သုတ္တံကျမ်း 27
27
1မနက်ဖြန်အတွက် မဝါကြွားနှင့်။
အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။#ယာ 4:14။
2သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊
သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
3ကျောက်ခဲသည်လေး၍ သဲသည်အချိန်စီး၏။
သို့သော် ဆိုးမိုက်သောသူ၏အမျက်ဒေါသသည် ထိုအရာနှစ်ပါးထက် ပို၍လေး၏။
4အမျက်ဒေါသသည် ရက်စက်၍ အမျက်သည် လွှမ်းမိုးတတ်၏။
သို့သော် မနာလိုဝန်တိုမှုရှေ့၌ မည်သူခံရပ်နိုင်မည်နည်း။
5ပွင့်လင်းစွာဆိုဆုံးမခြင်းသည်
လျှို့ဝှက်စွာချစ်ခြင်းထက် ပို၍ကောင်း၏။
6မိတ်ဆွေပေးသောဒဏ်ရာများသည် သစ္စာနှင့်ယှဉ်၏။
ရန်သူပေးသောအနမ်းများမူကား လှည့်စားခြင်းနှင့်ယှဉ်၏။
7အစာဝသောသူသည် ပျားလပို့မှပျားရည်ကိုပင် နင်းချေတတ်၏။
ဆာလောင်မွတ်သိပ်သောသူအတွက်မူကား ခါးသောအရာရှိသမျှသည် ချိုမြိန်နေတတ်၏။
8မိမိအိမ်မှထွက်သွား၍ လှည့်လည်သွားလာသောသူသည်
မိမိ၏အသိုက်မှထွက်သွား၍ လှည့်လည်သွားလာသောငှက်နှင့်တူ၏။
9နံ့သာဆီနှင့်နံ့သာပေါင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။
မိတ်ဆွေထံမှနှစ်လိုဖွယ်ကောင်းသောအရာကား စေတနာစိတ်ဖြင့် သူပေးသောအကြံဉာဏ်ဖြစ်၏။
10သင်၏မိတ်ဆွေနှင့် သင့်ဖခင်၏မိတ်ဆွေကို မစွန့်ပယ်နှင့်။
သင်ဘေးဒုက္ခရောက်ချိန်၌ သင်၏ညီအစ်ကိုအိမ်သို့မသွားနှင့်။
အနီး၌ရှိသောအိမ်နီးချင်းသည်
အဝေး၌ရှိသောညီအစ်ကိုထက် ပို၍ကောင်း၏။
11ငါ့သား၊ ဉာဏ်ပညာရှိလော့။ ငါ၏စိတ်နှလုံးကိုလည်း ဝမ်းမြောက်စေလော့။
သို့ပြုလျှင် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူအား တုံ့ပြန်ပြောဆိုနိုင်လိမ့်မည်။
12ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။
အသိဉာဏ်နည်းပါးသောသူသည် ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
13သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကို ယူထားလော့။
ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
14နံနက်စောစောထ၍ မိမိ၏အိမ်နီးချင်းကို ကျယ်လောင်သောအသံနှင့် ကောင်းချီးပေးသောသူသည်
ကျိန်ဆဲနေသည်ဟု မှတ်ယူခြင်းခံရလိမ့်မည်။
15ငြင်းခုံရန်တွေ့တတ်သောမယားသည် မိုးရွာသောနေ့တွင်
အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။
16သူ့ကိုထိန်းချုပ်ရခြင်းသည် လေကိုထိန်းချုပ်ခြင်း၊
သို့မဟုတ် ဆီကိုလက်ယာလက်ဖြင့် ဆုပ်ထားခြင်းနှင့်တူ၏။
17သံသည် သံကိုထက်စေသကဲ့သို့ လူသည်လည်း
အခြားသောသူကိုထက်မြက်စေတတ်၏။
18သဖန်းပင်ကိုထိန်းသိမ်းစောင့်ရှောက်သောသူသည် သဖန်းသီးကိုစားရလိမ့်မည်။
မိမိ၏သခင်ကို စောင့်ရှောက်သောသူသည် ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
19ရေမျက်နှာပြင်သည် လူ၏မျက်နှာကိုထင်ဟပ်စေသကဲ့သို့
လူ၏စိတ်နှလုံးသည်လည်း လူကိုထင်ဟပ်စေတတ်၏။
20မရဏာနိုင်ငံနှင့် ပျက်စီးခြင်းနိုင်ငံသည် မည်သည့်အခါမျှအလိုမပြည့်စုံသကဲ့သို့
လူ၏မျက်စိသည်လည်း မည်သည့်အခါမျှအလိုမပြည့်စုံတတ်။
21ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်ရ၏။
လူကိုကား သူခံရသောချီးမွမ်းစကားဖြင့် စစ်ရ၏။
22ဆိုးမိုက်သောသူကို ဂျုံစေ့နှင့်အတူ ဆုံထဲထည့်၍ ကျည်ပွေ့နှင့်ထောင်းသော်လည်း
သူ၏မိုက်မဲမှုသည် သူ့ထံမှဖယ်ခွာလိမ့်မည်မဟုတ်။
23သင့်သိုးစု၏အခြေအနေတို့ကို ကောင်းစွာသိရှိပြီး
သင်၏စိတ်ကိုတိရစ္ဆာန်အုပ်အပေါ် စူးစိုက်ထားလော့။
24အကြောင်းမူကား စည်းစိမ်သည် အစဉ်အမြဲတည်သည်မဟုတ်။
ရာဇသရဖူသည်လည်း မျိုးဆက်အစဉ်အဆက် တည်သည်မဟုတ်။
25မြက်ပင်ကိုရှင်းပြီးနောက် မြက်နုများပေါက်လာတတ်၏။
တောင်များပေါ်မှ အပင်တို့ကို စုသိမ်းပြီးသောအခါတွင်
26သိုးငယ်တို့သည် သင်၏အဝတ်တန်ဆာအတွက်ဖြစ်ပြီး
ဆိတ်ထီးတို့သည် လယ်ယာအတွက်အဖိုးအခဖြစ်ကြလိမ့်မည်။
27ဆိတ်နို့သည်လည်း သင်စားဖို့၊
သင့်အိမ်သူအိမ်သားများစားဖို့နှင့်
သင့်အစေခံမိန်းကလေးများကိုကျွေးဖို့ အလုံအလောက်ရှိလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: