သုတ္တံကျမ်း 6
6
ငွေကြေးဆိုင်ရာရှုပ်ထွေးမှု
1ငါ့သား၊ သင်သည် သင်၏အိမ်နီးချင်းအတွက် အာမခံမိ၍
သူစိမ်းအတွက် တာဝန်ခံမိလျှင်
2ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
3ယခုသင်သည် သင်၏အိမ်နီးချင်းလက်သို့ ကျရောက်လေပြီ။
ထို့ကြောင့် ငါ့သား၊ ဤသို့ပြု၍ ကိုယ့်ကိုယ်ကိုယ်ကယ်နုတ်လော့။
သင်၏အိမ်နီးချင်းထံသွား၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလျက်
ကြပ်ကြပ်တောင်းပန်လော့။
4သင့်မျက်စိကို အိပ်စက်ခွင့်မပြုနှင့်။
သင့်မျက်လွှာကိုလည်း ပိတ်ခွင့်မပြုနှင့်။
5ဒရယ်သည် အမဲလိုက်သူလက်မှလည်းကောင်း၊
ငှက်သည် ငှက်မုဆိုးလက်မှလည်းကောင်း လွတ်မြောက်သကဲ့သို့
ကိုယ့်ကိုယ်ကိုယ်လွတ်မြောက်အောင်ပြုလော့။
ပျင်းရိခြင်း
6အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍
၎င်း၏လုပ်ဆောင်မှုတို့ကိုကြည့်ရှုဆင်ခြင်လျက် ဉာဏ်ပညာရှိလော့။
7ပုရွက်ဆိတ်သည် ဦးစီးဦးဆောင်သူမရှိ၊
ကြီးကြပ်သူမရှိ၊ အုပ်စိုးသူလည်းမရှိဘဲလျက်
8နွေရာသီ၌ မိမိအစားအစာကိုပြင်ဆင်၍
ရိတ်သိမ်းချိန်၌ မိမိစားစရာကို ရှာဖွေစုဆောင်းတတ်၏။
9အချင်းလူပျင်း၊ သင်သည် မည်မျှကြာအောင် အိပ်လျက်နေမည်နည်း။
မည်သည့်အချိန်မှ အိပ်ရာထမည်နည်း။
10ခဏအိပ်လျက်၊ ခဏငိုက်လျက်၊
ခဏလက်ပိုက်အနားယူလျက်နေစဉ်
11ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊
ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း
သင့်ထံသို့ရောက်လာလိမ့်မည်။
ဆိုးညစ်ယုတ်ညံ့သူ
12ဆိုးညစ်သောသူနှင့် ယုတ်ညံ့သောသူသည်
ကောက်ကျစ်သောနှုတ်ဖြင့်လှည့်လည်သွားလာကာ
13မျက်စိကိုမှိတ်ပြလျက်၊ ခြေဖြင့်အမှတ်ပြုလျက်၊
လက်ချောင်းတို့ဖြင့်အချက်ပေးလျက်၊
14ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက်
ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
15ထို့ကြောင့် ဘေးဒုက္ခသည် သူ့အပေါ်ရုတ်တရက်ကျရောက်သဖြင့်
သူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ဘုရားသခင် မုန်းတော်မူသောအရာများ
16ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက
ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
17ထောင်လွှားသောမျက်နှာ၊ မုသားသုံးသောလျှာ၊
အပြစ်ကင်းသောသူကိုသတ်ဖြတ်သောလက်၊
18ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊
မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
19လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့်
ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
အိမ်ထောင်ရေးမဖောက်ပြန်အောင် သတိပေးခြင်း
20ငါ့သား၊ သင့်ဖခင်၏ပညတ်ချက်ကို လိုက်နာကျင့်သုံးလော့။
သင့်မိခင်၏သွန်သင်ချက်ကို မပစ်ပယ်နှင့်။
21၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍
သင်၏လည်ပင်း၌ဆွဲထားလော့။
22၎င်းတို့သည် သင်သွားလာသောအခါ သင့်ကိုပို့ဆောင်လိမ့်မည်။
သင်အိပ်သောအခါ သင့်ကိုစောင့်ရှောက်လိမ့်မည်။
သင်နိုးသောအခါ သင့်ကိုစကားပြောလိမ့်မည်။
23အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။
ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
24မကောင်းသောမိန်းမ၏ဘေးရန်မှလည်းကောင်း၊
ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ချော့မြှူသောစကားမှလည်းကောင်း
သင့်ကိုစောင့်ရှောက်လိမ့်မည်။
25သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။
သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
26အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။
လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
27လူသည် မိမိအဝတ်ကို မလောင်စေဘဲ
မိမိရင်ခွင်၌ မီးကိုပွေ့ပိုက်နိုင်မည်လော။
28သို့မဟုတ် သူသည် မိမိခြေကို မလောင်မြိုက်စေဘဲ
မီးခဲပေါ်တွင် လမ်းလျှောက်နိုင်မည်လော။
29မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။
ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
30သူခိုးသည် ဆာလောင်မွတ်သိပ်သောကြောင့် အငတ်ပြေစေရန် ခိုးယူခဲ့လျှင်
လူတို့သည် သူ့ကိုမထီမဲ့မြင်ပြုကြမည်မဟုတ်။
31သို့သော် သူသည် အဖမ်းခံရလျှင် ခုနစ်ဆပြန်လျော်ရမည်။
မိမိအိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပင် ပေးရမည်ဖြစ်၏။
32သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။
ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
33ထိုသူသည် ရိုက်နှက်ခြင်းနှင့် အရှက်ခွဲခြင်းကိုခံရလိမ့်မည်။
သူခံရသောကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း
မည်သည့်အခါမျှပျောက်ပျက်သွားမည်မဟုတ်။
34အကြောင်းမူကား သဝန်တိုမှုသည် ခင်ပွန်းသည်ကို အမျက်ဒေါသထွက်စေသဖြင့်
သူသည် လက်စားချေသောနေ့၌ ညှာတာလိမ့်မည်မဟုတ်။
35မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။
များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: