဆင်းရဲသားသည် သူ့ကိုစစ်ကြောလိမ့်မည်။
12ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။
ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
13မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည်
ကြီးပွားမည်မဟုတ်။
ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား
ကရုဏာတော်ကိုခံစားရလိမ့်မည်။
14ဩတ္တပ္ပစိတ်အစဉ်အမြဲရှိသောသူသည် မင်္ဂလာရှိ၏။
မိမိ၏စိတ်နှလုံးကိုမာကျောစေသောသူမူကား ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
15ဆင်းရဲသောပြည်သူပြည်သားတို့ကို အုပ်စိုးသည့်ဆိုးယုတ်သောမင်းသည်
ဟောက်သောခြင်္သေ့၊ သို့မဟုတ် တစ်ဟုန်ထိုးတိုက်ခိုက်သောဝက်ဝံနှင့်တူ၏။
16ထိုးထွင်းဉာဏ်ကင်းမဲ့သောအုပ်ချုပ်သူမင်းသည် အလွန်ဖိနှိပ်ညှဉ်းပန်းတတ်၏။
မတရားသောအကျိုးစီးပွားကိုရွံမုန်းသောသူသည် အသက်ရှည်လိမ့်မည်။
17လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည်
သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။
မည်သူမျှသူ့ကိုမထောက်မစေနှင့်။
18အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
19မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား ဆင်းရဲခြင်းနှင့်ပြည့်ဝလိမ့်မည်။
20သစ္စာရှိသောသူသည် ကောင်းချီးမင်္ဂလာများစွာခံစားရလိမ့်မည်။
အလျင်စလိုချမ်းသာကြွယ်ဝလိုသောသူမူကား အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
21မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
သို့သော် လူသည် မုန့်တစ်လုတ်စာအတွက် အပြစ်ကျူးလွန်တတ်၏။
22စေးနှဲသောသူသည် စည်းစိမ်ဥစ္စာရရန် အလျင်စလိုလုပ်ဆောင်သော်လည်း
ဆင်းရဲခြင်းသည် သူ့ထံသို့ရောက်လာမည်ကို သူမသိချေ။
23လူကိုဆုံးမသောသူသည် နောက်ဆုံးတွင်
မြှောက်ပင့်ပြောဆိုသောသူထက် ပို၍မျက်နှာရလိမ့်မည်။
24မိမိ၏ဖခင်၊ သို့မဟုတ် မိခင်၏ဥစ္စာကိုလုယူပြီးမှ
ငါအပြစ်ကျူးလွန်သည်မဟုတ်ဟု ပြောဆိုသောသူသည် အဖျက်သမား၏အပေါင်းအဖော်ဖြစ်၏။
25လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
26မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။
ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
27ဆင်းရဲသောသူတို့အား ပေးကမ်းသောသူသည် ချို့တဲ့နွမ်းပါးလိမ့်မည်မဟုတ်။
မျက်ကွယ်ပြုသောသူမူကား များစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်။
28ဆိုးယုတ်သောသူတို့ခေါင်းထောင်လာသောအခါ
လူတို့သည် ပုန်းရှောင်တတ်ကြ၏။
သူတို့ပျက်စီးသွားသောအခါ၌မူကား
ဖြောင့်မတ်သောသူတို့သည် တိုးပွားကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 28: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: